SJ WorldNews - шаблон joomla Авто

ကျွန်တော့်မှတ်တမ်း ကျွန်တော့်မှာတမ်း

Tuesday, 09 January 2018 12:18 Written by  font size decrease font size decrease font size increase font size increase font size

တောင်ငူကိုသိမ်းပိုက်ပြီး တောင်ငူမှ ထန်းတပင်မြို့သိမ်းရန် မြတ်စောညီနောင် ဘုရားလမ်းခွဲရှိ ရွှေလောင်းတံတားကို ဗိုလ်ချုပ်ကျော်ဇောနှင့် ဘီအီးမှဗိုလ်ကြီးတင်အောင်တို့ Rekee လုပ်သည်။ စာရေးသူလည်း ပါခဲ့သည်။

KNDO များက ရုတ်တရက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ကြပြီး ဗိုလ်ချုပ်ကျော်ဇောကို ပေါင်တွင်ထိမှန်ပြီး ဗိုလ်ကြီးတင်အောင်ကို မျက်စိမှန်သွားသည်။

ဗိုလ်ချုပ်ကျော်ဇောကို ချက်ချင်းဆေးရုံသို့ပို့ပြီး ဗိုလ်ကြီးတင်အောင်မှာ မျက်စိမမြင်တော့သဖြင့် စာရေးသူက ဆက်လက်တာဝန်ယူလိုက်သည်။ ဗိုလ်ချုပ်ကျော်ဇော ပေါင်မှန်ပြီး ဆေးရုံတင်လိုက်ရသဖြင့် ဗိုလ်ချုပ်တင်ဖေ လာရောက်ကွပ်ကဲသည်။ ဘီအီးမှဗိုလ်ကြီးတင်အောင် မျက်စိကိုဗုံးဆန်ထိသဖြင့် စာရေးသူကပင် သောက်ရေခပ်ချောင်းကြီးကို ညတွင်းချင်းအပြီး တံတားထိုးရန် ဆက်လုပ်ခဲ့သည်။ ဤကဲ့သို့ ဗိုလ်ချုပ်ကျော်ဇောနှင့်အတူ ဗုံးဆန်ထိခဲ့သူ ဘီအီးမှ ဗိုလ်ကြီးတင်အောင် သူရဘွဲ့ရခဲ့ကြောင်း၊ လိုရင်းတိုရှင်းကို ရေးခြင်းပါ။ ယခု KNDO များ ဘာလုပ်နေသည်ကို ဆက်ရေးမည်။

၁၄-၆-၁၉၄၉ ရက်တွင် ကရင်တော်လှန်ရေးအစိုးရ ဖွဲ့စည်းခြင်း

စောဘဦးကြီး ဦးစီးသည်။ တောင်ငူမှ စောဘဦးကြီးနှင့် စကောမောလေတို့ ကွပ်ကဲကြသည်။ မြစ်ဝကျွန်းပေါ်တွင် မန်းဘဇံနှင့်စောဟံတာသာမွေးတို့ ကွပ်ကဲကြောင်း သတင်းများရရှိသည်။ ဒါတွေသိတာလည်း အရာရှိများ အစည်းအဝေးတွင် ဘီအီးတပ်ဆွယ်အနေနဲ့ မိမိတတ်နေသဖြင့် သိရခြင်းပါ။ မိမိက နေ့စဉ်မှတ်တမ်းမှာ မှတ်သားထားသည်။ ထိုနေ့စဉ်မှတ်တမ်း ယခုထိရှိသည်။

၁၉၄၉ ခုနှစ် ဇူလိုင် ၃ ရက် ဗိုလ်ချုပ်ကြီးနေဝင်းသည် လန်ဒန်သို့သွားခဲ့သည်။ လိုက်ပါသူများမှာ ဗိုလ်မှူးကြီှး ခင်သံအမတ်ကြီးဦးလှမောင်၊ သံအမတ်ကြီးဦးအုံးတို့ ပါသည်။ ဆာဝီလျံစလင်း၊ ဗြိတိသျှ စစ်ဦးစီးချုပ်ဘားနမ်းအဲမင်း၊ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်ဒါ ကာကွယ်ရေးဝန်ကြီး အင်္ဂလိပ်အစိုးရမှ ငွေချေးရန် သဘောတူသည်ဟု ရေးထားသည်။ (လျှို့ဝှက်ကိစ္စ) ဝန်ကြီးချုပ်ဦးနုသည် အိန္ဒိယနှင့်ပါကစ္စတန်သို့ သွားသည်။ ရိုင်ဖယ်ကျည်ဆန်များ ရောင်းချပေးသည်ဟု ဒိုင်ယာရီတွင် မှတ်တမ်းတင် ထားသည်။

(လျှို့ဝှက်ကိစ္စ)စာရှုသူခင်ဗျာ ဗိုလ်ချုပ်ကြီးနေဝင်းကို ဗြိတိသျှက ငွေချေးရန် သဘောတူသည်ကို ဦးနုက အိန္ဒိယရိုင်ဖယ် ကျည်ဆန်များ ရောင်းချပေးသည် ဆိုသည်မှာ ပြောင်းပြန်တွေ့မြင်ရသည်။ ၁၉၄၉ ခုနှစ် အခြေအနေကကိုယ့်နိုင်ငံအတွက် ရန်ကုန်အစိုးရမှ လွတ်အောင်ကြိုးစား နေကြရသည်ကို သိကောင်းကြသည်။

၁၁-၇-၁၉၄၉ ရက်တွင် ရန်ကုန်ဘီအီးစစ်မြေပြင် တပ်ခွဲနေရာမှ ဒိုက်ဦးမြို့ရှိ KNDO များကို တိုက်ရန်ပြင်ဆင်ခြင်း

တောင်ငူသို့ချီတက်မည်။ စစ်ဆင်ရေးတွင် ဗိုလ်ချုပ် ကျော်ဇော ဦးစီးမည်ဟုလည်း သိရှိခဲ့ရသည်။ ဗိုလ်ချုပ်ကျော်ဇော ဦးစီးမည့် ''မိုးကြိုး''စစ်ဆင်ရေးတွင် ဘီအီးတပ်မှဒိုက်ဦးမှ ဆုတ်ခွာစဉ် စာရေးသူချိုးပစ်ခဲ့သော တံတားနှစ်စင်းကို ၃၃ တန်ရှိ ရှားပင်တင့်ကားကြီးများ ကူးနိုင်ရန် တံတားဆောက်ရတော့မည်ဖြစ်သည်။

ထိုအတွက်  ဘီအီးတပ်မှရှေ့တန်းတွင်  တပ်စုမှူး လိုအပ်လာသည်။ ဗိုလ်ကြီးတင်အောင် (နောင်တွင် ဗိုလ်မှူးသူရတင်အောင်) ဦးစီးမည်ဖြစ်သည်။ သို့သော်လည်း ဗိုလ်ကြီးတင်အောင်မှာ အခြားစစ်မြေအတွက် တာဝန်များရှိသဖြင့် ရန်ကုန်တွင်နေခဲ့ရသည်။

စာရေးသူတပ်ကြပ်ကြီးအေးစန်နှင့် ဘီအီးတံတား ဆောက်လုပ်နိုင်မည့် ဘီအီးတပ်စုအင်အား ၆၃ ဦးနှင့် တောင်ငူသိမ်းရန် ဆက်ချီတက်ရပါတော့မည်ဖြစ်သည်။

အခန်း(၂၃-က)

ဇာတိမာန်တင့်ကား

၁၁-၇-၁၉၄၉ ရက်တွင် စာရေးသူသည် တောင်ငူကြောင်းချီ စတင်ရေးတွင် မိုင်းတပ်စိတ်မှူးဘဝမှ တပ်မတော်သုံး ဘေလီသံပေါင်တံတားကို ၃၃ တန်ရှားမင်းတင်ကူးနိုင်အောင် လုပ်ရတော့မည်။ တပ်ကြပ်ကြီးအေးစန် တာဝန်ယူရတော့မည်ဖြစ်သည်။ ဘေလီတံတားဖြင့် ၃၃ တန်လေးသော ရှားမင်းတင်ကူးရန် တံတားပစ္စည်းတင်သော သုံးတန်ကားကြီး ၁၁ စီးဖြင့် ရန်ကုန် ဗီ လမ်းရှိ ဘီအီး

စစ်မြေပြင်တပ်ခွဲဌာနချုပ်မှ ပဲခူးမြို့ ကလိဂိတ်ဘီအီးတပ်ဖွဲ့သို့ စစ်သည် ၆၃ ဦးနှင့်အတူ နံနက် ၆ နာရီတွင် ထွက်ခဲ့သည်။

ဘီအီးတောင်ငူကြောင်းချီတပ်စုတွင် ပါဝင်သောဘီအီး အရာရှိများမှာ ပထမ ဗိုလ်ကြီးတင်အောင်၊ ဒဏ်ရာရဆေးရုံတက်သောအခါ ဗိုလ်ကြီးမျိုးမြင့်(နောင်-ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်-ဒုတိယဝန်ကြီး-လယ်/သစ်ဝန်ကြီးဌာန) တို့ဖြစ်သည်။

တောင်ငူကြောင်းချီ-ဘီအီးတပ်စုဖွဲ့စည်းပုံ ဗိုလ်ကြီးတင်အောင်/ဗိုလ်ကြီးမျိုးမြင့်။ စုစုပေါင်း ၆၃ ဦးဖြစ်သည်။ နှစ်ပေါင်း ၆၅ နှစ်ရှိပြီး ဖြစ်၍ နာမည်မပါသူများခွင့်ပြုကြပါ။ ဒိုင်ယာရီပါနေ့စဉ် မှတ်တမ်းမှ ပြန်လည်ရေးရခြင်းဖြစ်၍ အားလုံးမဖော်ပြနိုင်တော့ပါ။ အကယ်၍ အသက်မသေသေးဘဲ ရှိနေသေးပါလျှင် အသက် ၈ဝ ကျော်ကြသော်လည်း စာဖြင့် ဆက်သွယ်ကြပါရန် မေတ္တာရပ်ခံသည်။

၁၂-၇-၁၉၄၉ ရက် ပဲခူးမြို့မြောက်ဘက် ကလိဂိတ်ရှိ တောင်ကုန်းတွင် ကလိတံတားပစ္စည်းများ သန့်ရှင်းရေး လုပ်ကြခြင်း၊ ဒုတိယအကြိမ်မှာ KNDO များက တိုက်ရန် မိမိတို့မှခွာစစ်ဆင်စဉ်က ချိုးခဲ့သော တံတားနှစ်စင်းရှိသည်။

တစ်စင်းမှာ ၂၉-၄-၁၉၄၉ ရက်ကချိုးခဲ့သော ပျဉ်းမပင်တံတားမှာ နေ့ခင်းအချိန် ပေ ၂ဝ လောက်သာဖျက်ထားသဖြင့် လွယ်လွယ်နှင့်နေ့ချင်းပြီး ၃၃ တန်ရှိ ရှားမင်းတင် ကူးနိုင်အောင် လုပ်နိုင်သည်။

ထိုအချိန်က တပ်မတော်သံချပ်ကာ တပ်ဖွဲ့တွင် ၃၃ တန်ရှိရှားမင်းတင် အမျိုးအစား နှစ်စီးသာရှိသည်။ အင်းစိန်တိုက်ပွဲတွင် လက်သံပြောင်သော တင့်ကားအကြီးဆုံး ဖြစ်သည်။ S.1နှင့် S.2နှစ်စီးသာရှိသည်။ ယခုလည်း တောင်ငူချီစစ်ဆင်ရေးတွင S.1နှင S.2တို့ဦးဆောင်မည် သိထားသည်။ ထို S.1နှင့် S.2ကို ဒိုက်ဦးမြို့ရှိ KNDO များကို ချေမှုန်းနိုင်ရန်မှာ စာရေးသူပထမဆုံး ၂၄-၄-၁၉၄၉  ရက်က ချိုးပစ်ခဲ့သော  ခြောက်လောင်း တံတားခေါ်  ပေ  ၇ဝ ရှိ အကြောင်ရွာတံတားဖြစ်သည်။

၁၃-၇-၁၉၄၉ ရက်တွင် ပဲခူးမြို့မြောက်ဘက် ကလိဂိတ် ဘီအီးတပ်စု ညအချိန် ကလိတံတားကို

အလေ့အကျင့်လေ့ကျင့်ခြင်း

ဘီအီးတပ်သားများမှာ    ဘေလီတံတားတို့သည် အလေ့အကျင့်ကို  တပ်သားသစ်ဘဝကသာ သင်ယူခဲ့ရသော်လည်း အလေ့အကျင့် မရှိသည်မှာကြာလှပြီဖြစ်သည်။

ညအချိန်အသံမကြားစေရန် ပေ ၇ဝ ရှိတံတားဆောက်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။

 

ဆက်လက်ဖော်ပြပါမည်။

Read 326 times
Rate this item
(0 votes)
Last modified on Tuesday, 09 January 2018 12:19