SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Monday, 18 September 2017 09:35 Written by  font size decrease font size decrease font size increase font size increase font size

ဗကပ ပုံးထုံစခန်း တိုက်ပွဲ

ခလရ(၄) တစ်ရင်းလုံး နောက်တန်း ပြန်နားရန် နမ့်ခမ်းမှ ယာဉ်တန်းဖြင့် ထွက်ခွာလာရာ ကွတ်ခိုင်ဗျူဟာသို့ နေ့လယ် ရောက်ရှိသည်။ ကွတ်ခိုင်ဗျူဟာတွင် မိမိတို့တပ်ရင်း စစ်ဆင်ရေး ဆက်ဝင်ရမည် ဖြစ်ကြောင်း၊ တိုင်းမှူးက မိမိတပ်ရင်း ရွေးချယ်၍ ရန်သူစခန်း တိုက်ရ မည်ဖြစ်ကြောင်း၊ ကွမ်းလုံဗျူဟာ ကွပ်ကဲမှု အောက်ဖြစ်ပြီး နမ့်ဆလပ်သို့ ချီတက်၍ ကွမ်းလုံဗျူဟာသတင်းပို့ရန် ဖြစ်ကြောင်း သိရသည်။ ယာဉ်တန်းဖြင့် သိန္နီမှတစ်ဆင့် နမ့်ဆလပ်သို့ ထွက်ခွာလာရာ ည နေ ၅ နာရီခန့် နမ့်ဆလပ်သို့ ရောက်ရှိသည်။ နားတီးစခန်းသို့ ည ၉ နာရီ ခန့် ရောက်ပြီး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမောင်ထံ သတင်းပို့သည်။ ဗျူဟာမှူးက မြေပုံနှင့်ထောက်ပြ၍ ဗကပ တပ်မဟာ (၁၂) နှင့် လက်အောက်ခံ ဗကပ တပ်ရင်း ဝ၁၈/ရင်း ၉ အင်အား ၃ဝဝ ခန့် သံလွင်အနောက်ဘက်ခြမ်းပုံးထုံ၊ နားချိုင်ဒေသ အခြေပြု၍ မုံးကျက် မန်မတ် ဒေသအထိ လှုပ်ရှားလျက်ရှိကြောင်း၊ ပုံးထုံတွင် အခိုင်အမာစခန်းနှင့် နေမည်ဟု သတင်းရရှိကြောင်း၊ မိမိတပ်ရင်း မုံးကျက်သို့ ချီတက်ပြီး သတင်းအရ တိုက်ရမည်ဖြစ်ကြောင်း ညွှန်ကြားသည်။

တစ်ဆက်တည်း ဗျူဟာမှူးက အရေးကြီး စစ်ဆင်ရေးဖြစ်ပြီး ခလရ-၄ကို တိုင်းမှူး ရွေးချယ် တာဝန်ပေးခြင်းဖြစ်ကြောင်း၊ တပ်ရင်းမှူးမှသာ လိုအပ်သလို စီစဉ်တိုက်ရန် ဖြစ်ကြောင်း မှာကြားသည်။ နမ့်ဆလပ်သို့ ပြန်ခဲ့သည်။ နမ့်ဆလပ်သို့ ည ၁၂ နာရီခန့်ပြန်ရောက်ပြီး ခေတ္တ အိပ်သည်။ နံနက် ၅ နာရီ နမ့်ဆလပ်မှ ထွက်ခွာလာရာ ညနေပိုင်း မုံး ကျက်နှင့် ၅ မိုင်ခန့်အလို တောင်ကြောအတိုင်း ရှင်းလင်းချီတက်လာခဲ့ရာ လူသွားလမ်းအား ကန့်လန့် ဖြတ်လဲနေသော လုံးပတ် ၈  ပေခန့်ရှိ သစ်ပင်ကိုတွေ့တော့ ဝန်ထမ်းများ၊ လား၊ မြင်းများအလွယ်တကူ ကျော်သွားနိုင်သော်လည်း ဝန်တင်နွားမသွားနိုင်ဖြစ်သည်။

လမ်းပြအားမေး၍ သုံးနှစ် လေးနှစ်ခန့်က သစ်ပင်လဲနေတာဖြစ်ပြီး ဝန်တင်နွားမသွားနိုင်ကြောင်း ပြောရာရင်းမှူးက လမ်းကြောင်း သေသေချာချာ မမေးသောကြောင့် လက်မောင်းကို ခပ်ဆတ်ဆတ်တစ်ချက်ထိုး ပညာပေးသည်။ လား၊ မြင်းသွားနိုင်သော်လည်း ဝန်တင်နွား သွားနိုင်၊ မသွားနိုင်မေးရန် လိုကြောင်း ပညာရသည်။ မုံးကျက်သို့ ညနေ ၆ နာရီခန့်ရောက်ရှိပြီး စစ်ကြောင်းတပ်ခွဲများ နေရာချပေးသည်။ မုံးကျက်ရွာကြီး၏ စော်ဘွားအိမ်သို့ ရောက်ရှိရာ ၎င်းအိမ်တွင် စော်ဘွားမရှိ။ ကျန်မိသားစုသာတွေ့သည်။ စော်ဘွား၏ ညီမဖြစ်သူ တွေ့ သည်။ ချောမောပြေပြစ်သူဖြစ်သည့်အပြင် သွက်လက်သူဖြစ်၍ သူ့ကိုသတင်းမေးရသည်။

မိမိစစ်ကြောင်းရုံး ထောက်လှမ်းရေးအဖွဲ့မှ တပ်သား တင်ထွဋ်က ရွာလူကြီးခေါ်ခိုင်းရာ ၎င်းအမျိုးသမီးက ရွာလူကြီးအမည်ပြော၍ ရွာသားတစ်ဦးအား ခေါ်ခိုင်းသည်။ အထမ်းသမား လိုကြောင်းပြောရာ ၎င်းအမျိုးသမီးက ကူညီ၍ ရွာလူကြီးအား စုခိုင်းသည်။ မိမိတပ်အား လိုလို လားလား ကူညီနေသဖြင့် အနီးကပ်၍ ''ဗကပဒီရွာကို လာသလား''ဟုမေးရာ ''ဒီနေ့မနက် ဗကပများရောက်လာပြီး ဝက်တစ်ကောင်နှင့် ဆန်တစ်တင်းခန့် တောင်းသဖြင့် ပေးလိုက်ကြောင်း''၊ အင် အားမေးရာ ''အင်အား ၆ဝ ခန့်ရှိကြောင်း၊ ဝလူမျိုးအများစုနှင့် တရုတ်ဟုထင်ရသူ အနည်းငယ်ပါကြောင်း၊ ပုံးထုံတွင် စ ခန်းနှင့်နေပြီး ၎င်းစခန်းတွင် အင်အား ၈ဝ ခန့်ရှိကြောင်း၊ ဒီနေ့နံနက်လာသူ ခေါင်းဆောင်မှာ ဝလူမျိုးဖြစ်ပြီး ရှမ်းစကား အနည်းငယ်တတ်ကြောင်း'' သတင်းရသည်။

နံနက်  ၅ နာရီခန့် တစ်ရင်းလုံးပုံးထုံသို့ ဆက်ထွက်သည်။ ဗိုလ်ကြီးထွန်းအုပ်ခွဲ(၄) ရှေ့ပြေးဖြင့် ဆက်ထွက်သည်။ နာရီဝက်ခန့်အကြာ ပွိုင့်တပ်ခွဲရပ်သဖြင့် စစ်ကြောင်း တစ်ခုလုံး ရှေ့ပြေးတပ်ခွဲ ရှင်းနေသည်ထင်၍ ရပ်စောင့်နေစဉ် ဗိုလ်ကြီးထွန်းအုပ်က ရှေ့တောင်ကုန်းပေါ် တွင် ဗကပရှစ်ဦးခန့် တွေ့ရှိကြောင်း၊ ယခုတောင်ကြောအတိုင်း (မိမိစစ် ကြောင်းချီတက်မည့်လမ်း) တက်သွားကြောင်း၊ ဗကပ ကာကင်းအဖွဲ့ ပြန်ရုပ်သွားသည်ထင်ကြောင်း သတင်းပို့သည်။ ရင်းမှူးက တပ်ခွဲ(၄)အား ဗကပအဖွဲ့နောက်မှ နောက်ယောင်ခံပြီး ဂရုစိုက်လိုက်ရန် စစ်ကြောင်းအဖွဲ့နောက်မှ ချန်၍ လိုက်ခဲ့မည်ဟု ညွှန်ကြားသည်။ ခွဲ(၄)ထွက်သွားပြီး ၁၅ မိနစ်ခန့်အကြာ စစ်ကြောင်း ဆက်လိုက်သည်။ ည ၆ နာရီခန့် တောင်ကြောပေါ်ရှိ လွယ်ရှန်ရွာရောက်ရာ ရွာသားများထံမှ ဗကပအဖွဲ့ကိုးဦး ရွာကိုဖြတ်ပြီး တက်သွားေ ကြာင်း၊ နောက်မှ မိမိတပ်ခွဲ လိုက်သွားကြောင်း၊ ပုံးထုံစခန်းမှာ မဝေးတော့ကြောင်း သတင်းရသည်။ ရင်းမှူးသည် လွယ်ရှန်တွင်ခေတ္တရပ်ခိုင်းပြီး စစ်ကြောင်းအား ညစာစားခိုင်း၍ မိမိအားလက်နက်ကြီးပစ်ရန် နေရာရှာခိုင်းသည်။ ရွာသားတစ်ဦး ခေါ်၍ ဗိုလ်လှဝင်း၊တင်ထွန်းနှင့် ဆက်သွားရာ တောင်ကြောမှ အရှေ့ဘက်(ဘယ်ဘက်) ကြောတွင် မြေပြန့်တစ်ခု တွေ့ပြီး ပုံးထုံစခန်းကို မြင်နေရသော နေရာဖြစ်၍ ရင်းမှူးအား ပြန်သတင်းပို့သည်။ ရင်းမှူး လိုက်လာသည်။

၎င်းနေရာမှာ ပုံးထုံမှ ကိုက် ၈ဝဝ ခန့်သာဝေးပြီး သုံးလက်မ စိန်ပြောင်းနေရာ ကောင်းဖြစ်သည်။ ဗိုလ်လှဝင်း လက်နက် ကြီး အဖွဲ့အားခေါ်ကာ လက်နက်ကြီး(စိန်ပြောင်း) နေရာယူသည်။ ရင်းမှူးနှင့်အတူ နံနက်စာ၊ ညစာမစားရသေး။ ဗိုလ်လှဝင်း ဘောင်းဘီအိတ်မှ ပဲရော့သ ကြားလုံး တစ်လုံး ထုတ်ပေးသည်။ ရှိသေးလားမေးရာ နောက်တစ်လုံး ထုတ်ပြ ၍ တစ်ယောက် တစ်လုံးစားရန် သဘောပေါက်သည်။ ရင်းမှူးဘာမှ မစားရသေးဘူးပြောပြီး သကြားလုံးတစ်လုံး ရင်း မှူးပေးသည်။ မင်းတို့အတွက်ရှိလားမေးရာ ရှိပါတယ် ပြောလိုက်သည်။ ကျန် တစ်လုံးကို ဗိုလ်လှဝင်းနဲ့ တစ်ယောက် တစ်ဝက်စားသည်။ ရင်းမှူးလည်း သကြားလုံးကိုဝါးစားကာ ရေဘူးထုတ်ပြီး တဝကြီး သောက်နေသည်ကို တွေ့ရသည်။ မကြာမီ ဗိုလ်ကြီး ထွန်းအုပ်တပ်ခွဲ ပုံးထုံစခန်းအောက်ခြေမှ သေနတ်သံများ ကြားရသည်။ ဗိုလ်ကြီး ထွန်းအုပ်နဲ့ အဆက်အသွယ်ရသည်။ ပုံးထုံစခန်းအောက်ထဲမှ ဗကပအဖွဲ့ကို ပစ်ခြင်းဖြစ်ကြောင်း၊ သေနတ်ကိုးလက်ရကြောင်း၊ ဗကပ တစ်ဦးဖမ်းမိကြောင်း၊ တဲမှအမျိုးသမီး တစ်ဦးလည်း ဖမ်းထားကြောင်း၊ ဗကပပုံးထုံစခန်းမှ ပစ်ခတ်မှု မရှိကြောင်း သတင်းပို့သည်။ ရင်းမှူးအဖွဲ့နှင့်ခွဲ(၄) မဝေးလှသဖြင့် ရင်းမှူး၊ တပ်ကြပ်ကြီးမြမောင်၊ ထွေးထွေး၊ စိုင်ပေါင်နှင့် လိုက်သွားသည်။ ရင်းမှူးက ပုံးထုံစခန်း အနီးကပ်သွားပြီး စခန်းနောက်ပတ်သော လမ်းအားကြည့်ရင်း စခန်းနောက်စခန်း ပေါ်မှဆင်းသောလမ်းထိ သွားကြည့်မည်လုပ်သဖြင့် အတင်းပြန် ဆွဲခေါ်လာသည်။ စခန်းနှင့်လမ်းမှာ လက်ပစ်ဗုံးတစ် ပစ်သာဝေးသည်။

ရင်းမှူးက စခန်း၏ အရှေ့ဘက်မှ ဗိုလ်ကြီးမောင်နီ ခွဲ(၂)တိုက်ရန်၊ အနောက်ဘက်မှ ဗိုလ်ကြီး ထွန်းအုပ် တပ်ခွဲ(၄) တိုက်ရန် စီစဉ်ညွှန်ကြားသည်။ ရင်းမှူးအမိန့်အတိုင်း နံနက် ၅ နာရီခန့် ဗိုလ်ကြီး ထွန်းအုပ်တပ်ခွဲ ပုံးထုံစခန်းကို အနောက်ဘက်မှ စတိုက်မည်။ ခွဲ(၂)က တစ်ပြိုင် တည်း စခန်းအရှေ့ဘက်မှ တိုက်သည်။ သုံးလက်မ ပစ်ကူပေးသည်။   ဗိုလ်ကြီး ထွန်းအုပ်တပ်ခွဲမှ  အကြိမ်ကြိမ် တက်သော်လည်း  ဗကပများခုခံ၍ တက်မရ ဖြစ်နေသည်။

ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 522 times
Rate this item
(0 votes)
Last modified on Monday, 18 September 2017 09:59