SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Tuesday, 19 September 2017 09:51 Written by  font size decrease font size decrease font size increase font size increase font size

ဗိုလ်ကြီးမောင်နီ တပ်ခွဲစခန်း အရှေ့ဘက်မှ တက်တိုက်သော်လည်း စခန်းမှ လက်ပစ်ဗုံး အများဆုံးသုံး၍ ခုခံနေခြင်း မြေအနေအထားအရ ခက်ခဲခြင်းကြောင့် စခန်းကို သိမ်းမရဖြစ်သည်။ တပ်ကြပ် သူရအောင်သန်းနှင့် သုံးယောက်ကျသည်။

နံနက် ၁ဝ နာရီခန့် ဗိုလ်ကြီးထွန်းအုပ်မှ ညကဖမ်းမိထားသော ဗကပတစ်ဦးကို ပို့လိုက်မယ်ပြောသဖြင့် ၎င်းပို့သော အဖွဲ့အားကြိုရန် လမ်းကြောင်းအဖွဲ့နှင့်သွားရာ မိမိရှေ့တွင်ပင် ဗကပထွက်ပြေး၍ ပို့လာသော တပ်စိတ်မှပစ်ရာ လမ်းဘေးတွင်သေသည်။ ရင်းမှူးထံသတင်း ပို့ရာ ထွန်းအုပ်တပ်ခွဲ ပင်ပန်းနေပြီး ဗိုလ်ကြီးသန်းအောင် ခွဲ(၃)နှင့်လဲဟု ညွှန် ကြားသည်။ ခွဲ(၄)နှင့်ဆက်သွယ်၍ ဗိုလ်ကြီး ထွန်းအုပ်အား ခွဲ(၄) ပန်းပြီထင်တယ်။ ခွဲ(၃) ဗိုလ်ကြီး သန်းအောင် တပ်ခွဲ လာလဲမယ်ပြောရာ ဗိုလ်ကြီး ထွန်းအုပ်မှ ရအောင်တိုက်မယ်။ ယခုတစ်ကြိမ် တက်တိုက်ခွင့်ပြုပါဟု တင်ပြသည်။ ရင်းမှူးခွင့်ပြုသည်။

သုံးလက်မ စိန်ပြောင်းပစ်ကူဖြင့် ဗိုလ်ကြီးထွန်းအုပ် တပ်ခွဲ (၄)နှင့် ဗိုလ်ကြီးမောင်နီ ခွဲ(၂) တက်တိုက်သည်။ ဗိုလ်ကြီး ထွန်းအုပ်တပ်ခွဲ စခန်းအနီးကပ်မိပြီး အတင်းတက်သော်လည်း ဗကပ လက်ပစ်ဗုံး အများဆုံးသုံး ခုခံသဖြင့် မတက်နိုင် ဘဲဖြစ်နေသည်။ ခွဲ(၃)နှင့် ခွဲ(၄)လဲ သည်။ ခွဲ(၃) စခန်းအနီးကပ်တက် တိုက်သော်လည်း အပေါ်မရောက်။ တိုက်ပွဲပြင်း ထန်ပြီး ခေတ္တမျှငြိမ်နေစဉ်  ရှေ့ဆုံးတပ်စုသို့ တပ်ရင်းမှူးကြီး တက်သွားသောအခါ ဆရာကြီး ထွန်းရှိန် တစ်စုလုံး စခန်း ပေါ်ပစ်ခတ်ရင်း အတင်းပြေးတက်ကာ သိမ်းမိသည်။ ဗကပများ ဆုတ်ပြေးသည်။ စခန်းပေါ်တွင် ဗကပ အလောင်း (မ သေသေးမီ)နှင့် ဗကပကျောပိုးအိတ် ၅၄ လုံး၊ မုံးကျက်မှ ယူသွားသော ဝက်သားအိုးများ တွေ့ရသည်။ ပုံးထုံစခန်းအား ရှင်းပြီး ခွဲတစ်ခွဲအား သံလွင်မြစ်သို့ဆင်းသည့် နားချိုင်ရွာအထိ ဆက်ပြီးရှင်းသည်။ ညက ဗိုလ်ကြီး ထွန်းအုပ် တပ်ခွဲမှ  ဗိုလ်မြင့်သိန်း အဖွဲ့ပစ်ထားသော စခန်းအောက်တဲတွင် ဗကပအလောင်း ကိုးလောင်းတွေ့သည်။ ဗိုလ်ကြီးထွန်းအုပ် တပ်ခွဲမှ အမ် ၂၂ သေနတ် ကိုးလက်အပ်သည်။ တဲအတွင်း ဒဏ်ရာရထားသော အဘိုးကြီး တစ်ယောက်နှင့် သေ နတ်ထိမှန် သေဆုံးနေသော အဘွားကြီး တစ်ယောက်တွေ့သည်။ တဲပေါ်မှ အပေါ့သွားရန် ဆင်းလာစဉ် ဖမ်းထား သော အမျိုးသမီးငယ် (အသက် ၂ဝ ခန့်)အပ်သည်။

အမျိုးသမီးငယ် အဖေ၊ အမေများ ဒဏ်ရာရသေဆုံးခြင်းမှာ သူ့အဖွဲ့ပစ်သောကြောင့် သေဆုံးရခြင်းဖြစ်၍ အမျိုးသမီး ငယ်အား လက်ထပ်ခွင့်ပြုရန် ဒုတိယ တပ်ကြပ် မြဝင်းက တင်ပြသည်။ ဖြစ်ပွားပုံမှာ ခွဲ(၄) ဗိုလ်မြင့်သိန်းတပ်စု ကာ ကင်း ဗကပအဖွဲ့ နောက်ယောင် ခံလိုက်ရာ မှ တွေ့ရသော တဲအနီးတွင် စောင့်ကြည့်နေရာ မကြာမီ ဗကပ နှစ်ဦး ထွက်လာပြီး တိုက်မိုင်းထောင်သွားကြောင်း၊ တိုက်မိုင်းအား ကြည့်ထားသော်လည်း မှောင်နေ၍ ခက်ခဲစွာ ဖြုတ် ရှင်းရကြောင်း၊  တဲအနီးကပ်ကြည့်ရာ ဗကပများ မီးလှုံနေသည်တွေ့ရ၍ ဗိုလ်ကြီး ထွန်း အုပ်နှင့် ဗိုလ်မြင့်သိန်း ကိုယ်တိုင် မီး လှုံနေသောအဖွဲ့အား မီးရောင်ဖြင့် ထရံပေါက်မှ ကြည့်ပြီး ဗိုလ်မြင့်သိန်းအဖွဲ့မှ မီးလှုံအဖွဲ့ပစ်ရန် နောက်ဘက်အခန်း တွင် မည်သူရှိမည်မသိ။ ထိုအခန်းအား တပ်ကြပ် မြဝင်းအဖွဲ့မှ ပစ်ရန်တာဝန်ပေး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ အဖွဲ့အား ခွဲ(၄) ဗိုလ်ကြီး ထွန်းအုပ်တပ်ခွဲဖြင့် မုံးကျက်သို့ ပို့စေသည်။ ဤတွင်မှာပဲ ၂ဝ၅ ၎င်းရဟတ် ယာဉ်ဖြင့် ရိက္ခာထုပ်နှစ်ခေါက် လားရှိုးမှပို့သည်။ ပုံးထုံစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ညနေတွင် ခလရ(၁ဝ) စစ်ကြောင်း(၂)မှ ဗိုလ်မှူးပန်းအောင် စစ်ကြောင်းေ ရာက်ရှိလာသဖြင့် ပုံးထုံစခန်း နယ်မြေအား လွှဲပေးပြီး မူလအစီအစဉ် အတိုင်း နောက်တန်းသို့ပြန်ရန် ညမမှောင်မီ ထွက်ခွာလာခဲ့ကြသည်။

ပုံးထုံ တိုက်ပွဲ

အမှတ်(၄) ခြေလျင်တပ်ရင်း တပ်ရင်းမှူးဦးစီးသည့် တပ်ခွဲ(၅)ခွဲနှင့် စစ်ဆင်ရေးထွက်ရသည်။ တပ်ခွဲ(၃)၏ တပ်ခွဲမှူးမှာ ဗိုလ်ကြီး သန်းအောင်ဖြစ်ပြီး မိမိသည် တပ်စု (၁)၏ တပ်စုမှူးဖြစ်သည်။ ပုံးထုံစခန်းအနီးတွင် တပ်ရင်းမှူးထံ အရာရှိများ ရောက်ရှိကြရာ တပ်ရင်းမှူးသည် ၃ လက်မစိန်ပြောင်း နှစ်လက်၊ ၇၅ မမ နောက်ပွင့်ရိုင်ဖယ် နှစ်လက်တို့အနီး တွင်ရပ်နေပြီး မိမိတို့အား ကိုက် ၁၃ဝဝ ခန့် အကွာအဝေးရှိ တောင်ကုန်းတစ်ခုအား လက်ညှိုးထိုးညွှန်ပြ၍ စစ်ကြောင်း (၁)၏ ရှေ့ပြေးတပ်ခွဲမှ ယနေ့နံနက်စောစောတွင် အဆိုပါ တောင်ကုန်းသို့ တိုက် ခိုက်ရန် သွားရောက်စဉ် တောင်ယာ အတွင်း ရန်သူဗကပများနှင့် တိုက်ပွဲဖြစ်ပြီး ရန်သူသည် တောင်ယာတဲများ၏အပေါ် တောင်ကုန်းတွင် အခိုင်အမာ နေရာယူထားသဖြင့် သည်တပ်ခွဲ(၂)/ တောင်ကုန်း၏ ဘယ်ဘက်မှလည်းကောင်း၊ ကွန်မန်ဒို တပ်စုနှင့် တပ်ခွဲ(၄)တို့သည် တောင်ကုန်း၏ ညာဘက်မှ လည်းကောင်း ချဉ်းကပ်၍ နှစ်ဖက်ဟန်ချက်ညီ တိုက်ခိုက်ရန် ချီတက်နေကြကြောင်း၊ လိုအပ်လျှင် တပ်ခွဲ(၃)အနေ နှင့် တိုက်ပွဲဝင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွှန်ကြားသည်။

၁၆းဝဝ တပ်ခွဲ(၂)နှင့် ဟန်ချက်ညီ နှစ်ဖက်ညှပ်၍ တိုက်ခိုက်ရန်နှင့် စစ်ကြောင်း(၁)မှ လက်နက်ကြီးပစ်ကူများ ထိရောက်စွာ ပစ်ခတ်ပေးမည် ဖြစ်ကြောင်း ကျွန်တော် တို့တပ်ခွဲအား ညွှန်ကြား မှာကြားသည်။ ရည်မှန်းချက်သို့ ချဉ်းကပ်လာရာ ကိုက် ၅ဝဝ ခန့် ရောက်လျှင် ကွန်မန်ဒိုတပ်စုမှ တပ်စု တပ်ကြပ်ကြီး တိုက်နိုင်နှင့် အဖွဲ့ကိုတွေ့ပြီး ရှေ့တွင် တပ်ခွဲ(၄)မှ အဖွဲ့များရှိနေသေးကြောင်း၊ ရန်သူသည် စခန်းပေါ်မှ လက်နက်ငယ်များ၊ စက်သေနတ်တို့ဖြင့် တရစပ်ပစ် ခတ်ခြင်း၊ လက်ပစ်ဗုံးများကို အသုံးပြုခြင်းများအပြင် နောက်ပိုင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ပေးနေ ကြောင်းပြောသည်။ မကြာမီ စစ်ကြောင်း(၁)မှ လက်နက်ကြီးများဖြင့် စတင် ပစ်ကူပေးသည်။ မိမိတပ်စုလည်း လက် နက်ကြီးဖြင့် ပစ်ကူပေးမှုကို အခွင့်ကောင်းယူ၍ ရန်သူ့တောင်ကုန်းကို ချဉ်းကပ်သည်။

မိမိတပ်စုသည် ရန်သူ့စခန်းသို့ဖြန့်ခွဲပြီး ပစ်ခတ်တက်ရာ စခန်းနှင့်ကိုက် ၅ဝ ခန့်အလိုနေရာတွင် ရန်သူက သစ်ပင်များကို ခုတ်လှဲထားပြီး အတားအဆီး ပြုလုပ်ထားသည်ကို တွေ့ကြုံရသည်။ ၁၅ ကိုက်ခန့်ဆက်ပြီး ပစ်ခတ်မှုဖြင့် သိမ်းပိုက် နိုင်ရန်အတွက် စစ်သည်များအား လှုပ် ရှားခြင်း ပြုလုပ်နိုင်ခဲ့ပြီး ဆက်၍တက်ရန် အတော်အခက်အခဲ ဖြစ်နေသည်။ မြေ အနေအထားကလည်း မတ်စောက်နေသည်။ ထိုသို့ ရန်သူက လက်ပစ်ဗုံးများနှင့် လည်းကောင်း၊ လက်နက်ငယ်များ ဖြင့်လည်းကောင်း ပစ်ခတ်ရာ မိမိတို့ဆက်၍ တက်မရတော့ပါ။ နံနက် ၃ နာရီရှိပြီဖြစ်သည်။ ရန်သူ့စခန်းပေါ်မှ အသံ များ၊ လှုပ်ရှားမှုများကို ကြားနေရသည်။ နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်တွင် အမှောင်ထု တဖြည်းဖြည်း ပြယ်လာပြီး အ ရုဏ်ဦး အလင်းရောင် အချို့ပေါ်လာသည်။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 427 times
Rate this item
(0 votes)
Last modified on Tuesday, 19 September 2017 09:54