SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Wednesday, 20 September 2017 09:48 Written by  font size decrease font size decrease font size increase font size increase font size

ရန်သူ့စခန်းကို သိမ်းပိုက်နိုင်ရန် စစ်သည်အားလုံး လှံစွပ်တပ်စေပြီး မိမိနှင့်ရှေ့ဆုံးမှ တပ်ကြပ် အောင်သိန်းဦး တပ်စိတ် မှ စစ်သည်များ ဦးစွာတက်ရန်နှင့် တပ်စိတ် (၂)နှင့် တပ်စုတပ်ကြပ်ကြီး ဦးစီးသည့် တပ်စိတ်(၃)ကို အသင့်နေရာ ယူထားစေသည်။ နှစ်လက်မစိန်ပြောင်းနှင့် ၄ဝ မမ လောင်ချာများ အလွယ်တကူ ပစ်ကူပေးရန် စီစဉ်နေရာယူစေသည်။

မိမိနှင့် အကူရဲဘော်တို့ ပွိုင့်ရှိ တပ်ကြပ်အောင်သိန်းဦး တပ်စိပ်ထံချီတက်စဉ် တပ်ရင်းမှူးနှင့် ထောက်လှမ်းရေး အရာရှိ တို့သည် လုံခြုံရေး အဖွဲ့နှင့်အတူ ရောက်ရှိလာသည်။ နောက်တွင်လည်း တပ်ခွဲမှူးနှင့် အဖွဲ့ပါလာသည်။ သို့ဖြစ်ရာ မိမိက တပ်ရင်းမှူးအား ကျည်ကွယ်ရမည့် နေရာတွင်ခေါ်ယူပြီး  အခြေအနေအားလုံးကို သတင်းပို့သည်။ ထို့နောက် တပ်ရင်းမှူး၏ ညွှန်ကြားချက်အရ မိမိတပ်စုတစ်စုလုံး ရင်ပေါင်တန်းတပ်ဖြန့်၍ ''ခလရ(၄)ကွ၊ တပ်ခွဲ(၃)ကွ''ဟု အော် ဟစ်ရင်း ပစ်ခတ်တက်၍ ရန်သူ့စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့ထံမှ အလောင်းနှစ်လောင်း၊ ဗကပကျောပိုး အိတ်အစုံ ၅၄ လုံး၊ ဝတ်စုံ၊ ဖိနပ်အသစ်များ၊ ထမင်းအိုး၊ ဟင်းအိုးအသစ်များ၊ စစ်ဝတ်ချပ်ဝတ် တန်ဆာပစ္စည်းများ သိမ်းဆည်းရမိသည်။ မိမိစစ်သည်များ ထိခိုက်မှုမရှိပါ။ ထွက်ပြေးသွားသော ဗကပများနောက်သို့ ထက်ကြပ်လိုက် ရှင်းလင်းခဲ့ရာ ပင်မအဖွဲ့ကိုမမီဘဲ  နောက်ချန်အဖွဲ့ကိုလိုက်ရင်း သံလွင်မြစ်နားအထိ ရောက် ခဲ့ပြီးမှ ပုံးထုံစခန်းပေါ်သို့ ပြန်တက်ခဲ့ရသည်။

ရှေ့တန်းပြန်

၁၉၇၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက် မူဆယ်မြို့အနီး နမ့်လင်းတောင်(ပွိုင့် ၄၅၆၁)ရှိ ခလရ(၄)စစ်ကြောင်း(၂)နှင့် တပ်စုတစ်စုရှိရာ အမြောက်စခန်းကို ဗကပတပ်ရင်းသုံးရင်းနှင့် ဝင်တိုက်ခံရသည်။ ပွိုင့် ၄၅၆၁ စခန်း ရန်သူ့ လက်ကျ သွားသည်။ နယ်မြေလုံခြုံရေး တာဝန်တွေ ယူထားရသော တပ်တွေကို ပြန် လည်ထုတ်နုတ်ပြီး တပ်စုလေးစုနှင့် ကျွန် တော်တို့ ပြန်တိုက်ခိုင်းရာ ညနေမှာ ပြန်လည်သိမ်းပိုက် ရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် အမြင့်ဆုံး တောင်ထိပ်ကို အရင် ဆုံးပြန်လည် သိမ်းပိုက်ရရှိခဲ့သော ကွန်မန်ဒိုတပ်စုမှူး ဗိုလ်မောင်နီအပါ စစ်သည် ၁ဝ ဦး သူရဘွဲ့ရရှိသည်။

သည်တစ်ပတ် နောက်တန်းရောက်လျှင် သူရဘွဲ့ရသူတွေကို ချီးကျူးဂုဏ်ပြုပွဲလည်း စီစဉ်ထားကြသည်။ ၁၉၇၆ခုနှစ် လွတ်လပ်ရေးနေ့ကမှ ကြေညာထားသော စွမ်းရည်ဘွဲ့တွေရပြီး ပထမဆုံး ပြန်နားရခြင်းဖြစ်၍ အချိန်ကောင်းလည်း ဖြစ်ပေသည်။ ရှေ့တန်းမှ နောက်တန်းသို့ အပြန်လမ်းတစ်ဝက်မှ ပုံးထုံစခန်းကို ဝင်တိုက်ခဲ့ရသည်။ ခလရ(၄)ကြုံခဲ့ရ သောတိုက်ပွဲတွင် အောင်မြင်မှု အရှိဆုံး တိုက်ပွဲလည်းဖြစ်သည်။

သေသော်ငရဲမလား

သည်လို အပြန်ခရီးတိုက်ပွဲကျမှ ထိခိုက်ဒဏ်ရာ ရရှိသူများရှိလျှင် တပ်ရင်းတစ်ခုလုံး စိတ်ထိခိုက်ကြရမည်မှာ ဓမ္မတာပါတည်း။ ပုံးထုံစခန်းတိုက်ရင်း အသက်ပေး လှူသွားသူများထဲတွင် လောလောလတ်လတ် သူရဘွဲ့ရခဲ့သော တပ်ကြပ် အောင်သန်းပါဝင်နေသည်။ စစ်သည်တစ်ဦး ကျဆုံးတိုင်း ရင်နင့် ဖွယ်ကြုံကြရသည်က ကျွန်တော့်ဘဝမှာ အတွေ့အ ကြုံများပြီ။ သို့သော်လည်း သူရအောင်သန်း ကျဆုံးခြင်းက စိတ်ကိုပိုထိခိုက်စေသည်။ လူပျိုလူလွတ်များ ကျဆုံးလျှင် တော်သေးသည်။ နောက်တန်းမှာလည်း ကြိုကြဆိုကြဖို့ ပွဲတွေလမ်းတွေ ပြင်ဆင်နေကြပြီ။ တပ်ကြပ်သူရအောင်သန်း ဇနီးအေးေ အးဆိုတာ ကျွန်တော့်သမီး အရင်းလေးလို ဖြစ်နေသည်။ တပ်ရင်း ဘော်လီဘောအသင်းမှာ smasher အ ဖြစ်အားထားရသော အရပ်မြင့်မြင့် ဖြူဖြူချောချော ကရင်မလေးဖြစ်သည်။ အောင်သန်းနှင့် အေးအေးက မောင်နှမလို လိုက်ဖက်လှသော အတွဲဖြစ်ပေသည်။

တပ်ကြပ်အောင်သန်း ကျဆုံးကြောင်း ကျွန်တော့်ဇနီးရယ်၊ အရာရှိကြီး ဇနီးအချို့ရယ်၊ နောက်တန်းမှူးနှင့် တပ်ရေး၊ တပ်ထောက်ရယ်သာ သိကြသည်။ အချိန်တိုအတွင်းမှာ အဖြစ်အပျက်ကလည်း မြန်လွန်းလှသည်မို့ နောက်တန်းမှ အေးအေးကိုပြောဖို့ အခက်ကြုံနေကြသည်။ တပ်ရင်း တကယ်ပြန် လည်ရောက်ရှိမည့် နေ့မှာတော့ အေးအေးကို မပြော ၍မဖြစ်ပြီ။ တပ်ရင်းတစ်ရင်းလုံးရှေ့မှ ဗိုလ်ကြီးမောင်နီ ဦးစီးသူရစစ်သည် အသစ်ကျပ်ချွတ်တွေက ဦးဆောင်လမ်း လျှောက်လာကြမည်။ ကျွန်တော့်ဇနီး အပါအဝင် သူရတွေရဲ့ဇနီးတွေက ပန်းကုံးစွပ်ကြမည်။ လူပျိုသူရတွေကို တက္ကသိုလ်မှ ပျိုဖြူတွေ က ပန်းကုံးစွပ်မည်။ ကြီးကျယ်၍ ခမ်းနားစွာ ပြင်ဆင်ထားသော ကြိုဆိုရေးပွဲမှာ တပ်ကြပ် သူရ အောင်သန်းဇနီးက ပဋာမြေလူး ဖြစ်နေရရှာပြီ။

ရှေ့တန်းပြန် တပ်ရင်းဝင်လာလျှင် သူ့ယောက်ျား ပါမလာသော်လည်း သူထွက်ကြိုမည်။ အဖေကြီးကို ပန်းကုံးစွပ်မည်။ ခြေသလုံး ဖက်ငိုမည်ဟု ထပ်ကာတလဲလဲ တောင်းဆိုနေရာ ကျွန်တော့်ဇနီးရော အရာရှိဇနီးတွေပါ ဝိုင်းဝန်းဖျောင်းဖျ ကြရသည်။ ပြောမရဆိုမရ ဇွတ်တရွတ်မလေးမို့ လူကြီးတွေက လည်း ပြောသာပြောရပေမယ့် ရင်ထုမနာ ဖြစ်နေကြရ သည်။ ဖျောင်းဖျရင်း၊ ချော့မော့ရင်း လူကြီးတွေပါ မျက်ရည်တွေ စီးကျနေခဲ့ကြသည်။ နောက်ဆုံးတော့ ပုသိမ်ကြီးမြို့မှ ကြိုဆိုပွဲကို အေးအေးမလိုက်ဘဲ ကျွန်တော့်အိမ်မှာ စောင့်နေပါ။  တပ်ရင်းဂိတ်ဝ ဝင်သည်နှင့် ကျွန်တော့်အိမ်ရှိသည်။ မြို့နယ်က ကြိုဆိုပြီးလျှင် ကျွန်တော့်ကို အိမ်ထဲခေါ်လာမည်။ သည်တော့မှ ငါ့သမီးစိတ်ကြိုက် ငိုပါဟု  ကျွန်တော့်ဇနီး က ချော့မော့ပြောတော့လည်း နားထောင်ရှာသည်။

အဖေ့သမီး

ပုသိမ်ကြီးမြို့အဝင်မှာ ကြိုဆိုပွဲတွေလုပ်သည်။ တပ်ရင်းမှူးဇနီးက တပ်ရင်းမှူးကို ပန်းကုံးစွပ်ကြိုသည်။ နောက်က စစ်ကြောင်းမှူးများ ပါလာသည်။ ကျွန်တော်လည်း ပါတီကောင်စီလူကြီးတွေကို နှုတ်ဆက်ပြီး တပ်ရင်းတစ်ရင်းလုံး ကြို ဆိုပွဲကို နောက်တန်းမှူးနှင့် လွှဲထားခဲ့ရသည်။ လင်မယားနှစ်ယော က် ကားပေါ်တက်ကာ အိမ်ကိုအရင်ဆုံး ပြန်လာ ခဲ့ရသည်။ ကျွန်တော့်ကိုတွေ့သည်နှင့် အတင်းပြေးကာ ဖက်ငိုရှာသော သမီးလေး အေးအေးကို ကျွန်တော့်မှာ ချော့ စရာနှစ်သိမ့်စရာ စကားတစ်ခွန်းမှမရှိပါ။ သူ့မှာ လင်ကျဆုံးလို့ ရင်ကွဲနေရသလို ကျွန်တော့်မှာလည်း အားအထားရဆုံး ကွန်မန်ဒိုတပ် စိတ်မှူး သားတပည့် ဆုံးရှုံးရသည်မို့ ထပ်တူညီမျှ ခံစားနေရသည်သာ ဖြစ်ပါ၏။

ထိုအချိန်က ရင်ထဲခံစားခဲ့ရသမျှကို စာနှင့်ရေးဖွဲ့ပြရန် မည်သို့မျှ မတတ်နိုင်သည်မှာ အမှန်ဖြစ်ပါ၏။ ငိုရင်းငိုရင်း သတိလစ်သွားသော သမီးလေးအေးအေးကို ဆေးတပ်ကြပ်ကြီးက သွေးပေါင်ချိန်တိုင်းသည်။ စိတ်ငြိမ်ဆေးထိုးပေးသည်။ ပုသိမ်ကြီးမြို့နယ် ဆရာဝန်ထံ အပ်နှံ၍ ကုသမှု ခံယူစေရပါတော့ သည်။

သမီးများရဲ့အမေ

ဗကပတို့ အင်နှင့်အားနှင့် လှုပ်ရှားနေသော အရှေ့မြောက်ဒေသတွင် စစ်ဆင်ရေး လုပ်နေကြရသော တပ်မတပ်ရင်း အနေဖြင့် တိုက်ပွဲကြီးများ မကြာခဏကြုံကြရ၊ ဆင်နွှဲကြရသည်။ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 476 times
Rate this item
(0 votes)
Last modified on Wednesday, 20 September 2017 09:59