SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Thursday, 21 September 2017 12:12 Written by  font size decrease font size decrease font size increase font size increase font size

တိုက်ပွဲကြီး တစ်ပွဲဖြစ်၍ စစ်သည်တစ်ယောက်တလေ ကျဆုံးလျှင် တော်သေးသည်။ တစ်ယောက်မက ကျဆုံးရသော အခါမျိုးမှာ ကြေကွဲစရာ အကောင်းဆုံး အတွေ့အကြုံနှင့် ရင်ဆိုင်ကြရသည်က နောက်တန်းအရာရှိများနှင့် တပ်ရင်း မှူးဇနီးနှင့် အရာရှိဇနီးများ ဖြစ်ကြပေသည်။

တပ်ရင်းမှူး၏ ဇနီးသည် တပ်ရင်းတစ်ရင်းလုံး၏ မိခင်ဖြစ်သည်။ တပ်ခွဲမှူး၏ ဇနီးသည် တပ်ခွဲတစ်ခွဲလုံး၏ မိခင်ဖြစ် သည်။ အိမ်ထောင်သည် တန်းလျားသို့သွား၍ ရဲမေတစ်ယောက်အိမ်ဝင်ကာ ခင်ပွန်းဖြစ်သူသည် ဘယ်နေ့ဘယ်ရက်က ဘယ်တိုက်ပွဲမှာ အသက်စွန့်သွားရှာပြီဟု ပြောလိုက်သည်နှင့် ထိုရဲမေသည် တပ်ရင်းမှူးဇနီး၊ တပ်ခွဲမှူးဇနီးတို့ကိုဖက်၍ ငိုတော့သည်။ မိဝေးဖဝေးနှင့် တပ်ထဲမှာ လိုက်ပါနေထိုင်သူအဖို့ သည်အမေများကိုသာ ဖက်ငိုစရာရှိသည်။ အချို့ရဲမေ က ရုတ်တရက် သတိလစ်သွားတတ်သည်။ လူကြီးတွေက ဖျောင်းဖျရသည်။ ဆေးတပ်ကြပ်နှင့် သားဖွားဆရာမကြီး ဒေါ်ေ ဘာက်လူတို့က ပြုစုကြရသည်။

ထိုအချိန်မျိုးမှာ အခြားအခြားသော အခန်းများမှ ရဲမေတွေက အိမ်ရှေ့သို့ ပြေးထွက်လာကြသည်။ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနှင့် မျှော်ကြည့်နေကြတော့သည်။ သူ့အိမ်ကို ဆက်လာမလား၊ ငါ့အိမ်ကို ဆက်လာမလား ငါ့ယောက်ျား ရောကျသလား၊ သူ့ယောက်ျားရော ကျသလား၊ ရင်တမမနှင့် စောင့်နေကြရသည်။ သတင်းဆိုးကိုလာပြောသော လူ ကြီးတွေ ထွက်အလာကို မမျှော်ချင်ဘဲ မျှော်နေမိကြသည်။ မကြားချင်သော သတင်းကိုသာ ပြောမှာစိုးရိမ်နေကြရ သည်။

ထိုသို့သော ရင်ထိတ်မှုမျိုး ရဲမေအားလုံး ခံစားကြရမှုမှ သက်သာအောင် ကျွန်တော့်ဇနီးနှင့် နောက်တန်းမှူးတို့ တိုင်ပင် ပြင်ဆင်ထားမှုက ကောင်းသည်။ တိုက်ပွဲကြီးဖြစ်၍ ကျဆုံးမှု သတင်းပြောရတော့မည်ဆိုလျှင် ကျွန်တော့်အိမ်မှာ လူစုကြသည်။ ကျဆုံးစစ်သည် အရေအတွက်အတိုင်း အဖွဲ့တွေခွဲ သည်။ တပ်ခွဲမှူး၊ တပ်စုမှူးဇနီးများ နောက်တန်းရှိအရာရှိ များ၊ အဖွဲ့ခွဲ၍ ကျဆုံးစစ်သည်အိမ်သို့ တစ်ပြိုင်တည်းဝင်ကာ တစ်ချိန်တည်း ပြောပြရသည်။

ကလေးများသော ရဲမေအိမ်ကို တပ်ရင်းမှူးဇနီး၊ နောက်တန်းမှူးနှင့် ဗိုလ်မှူးများ၏ ဇနီးများက တပ်ရင်းအရာခံဗိုလ်နှင့် အတူဝင်ကြ၊ သတင်းဆိုးပြောကြ၊ ချော့ကြ၊ မော့ကြ၊ ဖျောင်းဖျကြ အားပေးကြလုပ်ရသည်။ ထိုအိမ်မှပြီးလျှင် အခြား အိမ်များသို့စေ့ငှအောင် လိုက်လံတွေ့ရသည်။ အားပေးရသည်။ နှစ်သိမ့်ရသည်။ သက်ဆိုင်ရာရဲမေများ တစ်ပြိုင်တည်း သိကာ တစ်ပြိုင်တည်း ငိုကြရသည်။ ကျန်အိမ်များက သည်တိုက်ပွဲမှာ ကိုယ့်ယောက်ျား မပါသေးပါလားဟုသိကာ တစ်ချိန်လုံး တထိတ်ထိတ် တွေးလန့်နေရသော အဖြစ်မှ လွတ်ကင်းရသည်။ သည်လိုတစ်ပြိုင်တည်း ပြောခြင်းသည် သာ အသက် သာဆုံး ဖြေရှင်းနည်းအဖြစ် တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲ အတွေ့အကြုံမှ ရရှိလာကြသော အဖြေဖြစ်ပေသည်။ သည်အဖြစ်မျိုးသည် တိုက်ခိုက်ရေး တပ်ရင်းတိုင်း၊ တပ်ရင်းတိုင်း မလွဲမသွေကြုံကြရ၊ ရင်ဆိုင်ကြရမည်။ နောက်တန်း မှူးနှင့် အရာရှိဇနီးများ၏ တာဝန်ပါတည်း။

ချစ်သက် လက်ဆောင်

ပုံးထုံစခန်းတိုက်ပွဲသည် နောက်တန်းပြန်ရင်း လမ်းမှာဝင်တိုက်ရသော တိုက်ပွဲဖြစ်၍ ကျဆုံးစစ်သည်များမှာလည်း သက်တမ်းကုန်ဆုံးချိန်နှင့် တိုက်ဆိုင်လွန်းသူများဟု ဆိုရပါမည်။ စိတ်ဝင်စားဖွယ်ဖြစ်ရပ်လေးက ''ဂျူဒိုဘရှိန်း''ဖြစ် သည်။ ဂျူဒိုဘရှိန်းရုပ်ရှင်ကြည့်ပြီး သူ့ကိုယ်သူ ထိုနာမည် ပြောင်းထား သူဖြစ်သည်။ ဂျူဒိုဘရှိန်းဟူသော နာမည်သာတွင်ပြီး မူလနာမည်ကို ခေါ်မည့်သူ မရှိတော့သောသူဖြစ်သည်။ ထိုဂျူဒိုဘရှိန်းလည်း ပုံးထုံတိုက်ပွဲမှာ အသက်စွန့်သွားရှာသည်။ သူ့ရုပ်အလောင်းကို ပုံးထုံမှာပင် သင်္ဂြိုဟ်ခြင်းမပြုမီ ကျွန်တော်တို့ ပြင်ဆင်ကြချိန်မှာ သူ့အိတ်ထဲမှ စာလေး တစ်စောင်ရလိုက် သည်။ မကျဆုံးမီ ငါးရက်က ရေးထားသောစာဖြစ်သည်။ သူ့ချစ်သူထံ ရေးထားသည်။ ယခုတစ်ပတ် စစ်ဆင်ရေးမှာ ပင်ပန်းလှကြောင်း၊ တပ်မတော်သားဆိုတာ သူပုန်ရှိလျှင် တိုက်ရမည်သာ ဖြစ်ကြောင်း၊ မကြာမီတပ် ရင်းပြန်နားရတော့မှာ ဖြစ်ကြောင်း၊ တပ်ရင်းပြန်ရောက်လျှင် ငွေတစ်ရာ ပို့လိုက်မည်။ ချစ်သူထံစာရေးဖို့ ဖောင်တိန် တစ်ချောင်း ဝယ်ကိုင်စေလိုကြောင်း ရေးထားသော စာလေးမှာ သွေးစွန်းနေသည်။

ထောက်လှမ်းရေး အရာရှိလာပေးသည်နှင့် ဖတ်ကြည့်ရင်း ကျွန်တော့်မှာ မျက်ရည် ကျမိရသေးသည်။ ချက်ချင်း ကျွန်တော့်သေတ္တာ (ကျည်ဆန်သေတ္တာ အသေးလေး)ထဲထည့်သိမ်းလိုက်သည်။ နောက်တန်းပြန်ရောက်ပြီး သူ့စာမှာပါ သောလိပ်စာအတိုင်း ဖောင်တိန်တစ်ချောင်းဝယ်၍ သူ့ချစ်သူထံ ကျွန်ေ တာ် ပို့လိုက်ပါသည်။ သူ့လက်ရေးနှင့် သွေးစွန်း သောစာကိုတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ စာတစ်ပုဒ်ရေးမည်ဟူသော အကြံနှင့် မှတ်မှတ်ရရ သိမ်းထားခဲ့သည်။ ယခု ၃၃ နှစ်ကျော်ကြာသည့်အချိန်မှာ စာရွက်ဟောင်းတွေ၊ ဖိုင်ဟောင်းတွေ အားလုံးရှာသော်လည်း ရှာဖွေမတွေ့ရဘဲ ပျောက်ခြင်းမ လှပျောက်နေပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်သာ ဒေါသဖြစ်၍ မဆုံးရှိရပါတော့သည်။

လူထဲမှ လူသတင်း

တပ်ရင်းမှူးဘဝမှာ ရှေ့တန်းမှာ စခန်းချလျှင် ရဲဘော်များရှိရာ လျှောက်သွားလေ့ရှိသည်။ တပ်စိတ်လိုက်ဖြန့်ခွဲ နေရာ ယူထားသော ရဲဘော်တွေထံ ဟိုလျှောက် သည်လျှောက်နှင့် သူတို့ပြောစကားတွေ ကြားရသည်။ ကိုယ့်တပ်အ ကြောင်း ကိုယ်ကြားသိမှ ပြင်နိုင်ပေလိမ့်မည်။ သည်လိုသွားရင်းလာရင်း သတင်းကြားရခြင်းက တပ်ရင်းမှူးဘဝမှာ အ မှတ်တရရှိခဲ့သည်။ မုန်းစီးနားလည်ခေါ်သော အစွန်အဖျား အကျဆုံးစခန်းမှာ ခေတ္တအခြေချရစဉ် ရဲဘော်တွေအနားမှ သတင်းစကား ကြားရသည်။

''တို့တပ်က အမျိုးသမီး ဘော်လီဘော အသင်းတော့ ဒီနှစ်အားပျော့သွားပြီကွ''''ဘာဖြစ်လို့လဲ''''စမက်ရှာအေးအေးက ဗိုက်ကြီး နေပြီလေကွာ။ သူမပါရင် အပိုင်ဘောတွေ ခုတ်ချမယ့် လူမရှိတော့ဘူး။ မွန်နားကလည်း လင်ယူတော့မယ် ဆိုလားပဲ''သူတို့နားဖြတ်လျှောက်ရင်း ဒီအသံတွေ ကြားခဲ့ရသည်။ လစာပေးအဖွဲ့ လာသောအခါ တပ်ထောက်ဗိုလ် ကြီး နိပ်စောနန်းကို ဘော်လီဘော အသင်းအကြောင်း မေးရသည်။ ''ဒီနှစ်သိပ်ကောင်းတယ် ဗိုလ်မှူး၊ မန္တလေးတစ် ဝိုက်မှာ ကျွန်တော်တို့အသင်းကို နိုင်နိုင်တဲ့ အသင်းမရှိဘူး။ နည်းပြဆရာ မောင်မောင်ကလည်း သေသေချာချာမောင်းထားတာ။ ကောင် မလေးတွေ ပုံစံကိုကျနေတာပဲ''ဟုအားရပါးရ တင်ပြသည်။

First line up က ကစားနိုင်မှာလား၊ Smasher တွေရော ကစားနိုင်မှာလား''ဟု မေးမိပြန်သည်။ အေးအေး (သူရ အောင်သန်း၏ဇနီး) ရော၊ မွန်နားရော လက်တွေ သိသိသာသာ တက်လာတယ်ဟု ဖြေသည်။

ဆက်လက်ဖော်ပြပါမည်။ မောင်ဆွေသက်

Read 461 times
Rate this item
(0 votes)
Last modified on Thursday, 21 September 2017 12:14