SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကဒူးမမှ မော်ဖသို့

Friday, 22 September 2017 09:47 Written by  font size decrease font size decrease font size increase font size increase font size

'မင်း အေးအေးက ကစားနိုင်မှာသေချာလား''သေချာပါတယ် ဗိုလ်မှူး''ငါကြားတော့ အေးအေး ကိုယ် ဝန်ရှိနေလို့ဆို''ဟာ ဗိုလ်မှူးကို ဗိုလ်သိန်းဆွေ မဟုတ်တာလျှောက်ပြောတာနေမှာပါ။

ကျွန်တော် မလာခင်လေးပဲ မိအေးကိုလေ့ကျင့်နေတာ တွေ့ခဲ့သေးတယ်''မိအေးက ဗိုက်ငါး လရှိပြီ။ ဗိုလ်နိပ်မင်းပြန်သွားရင်ခေါ်မေး၊ ဒါ ငါရတဲ့သတင်း'ဟုပြောလိုက်တော့ တပ် ထောက် ဗိုလ်ကြီးက ရယ်နေသည်။ ခေါင်းခါနေသည်။

နောက်တန်းကတက်လာတာ ရက်ပိုင်းပဲမို့ သူက သေချာပေါက်ပြောနေခြင်းဖြစ်သည်။ လစာ ပေး အဖွဲ့ပြန်သွားပြီး    ရောက်ရောက်ချင်း အေးအေးကိုခေါ်မေးကြသည်။ဒီကောင် မလေး ကတကယ်ကိုယ် ဝန်ရှိ လျက်နဲ့ ကစား ကွင်းလာသည်။

ကျန်းမာရေးကောင်းရုံ သက်သက်သာ ဝင်ကစားနေခြင်းကြောင့် အရာရှိတွေ မသိရခြင်းဖြစ်သည်။ အများအားဖြင့် တပ်မှူးများသည် ထောက်လှမ်းရေးအရာရှိပေးသောသတင်းသာ ရတတ်ကြ သည်မို့  တပ်ထောက် ဗိုလ်ကြီး က ကျွန်တော့်ကိုပြန်ငြင်းခဲ့ခြင်းဖြစ်သည်။

တကယ်တော့ တပ်ရင်းမှာဖြစ်စေ၊ တပ်မမှာဖြစ်စေတာဝန်ရှိသူသည် ရဲဘော်တွေ၊ ရဲမေတွေရှိရာကို သွားမှသတင်းမှန်ရသည်ဟု  ကျွန်တော့်ကိုယ်တွေ့ဖြင့် ယုံမိပါသည်။ ရှေးမြန်မာ ဘုရင် များမှာလည်း မှူးကြီး မတ်ကြီးတွေပြော စကားထက် သူတို့ကိုယ်တိုင်စနည်းနာထွက်ခြင်းဖြင့် လူတွေကြား မှာ လူ့သတင်းမှန်ကို ရှင်ဘုရင်တွေကြားရသိရပေတော့သည်။ မင်းမှုထမ်းများက သတင်း မှန်မတင်ပြဘဲ ထိမ်ချန်ထားလျှင် အ မှန် သိမည် မဟုတ်၍ ရှေးမင်းတို့ ကျင့်သုံး ခဲ့ကြသောနည်းသည် ကျွန်တော်တို့ခေတ်ကာလအထိ အကျိုးရှိရှိအသုံးဝင်လျက်မို့ တပ်မှူး တိုင်း ဆင်ခြင်ဖွယ်ဟု ဆိုချင်မိရပါသတည်း။

ရှေ့တန်းနှင့်နောက်တန်းရှေ့တန်းတွင်  စစ်ဆင်ရေးတာဝန်နှင့် အချိန်ပြည့် တာဝန်ယူနေရ သောတပ် ရင်းမှူးတစ်ယောက်သည် စစ်ဆင်ရေးတာဝန်ကျေပွန်ဖို့၊   တိုက်ပွဲတိုင်းအောင်မြင်ဖို့အဓိကတာ ဝန်ရှိသလို  နောက် တန်း ဌာနချုပ်၏အုပ်ချုပ်ကွပ်ကဲမှုအတွက်လည်း တာဝန်ခံရ ပေသည်။

နောက်တန်းမှူးအဖြစ် ဗိုလ်မှူးတစ်ဦးနှင့် တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ထောက်ဗိုလ်ကြီး တစ်ဦး တို့ကို တာဝန်ပေးထားသော်လည်း ငွေရေးကြေးရေးမှအစ လက်နက်ခဲယမ်းမီးကျောက်များ စည်းကမ်း ထိန်းသိမ်းမှု၊ သက်သာချောင်ချိမှု စသည်စသည် အားလုံးအတွက်ကလည်း  တပ်ရင်း မှူးတာဝန်သာဖြစ်သည်။

ထို့ကြောင့် ကျွန်တော်ရှေ့တန်းရောက်နေသောကာလမှာ ကားလမ်းပေါက်ရာ မြို့/ရွာရောက် တိုင်း လစာပေးအဖွဲ့ကိုခေါ်သည်။ တပ်ရေးနှင့်တပ်ထောက်တို့ အလှည့်ကျလာရသည်။ ကျွန်တော့် မှာ Duplicating စာ အုပ် အမြဲထားသည်။ပထမစာမျက်နှာမှာ  စာရေးမှတ်၍ဖြုတ်ယူလိုက်လျှင်ဒုတိယစာရွက်မှာ ကာဗွန်စာရွက်မှ မင်နှင့် မိတ္တူကူးပြီးသားကျန်ခဲ့သည်။

နောက်တန်းမှာလုပ်စရာရှိတာတွေကို ရှေ့တန်းမှစဉ်းစားရသမျှ တစ်ချက်ချင်းနံပါတ်တပ်၍ ရေး မှတ်ထားသည်။လစာပေးအဖွဲ့လာလျှင်ရေးမှတ်ထားသမျှ တစ်ချက်ချင်း အသေး စိတ် မှာကြားသည်။အရာရှိ များ ကရေး မှတ်ကြသည်။ အချက်တွေရေးထားသောစာရွက်ကို ဖြုတ်ကာ ပေးလိုက် သည်။ ကျွန်တော့်မှာ လက်ခံစာရွက်ရှိနေသည်။

လစာပေးအဖွဲ့ပြန်သွားပြီး နောက်တန်းမှာ လုပ်စရာတွေ ကျွန်တော်မှာသမျှတစ်ချက်ချင်း   သူ လုပ် စရာကိုယ်လုပ်စရာခွဲကြရသည်။ တစ်ဦးချင်းစီ  စစ်ရေး၊ စစ်ထောက် သက် သာချောင် ချိ ရေး  ကိုယ့်တာဝန် ကိုယ် လုပ်ကြရသည်။နောက်တစ်လ လစာပေးအဖွဲ့လာချိန်မှာ ကျွန် တော် မှာထားသမျှဆောင်ရွက်မှု၊ တိုးတက်မှုတို့ကို  ကျွန်တော်လက်ခံ စာရွက် နှင့်ပြန် စစ်ဆေးသည်။

ကျွန်တော်တပ်ရင်းသို့ရောက်စမှာ ဗိုလ်ကြီးတင်အောင်ဆိုသူသည် တပ်ထောက်ဖြစ်၍ ဗိုလ်ကြီး အောင သောင်း(ဗိုလ်သင်တန်း ၁၅)က တပ်ရေးဖြစ်သည်။ ဗိုလ်ကြီးတင်အောင်သည် ငယ်စဉ် က ကျွန်တော်နှင့်ကျောင်းနေ ဖက်သူငယ်ချင်းဖြစ်သည်။ ၁၉၄၆ ခုနှစ်မှာ ကွဲသွားကြပြီး၁၉၇၂ ခုနှစ်မှာ ပြန်တွေ့ကြရသည်။ ကွမ်းအမြဲစားသောဗိုလ်ကြီးတင်အောင်ကို ကွမ်းတင်အောင် ဟုလည်း ခေါ်ကြသည်။

ငယ်သူငယ်ချင်းဖြစ်ပါလျက် အခြားအရာရှိများရှေ့တွင် ကျွန်တော့်ကို တပ်ရင်းမှူးအဖြစ်သာ လေး လေးစားစားဆက်ဆံတတ်သည်။ သူက အခွင့်အရေးလည်းမယူ၊ နေရာလည်း မယူတတ် သလို သူ့ဇနီး မဝင်းကြည် ကလည်း ကျွန်တော့်ဇနီးကို နေရာထား၍ဆက်ဆံတတ်သည်။

ထိုသူငယ်ချင်းတပ်ထောက်ဗိုလ်ကြီး လစာပေးအဖွဲ့နှင့် ရှေ့တန်းသို့လာသောအခါ နောက် တန်းတွင်လုပ်စရာအလုပ်များ ကျွန်တော်ကမှာနေစဉ် ဗိုလ်ကြီးတင်အောင်က သေသေချာ ချာနား ထောင်သည်။ သူ့စာအုပ် ထဲ မှာ အသေးစိတ် လိုက်မှတ်သည်။ အမှတ်စဉ်များတပ်သည်။အမှတ် စဉ်ဘေးမှာ ကြယ်ပွင့်လေးတွေ မှတ်ထားသေးသည်။

ထိုအခါ ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးထွန်းကြည်က 'အစ်ကိုလေး ကြယ်ပွင့်တွေကလည်း အချက် တိုင်းမှာကြယ်တွေချည်းပါလား'ဟု ထပ်တွန့်လိုက်ရာ လူရိုးကြီးကရယ်ကျဲကျဲနှင့်။ 'စီအိုကြီးပြော သမျှတွေက နောက် တန်းမှာ လုပ်စရာတွေချည်းမို့ ကြယ်ပွင့်နဲ့မှတ်နေတာပါ' ဟုဖြေသည်။

ထိုအချိန်မှစ၍ လူငယ်အရာရှိတွေက သူ့ကို ကွမ်းတင်အောင်ဟုမခေါ်တော့ဘဲ ကြယ်ပွင့် ဗိုလ်ကြီး ဟု ဝိုင်းခေါ်ကြတော့သည်။လစာပေးအဖွဲ့ နောက်တစ်လလာလျှင် ပထမလက မှာလိုက် သမျှဆောင်ရွက်မှု အခြေ အနေကို တစ်ချက်ချင်းပြန်လည်သတင်းပို့စေသောစနစ်ဖြင့် တပ်ရင်းမှူးဘဝငါးနှစ်တာကာလမှာ ရှေ့တန်းမှနောက်တန်းသို့ ကွပ်ကဲခဲ့ရခြင်းသာဖြစ်ပါ၏။စာအုပ် တန်ဖိုးကျွန်တော်သည် ၁၉၅၅ ခုနှစ် ဇန်နဝါရီလမှ ၁၉၅၇ ခုနှစ် စက်တင်ဘာလအထိ ဗိုလ်သင် တန်းကျောင်းတွင်နည်းပြအရာရှိတာဝန်ထမ်းဆောင်ခဲ့ရသည်။၁၉၅၇ ခုနှစ်ဆန်းပိုင်းမှာ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ တာဝန်နှင့်ခေတ္တဆင်းရင်း စာအုပ် ဆိုင်မှ စာအုပ်သေးသေး တစ်အုပ် ဝယ်လာခဲ့သည်။

အရွယ်မှာ  ငါးလက်မနှင့်  လေးလက်မခွဲအရွယ် စာအုပ်သေးသေးပါးပါးလေးဖြစ်သည်။ စာမျက်နှာ ၄၁မျက်နှာပါသည်။ ထိုမျှငယ်သော စာအုပ်လေးကိုဝယ်လာပြီး ဖတ်ကြည့်ပါမှ တန်ဖိုးရှိ သော စာအုပ်ဖြစ်ကြောင်းတွေ့ ရသည်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အသုံးကျလိမ့် မည် ဟု ကြိုတင်မျှော်မှန်းကာ တရိုတသေသိမ်းထားခဲ့သည်။The Administrative Aide Memoire 500 reminders for officers ဟူသော စာအုပ် ကလေးဖြစ်သည်။ ထို စာ အုပ်ငယ်ကို Major RCW Thomas ဆိုသူမှပြုစုထားခြင်းဖြစ်သည်။      

ဆက်လက်ဖော်ပြပါမည်။

Read 433 times
Rate this item
(0 votes)
Last modified on Friday, 22 September 2017 09:56

Latest from