SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကဒူးမမှ မော်ဖသို့

Saturday, 23 September 2017 09:31 Written by  font size decrease font size decrease font size increase font size increase font size

စာအုပ်ထဲတွင် မေးခွန်းပုံစံဖြင့် အချက် ၅ဝဝ ပါသည်။

ငွေစာရင်းမှစ၍ လက်နက်တိုက်၊ ခဲယမ်းသိုလှောင်ရုံ၊ရိက္ခာ၊ အရာရှိအကြပ်စားရိပ်သာ၊ မော် တော် ယာဉ်မှအစတပ်တွင်းစစ်ဖိနပ်ပြုပြင်ရာဌာနပါမကျန် စစ်ဆေးရန်အချက်တွေကို မေးခွန်း တွေ အဖြစ်ရေးထားသည်။

ဥပမာ-(၁) (1) Are All unit accounts audited at the end of Each quarters (26) Are all Personal required to sign for their own arms (61) Has the unit a proper boot repairingcontract (475) Have the unit a welfare offi cer and whatare his duties?

(500) When offi cers relinquish or assume appointmentswithin the unit, are properhanding and taking over certifi cates beingsigned ဟူ၍ တပ်ရင်းတစ် ရင်း အ တွင်း စစ်ဆေးသင့်သောဌာနများအလိုက် လုပ်ငန်းဆိုင်ရာမေးခွန်းများပါရှိသည်။ ၎င်းတို့ ဗြိတိ သျှ တပ်မတော်အတွက် ရေးသားပြုစုထားခြင်းဖြစ်သော်လည်း ကျွန်တော်တို့အတွက် သင့် လျော် ရာသင့်လျော်ရာကို သင့်လျော်သလို စပ်ဟပ်အသုံးပြုနိုင်ကြောင်း လက်တွေ့ တွေ့ရှိ ရပါသည်။

၁၉၇၂ ခုနှစ် ကျွန်တော် တပ်ရင်းမှူးတာဝန်ယူချိန်မှာဤ Check List ကို လေ့လာချက်၊ ကိုယ့် တပ်ရင်းအတွက်ချို့ယွင်းချက်မရှိအောင်ကြိုးစား၍ စစ်ဆေးပြုပြင်ခဲ့ရပေသည်။

တပ်မတော်တစ်ရပ်လုံးအတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးညွှန်ကြားရေးမှူးရုံးမှ အလျဉ်း သင့်သလို တပ်ရင်းတပ်ဖွဲ့များကို လိုက်လံစစ်ဆေးရာတွင် စစ်ဆေးရန် အချက် များ ပြုစုယူဆောင်လာကြောင်း သိရပါသည်။

ထိုသို့လာရောက်စစ်ဆေးခြင်းမပြုမီကပင် ကြိုတင်စစ်ဆေးရန်အချက်များ တပ်ရင်းတပ် ဖွဲ့တိုင်း သို့ ဖြန့်ဝေပေးထားပြီး ကိုယ့်တပ်ကို ကိုယ့်အဖွဲ့နှင့်စစ်ဆေးလျှင် ပိုမိုသင့်လျော် မည်ဟု ယူ ဆပါသည်။

မည်သို့ဆိုစေ ၁၉၅၇ ခုနှစ်က ဝယ်ယူသိမ်းဆည်းထားခဲ့ သော ငွေကြေးတန် ဖိုးနည်း စာအုပ်ငယ်လေးသည် ၁၉၇၂ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ကျွန်တော့်တပ်ရင်း ကျွန်တော် ကွပ်ကဲ ရာတွင် အကျိုးကျေးဇူးကြီးစွာ အထောက်အကူပြုခဲ့ကြောင်း ထင်ရှားလှပေတော့သည်။

မူးနေသောရဲဘော်အမြဲတမ်းလိုလို စစ်ဆင်ရေးထွက်နေရသော တပ်များတွင် စည်းနှင့် ကမ်း နှင့်နေသော ရဲဘော်ရှိသလို စည်းကမ်းမလိုက်နာသူလည်းရှိသည်။ မူးလျှင်ဆိုးသူ လည်း ရှိသည်။ပေတေတေဂျစ်ကန်ကန်စစ်သည်လည်းရှိသည်။တပ်မတပ်ရင်းမှာ ကျွန်တော်တပ်ရင်းမှူးလုပ်သက်ငါးနှစ်ကြာခဲ့သည်။ တပ်မမှူးငါးယောက် လက် အောက်မှာ တာ ဝန်ယူခဲ့ရဖူးသည်။တပ်မမှူး ဗိုလ်မှူးကြီးလှဖေက တပ်အုပ်ချုပ်မှုပညာပေးခဲ့သည်ကို ယခုတိုင် စွဲစွဲမြဲမြဲကျင့် သုံးခဲ့မိ ပါသည်။

'ကိုညွန့်ဆွေ တပ်မှာ တပ်မှူးဘာလုပ်တတ်သလဲ၊တပ်မှူးဘာဝါသနာပါသလဲဆိုတာ လက် အာက်သူတွေက လေ့လာကြတယ်။ တပ်မှူးလုပ်တာ ဝါသနာပါတာကို အကြိုက် လိုက် လုပ်တဲ့ သူတွေရှိတယ်''တကယ်တော့ အထက်လူကြီးကို လေ့လာဖို့ထက်ခင်ဗျားတပ်က လူ ငယ်တွေ ကို သိအောင်လုပ်ဖို့အရေးကြီးတယ။် အရာရှိ အကြပ်တွေကို သေချာလေလ့ာ ထားမှ ဘယ် နေ ရာ၊ ဘယ်တာဝန်မျိုးမှာ ဘယ်သူ့ကိုတာဝန်ပေးရမလဆဲ တိုာ မနှ မ် နှ က် နက် နေ် ရွး ပြီး တာဝန်ပေးတတ်မယ'် 'ဒါဟာ အရေးကြီး ဆုးံပဲဟု ပြောဖူးသည်။လူရိုလူအေး ပုတီး သမား တွေချည်းစုနေရင် စစ်တိုက်တဲ့နေရာမှာ ရွပ်ရွပ်ချွံချွံရှိချင်မှရှိမည်။ မူးတဲ့လူ၊ ရမ်းတဲ့လူ၊ တစ် ဇွတ် ထိုးသမား၊ ဇွဲရှိသူ စသူတို့သည် တကယ့်အရေးမှာတာဝန်ပေးလျှင် တကယ့် စွန့် စားတတ်သည့် သာဓကများစွာလည်းတွေ့ခဲ့ရသည်။

တစ်နေ့သောအခါမှာ ကျွန်တော်တို့မိသားစုတွေမန္တလေးမြို့ထဲသွား၍ ညစာစားကြသည်။ ရေခဲမုန့်၊ဖာလူဒါစားကြသည်။ ကျွန်တော်တို့ဇနီးမောင်နှံနှင့် သားသမီး၊ တူ တူမလေး ခြောက် ယောက်ပေါင်းတော့ မာဇဒါဂျစ်တစ်စီးအပြည့်ဖြစ်သည်။ ည ၉ နာရီလောက် နန်းရှေ့မှ အရှေ့စူး စူး ရန်ကင်းတောင်သို့ဦးတည်လျက် ကားမောင်းလာရာ တစ်လမ်း လုံးရှင်းနေသည်။ ကျီးကုန်းရွာနားမရောက်မီ လမ်းလယ်ကောင်မှာ လူတစ်ယောက်လမ်းပြည့်အောင် ယိုင်ထိုး ယိုင် ထိုး လျှောက်နေသည်ကို ကားမီးနှင့်အဝေးက တွေ့ရသည်။

ကားအနားရောက်သော်လည်း ထိုသူကမဖယ်၊ ကားကိုလက်ပြန်တားသည်။ မီးရောင်မှာ ထင် ရှား စွာတွေ့ရသည်က ပုဆိုးကွင်းသိုင်းထားသည်။ ဘောင်းဘီမပါ ။မိမွေးတိုင်း ဖမွေးတိုင်း ပုံစံနှင့်အတော်မူးနေသည်။ တပ်ကရဲဘော်ဖြစ်ကြောင်း ကျွန်တော် သိသည်။

'ကားမီးထိုးတာဘယ်သူလဲ'ဟု အမူးသမားကမေးသည်။စိတ်တိုတတ်၍ စိတ်မြန်လက်မြန် ရှိ သော ကျွန်တော်တော့ ဒီရဲဘော်ကိုဆုံးမတော့မည်ကို မသက်ဆွေကစိုးရိမ်နေ သည်။ 'လက်မ ပါနဲ့ နော် ကိုမောင်'ဟု ပြောနေသေးသည်။ ကျွန်တော်က အသံကိုမြှင့်၍'ဟေ့ကောင် ဘာဖြစ် နေတာလဲ။ လာခဲ့ ကားပေါ်တက်စမ်း'ဟု အော်လိုက်သည်နှင့် လမ်း ကို ကောင်းစွာမလျှောက်နိုင်သော ရဲဘော်က လုံချည်ကိုပြန်ဝတ်သည်။ သတိဆွဲကာ အလေးပြုသည်။ လူကယိုင် နေ သည်။'ကားပေါ်တက်'ဟု လေသံ မာမာနှ င့်ပြောလိုက်ရာဟုတ်ကဲ့တစ်ခွန်းပြောပြီး ကားနောက် ခန်း မှာ သားတွေ၊တူတွေနဲ့အတူ တက်ထိုင်သည်။ တုတ်တုတ်မျှမလှုပ်တော့ပေ။

ကျွန်တော်လည်း တပ်ရင်းဗဟိုကင်းသို့ ကားကိုတန်းမောင်းသွားရသည်။ ကင်းမှူးကိုခေါ်၍ ဒီရဲဘော် ကိုအချုပ်ထဲမှာသိပ်ထားလိုက်ဖို့နှင့် အချုပ်သားစာရင်းမှာ မှတ်တမ်းမရေးဖို့ မှာရင်း လွှဲပေး လိုက် ရာ အောက်ဆင်းပြီးအလေးပြုလျက် ယိုင်ထိုးယိုင်ထိုးနှင့် အချုပ်ခန်းထဲ ဝင်သွား တော့သည်။အိမ်ပြန်ရောက်မှ တပ်ရေးဗိုလ်ကြီး ထံဖုန်းဆက်၍ အသိပေး လိုက်ရ ပါသည်။

ကျွန်တော့်ဇနီးက အံ့သြနေသည်။ ဒီလောက်စိတ်တိုတတ်တဲ့လူက ရဲဘော်အမူး သမား တွေ့တော့ မဆူမဆဲမရိုက်မပုတ်နဲ့ ဘယ်လိုဖြစ်တာလဲဟုမေးလာသောကြောင့် တပ်မမှူး ဗိုလ်မှူးကြီး လှဖေပြောကြားချက်ကိုပြန်လည်ရှင်းပြလိုက်ရပါတော့သည်။စစ်ဆင်ရေးတပ်မှာ လူကိုကိုင်တွယ်တတ်မှ စစ်တိုက်၍ရမည်သာဖြစ်ပါ၏။ အရက်သောက် သူတိုင်း လူဆိုးမဟုတ်ကြသည်ကသေချာလှပါ၏။တပ်ရင်းသံယောဇဉ်ဖိုး ဂေါ်ရခါးခေါ် ခလရ(၄)မှာ တပ်ကြပ်ကြီး မောင်ကျော်ဆိုသူ ရှိသည်။ လူပျိုဖြစ်သည်။ အရက်ကို အလွန်ကြိုက်သည်။

ဆက်လက်ဖော်ပြပါမည်။

Read 414 times
Rate this item
(0 votes)
Last modified on Saturday, 23 September 2017 09:33

Latest from