SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Monday, 25 September 2017 09:03 Written by  font size decrease font size decrease font size increase font size increase font size

ဝတ်ကြီးဝတ်ငယ် ပြုရသည်။ ဆရာတော်ဘုရားသည် ၁၉၅၆ ခုနှစ်ကတည်းက နယ်စပ်တောင်ပေါ် ဒေသတွေမှာ သာသနာ မကွယ်ပျောက်ရအောင် တောင်တန်းသာသနာပြု စီမံကိန်းအရ ရန်ကုန်မဟာစည် ကျောင်းတော်ကြီးမှ ကြွရောက် သီတင်းသုံးရသော ဆရာတော်ဖြစ်ကြောင်း သိရသည်။ နမ့်ခမ်း သာမက ပလောင်တောင်ကြော တစ်ခုလုံးနှင့် နယ်စပ်မြို့ငယ်များပါမကျန် သာသနာပြု ကိုယ်တော်တွေ ဖြန့်ခွဲစေလွှတ်ခဲ့ကြရာမှ တစ်ပါးအပါအဝင်ဖြစ်သည်။

ထိုမဟာစည် ဆရာတော်ထံမှစတင်၍ သမထဝိပဿနာ ဘာဝနာကို ကြားနာရင်း လက်တွေ့စမ်းသပ်ခွင့် ရပါတော့ သည်။ မဟာစည်နည်းအရ ပိန်ဖောင်းကို အခြေခံမှတ်ရသည်။ လူငယ်စိတ်မကုန်သေးဘဲ တက်တက်ကြွကြွ လှုပ်လှုပ် ရှားရှားဖြစ်သော ကျွန်တော့်မှာ တင်ပျဉ်ခွေထိုင်ရင်း ပိန်တာဖောင်း တာ မှတ်သော်လည်း မှတ်မရ၊ ခြေကျဉ်တာ၊ ညောင်းတာသာ အဖတ်တင်သည်။ သည်တော့ ဆရာတော်က မှတ်နည်းပြောင်းပေးသည်။ ပက်လက်အိပ်ရင်း ဝမ်း ဗိုက်ပိန်ဖောင်းတာ မှတ်ခိုင်းသည်။ အိပ်ရာအမာခံမှာ ကျောကပ်ထားသည့်အတွက် ဝမ်းဗိုက်ပိန်ခြင်းဖောင်းခြင်းကို ထိုင်လျက်မှတ်ရတာထက် ပိုသိသာသည်။

ကျွန်တော့်လို အစိမ်းသက်သက်ကို သိသာလွယ်သောနည်း ဆရာတော်က ပြောင်းပေးခြင်းဖြစ်သည်။ တကယ်တော့ ရောက်လေရာရာ ရွာဘုန်းကြီး ရွာဘုန်းကြီးကျောင်းတွေမှာ ကုသိုလ်ပြုသည်။ လှူသည်၊ ဆွမ်းကပ်သည်၊ ဤသို့သော ဒါနပါရမီရှိခဲ့သည်မှာ နှစ်ပေါင်းကြာပြီ ဘာဝနာအလုပ်ကို မလုပ်ြ ဖစ်ခဲ့သေး။ ယခုမှစတင်နည်းနာ ခံယူလေ့ကျင့်ရပါ တော့သည်။ နံနက်အိပ်ရာထ သန့်ရှင်းရေးကိစ္စများ လုပ်ပြီးချိန်မှာ နာရီဝက်ကြာ တရားမှတ်သည်။ ပက်လက်မှတ်ရင်း ပိန်တာဖောင်းတာကို ပိန်မှန်းဖောင်းမှန်းသိသော အဆင့်သာရှိသည်။ အခြေခံ၏ စလုံးရေးစကို ယခုမှတကယ်စ ဖြစ်ရခြင်းဖြစ်သည်။

တရားမှတ်ပြီး ထွက်လာမှ နံနက်စာလက်ဖက်ရည် သောက်သည်။ ၈ နာရီမှာ မြေပုံရှေ့ထိုင်ရင်း ထောက်လှမ်းရေး အရာရှိ ဗိုလ်သိန်းဆွေက ဗျူဟာမှဝင်လာသော ညွှန်ကြားချက်များ၊ စစ်ကြောင်းနှစ်ကြောင်းနှင့် တပ်ခွဲများမှ အစီရင် ခံစာများ၊ လှုပ်ရှားမှုများ၊ ဒေသမှ ထောက်လှမ်းရေး သတင်းများကို မြေ ပုံနှင့်ရှင်းပြသည်။ နောက်တန်း တပ်ရင်းမှ တင်ပြချက် ကြေးနန်းများနောက်ဆုံးမှ တင်ပြသည်။ ကျွန်တော်က ညွှန်ကြားစရာရှိတာ ညွှန်ကြားရသည်။ နေ့စဉ် ပထမဆုံး အလုပ်စလုပ်ရခြင်းက ထိုသို့ မြေပုံခန်းမှပါတည်း။

တစ်နေ့သောနံနက်မှာ ထိုသို့ အခြေအနေတင်ပြအပြီး ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောနေမိသည်။ ဗိုလ် သိန်းဆွေရယ် ကွန်မန်ဒိုတပ်စုမှူး ဗိုလ်မောင်နီရယ် အရန်တပ်စုမှူး ဗိုလ်မြင့်သိန်းရယ်၊ နမ့်ခမ်းမြို့တာဝန်ခံ ဗိုလ်ကြီး ခင်မောင်မြင့်ရယ် တပ်အကြောင်း၊ မြို့အကြောင်း ပြောနေကြစဉ် ဗိုလ်သိန်းဆွေက တင်ပြစရာရှိလို့ဟု စပ်ဖြဲဖြဲလုပ်နေ သည်။ ''ဘာလဲကွ''ဟုမေးမှ ''ဗိုလ်မှူး မနက်တိုင်း တရားမှတ်တာ တစ်လရှိပါပြီ။ တစ်နေ့ကို သုံးကြိမ်လောက် တရား မှတ်ရင် ပိုကောင်းမလားလို့ပါ''ဟု ဆိုသည်။ အလုပ်ကိစ္စမှလွဲလျှင် အမြဲမဟုတ်တာ ပြောတတ်သော မောင်ရွှင်ဟု အမည်တွင်သူက ထိုသို့ပြောသောအခါ ကျွန်တော်ကလည်း အကောင်းမထင်နိုင်။''မင်းဘာမဟုတ်တာ ပြောမလို့လဲ'' ''မဟုတ်တာမပြောပါဘူး။ ဗိုလ်မှူး မနက်စောစော တရားမှတ်ပြီး ထွက်လာစ တစ်နာရီလောက်မှာ ဒေါသသိပ်မကြီးဘူး။ သိပ်မဆဲဘူး။ ကျွန်တော်တို့ တော်တော် သက်သာနေပါတယ်။ တစ်နေ့မှာ သုံး ခါလောက် တရားမှတ်လို့ သုံးခါ လောက် အဆူအဆဲခံရတာ သက်သာရင် ပိုကောင်းမလားလို့ပါ''ဟု ရယ်ကျဲကျဲပြောပုံက သူ့မွေးရာပါ ပုံစံအတိုင်းဖြစ်သည်။ သည်တော့ ကျွန်တော်ကလည်း ချီးမွမ်းလိုက်ပါသည်။ ''သေနာလေး ငရွှင်''ဟူ၍

နယ်စပ်မှာ ဘုရားတည်

၁၉၇ဝ ပြည့်နှစ်မှစ၍ နောက်ပိုင်းတွင် အရှေ့မြောက် ရှမ်းပြည်နယ်ဒေသတွင် တပ်မရှေ့တန်း စစ်ဆင်ရေးဌာန ချုပ်နှစ်ခုနှင့် တပ်ရင်း ၁၆ ရင်းတာဝန်ယူခဲ့ကြရသည်မှာ ကျွန်တော် တပ်ရင်းမှူးဘဝ ၁၉၇၂ မှ ၁၉၇၇ ခုနှစ်အထိ ဖြစ်သည်။ ဗကပတို့ မဟာဗျူဟာဖြစ်သော မြို့သိမ်းတိုက်ပွဲများ ဖန်တီးခြင်း မပြုနိုင်အောင် ကျွန်တော်တို့ တပ်မတပ်များက လှုပ် ရှားရသည်။ ရန်သူကို ရှာ၍တိုက်ရသည်။ နယ်မြေခံဖြစ်သော တိုင်းတပ်ရင်းများနှင့် ဆက်စပ်လှုပ်ရှားရသည်။ တပ်မတပ်ရင်းများအနက် လှုပ်ရှားရင်း ပင်ပန်းလွန်းသောတပ်ကို အလှည့်ကျအနားရအောင် မြို့လုံခြုံရေး တာဝန်ပေးတတ် သေးသည်။ ၁၉၇၅ - ၁၉၇၆ ခုနှစ်ဆီက နမ့်ခမ်းမြို့လုံခြုံရေး ခေတ္တ တာဝန်ယူရသည်။ တပ်ရင်းမှူး၏ စစ်ကြောင်းရုံးနှင့် ကွန်မန်ဒိုတပ်စုကို မြို့တောင်ဘက် စိုးမိုးတောင်ကုန်းမှာ နေရာချထားရသည်။ ဗိုလ်ကြီး ခင်မောင်မြင့် ဦးစီးတပ်ခွဲတစ်ခွဲကို မြို့တွင်းမြို့ပြင်မှာ ထားရသည်။ ရှမ်းပြည်(မြောက်ပိုင်း)နှင့် ကချင်ပြည် နယ် ဆက်သွယ်သော အဓိကလမ်းကြောင်း သည် ရွှေလီမြစ်နှင့် နမ့်ဝမ်ချောင်းဆုံရာ ရွှေလီတံတားမှ ဖြတ်ရသည်။ ထိုတံတားလုံခြုံရေးအတွက် ဗိုလ်ကြီးမောင်နီ ဦးစီးသော တပ်စုတစ်စု တာဝန်ပေးထားသည်။

လျှို့ဝှက်အလှူ

ထိုအချိန်က တစ်ဖက်နိုင်ငံတွင် ရှေးကဘုရားတွေကို ဖြိုဖျက်ထားချိန်ဖြစ်သည်။ ရွှေလီမြစ်၏ ဟိုဘက်ကမ်း သည်ဘက် ကမ်းတွင် နေထိုင်ကြသူများမှာ ဆွေမျိုးတွေ တော်စပ်ကြသည်။ ဟိုဘက်သည် ဘက်ဈေးနေ့များတွင် ကူးသန်းသွား လာရောင်းဝယ်မှုပြုကြသည်။ ကျွန်တော်တို့ရှိနေစဉ် နမ့်ခမ်းမြို့၌ ပွဲလိန်ဆီခေါ် တပေါင်းပွဲတော် ကျင်းပသည်။ ရှမ်း ပြည်မှာ ဘုရားပွဲကျင်းပလျှင် ပန်းဒကာဆိုသူသည် အရေးကြီးလှပါ၏။ လာရောက်လှူဒါန်းသမျှ တစ်ကျပ်တစ်ပြားမှစ၍ စာရင်းရေးသွင်း မှတ်တမ်းတင်ရသည်။ အလှူကြီးနေ့တွင် နံနက်စောစောမှစ၍ အလှူရှင်များစာရင်းကို ပန်းဒကာနှင့် အဖွဲ့က အသံချဲ့စက်ဖြင့် ကြေညာပေးရသည်။ လှူဒါန်းထားသူများကလည်း စောင့်နားထောင်ကြသည်။ ကြည်ညို သဒ္ဓါပွားကြသည်။ သာဓုခေါ်သည်။ ရွှေလီမြစ်တစ်ဖက်ကမ်းမှ ဈေးနေ့လာရင်း လှူကြသည်။ လှူသာလှူသော်လည်း သူတို့အမည်ကို မှတ်တမ်းတင်ခြင်း၊ လူသိရှင်ကြားကြေညာခြင်းတို့ မပြုလုပ် ရန် တောင်းပန်ထားကြသည်။ သွေးချင်း ဆက်၍ မွေးဖွားကြသူအချင်းချင်း ရွှေလီမြစ်ရေခြားနေကြသည်။ ရွှေလီမြစ် ရေအောက်တွင် မြေသားရှိသည်။ ဆွေမျိုးတွေအကြား မြေမခြားကြပါပေ။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 434 times
Rate this item
(0 votes)
Last modified on Monday, 25 September 2017 09:19