SJ WorldNews - шаблон joomla Авто

စာရေး ဆရာကြီး ရန်အောင်

Thursday, 22 August 2019 10:00 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံခေတ် အဆက်ဆက်၊  သမိုင်း အဆက်ဆက်မှာ  ထူးချွန် ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ၊  လူပုဂ်္ဂိုလ်တွေများစွာ ရှိခဲ့ပါတယ်။ ထိုပုဂ်္ဂိုလ် များအနက် စာရေးဆရာကြီး မောင်ထင်ရေးသား ပြုစုတဲ့ ပုဂ အဘိဓာန်စာအုပ်မှ စာပေအနုပညာရှင်များနဲ့ ထူးချွန်ထင်ရှားပုဂ်္ဂိုလ်တချို့အကြောင်းကို စာဖတ်ပရိသတ်များ  လေ့လာသိရှိစေရန်အလို့ငှာ စာရေးဆရာကြီးရန်အောင်အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကံအကြောင်းတရားကြောင့် ဆရာကြီးဦးရန်အောင် သည် ဇနီးသည်တစ်ယောက်ထက်ပို၍ ယူခဲ့သည်။ မည်မျှပိုသည်ကို ကျွန်တော်မသိပါ။ မြန်မာနိုင်ငံတွင် မိန်းမတစ်ယောက်ထက်ပိုယူလျှင် ရာဇ၀တ်မသင့်ပါ။ နဖူးစာ ကံစီမံရာကို မနုဿ လူသားတို့ လိုက်နာနေ ကြရပါသည်။ ထို့ကြောင့် ဤအကြောင်းကိုမူတည်၍ ဆရာကြီးအား အပြစ်မဆိုထိုက်ပါ။ များများယူသူ သည် မသဘာဝကို များများသိပါလိမ့်မည်။

မသဘာဝသည် လူ့သဘာဝ၏ အစိတ်အပိုင်းတစ် ရပ်ဖြစ်ပါသည်။  ဤအချက်ကို  ဆန့်၍စဉ်းစားလျှင်  မသဘာဝ အဖွဲ့သည် သဘာဝတအဖွဲ့တွင် အကျုံးဝင် သည်ဟု ဆိုရမည်။

ယင်း သဘာဝတအဖွဲ့ကို   ဖွဲ့ဆိုရာ၌   ဆရာကြီး ဦးရန်အောင်သည်  အလွန်မြန်ဆန်ပါသည်။  သူရေး ခဲ့သော အိမ်ထောင်ရေးအဖွဲ့အနွဲ့များကို ပြန်ဖတ်ကြည့် ကြပါ။ ဆရာကြီးသည် မြန်မာလိုတွေးသည်။ မြန်မာ လို စဉ်းစားသည်။  မြန်မာလို အိမ်ထောင်ပြုသည်။ မြန်မာလို  လင်မယားရန်ဖြစ်ကြသည်။  မြန်မာလို ကွာရှင်းပြတ်စဲသည်။   သို့သော်   သားသမီးများကို  လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုခဲ့သည်။ ယင်း ပြုစုခြင်းမှာလည်း အလွန်မြန်မာဆန်သော ဓလေ့ထုံးစံ တစ်ခုဖြစ်သည်။

ဆရာကြီးဦးရန်အောင်၏စာကို ကျွန်တော်ကြိုက်သည်မှာ သူ့စာသည် မြန်မာဆန်သောကြောင့် ဖြစ်ပါသည်ဟု    ကျွန်တော် တင်ပြခဲ့သည်။    ယခု  ဤအချက်ကို    အတန်ငယ်ရှင်းလင်းရေးသားလိုပါ သည်။

ခရစ် ၁၈၈၆ ခုနှစ်တွင်  မြန်မာတို့၏ထီးနန်းသုဉ်း ခဲ့ပြီဖြစ်၍  မြန်မာ့စာပေ၊  အနုပညာယဉ်ကျေးမှုတို့ သည် ပင်လယ်တွင် လှေနစ်သကဲ့သို့ နစ်မြုပ်သွားလေသည်။  ထိုခေတ်တွင်  ရုံးသုံးကိစအလို့ငှာ  မြန်မာတိုင်းရင်းသား တို့သည် အင်္ဂလိပ် ဘာသာကို လေ့လာ ကြရသည်။

ဤကဲ့သို့  အင်္ဂလိပ်ဘာသာကို  သင်ယူနေကြ သော ၁၄ နှစ်ကျော်ကာလပတ်လုံး မြန်မာစာပေနှင့် ဆိုင်သော  လှုပ်ရှားမှု ဟူ၍  စာတစ်အုပ်၊   ပေတစ်အုပ်မျှ မရှိခဲ့ပါ။     မြန်မာ့တရား ဥပဒေနှင့် ဆိုင်သော ကျမ်းများကို ကင်းဝန်မင်းကြီးက ဗြိတိသျှတို့၏ ဆနကို ဖြည့်ဆည်းရန်အလို့ငှာ  ပြုစုခဲ့သည်ကားရှိခဲ့ပါ၏။ သို့သော် မြန်မာတို့၏ ရသစာပေဖြစ်သော Creative Writing ဟူ၍ မပေါ်ပေါက်ခဲ့ပါ။

၁၉  ရာစုနှစ်ကုန်ဆုံး၍  ၂၀   ရာစုနှစ်ထဲသို့ ၀င်သောအခါ  မြန်မာ တိုင်းရင်းသား စာပေဖန်တီးသူ ပညာရှင်တို့သည်      အင်္ဂလိပ်စာပေ၏ အရသာကို  အထိုက်အလျောက် ခံစားတတ်လာကြသည်။

ထိုအခါ အင်္ဂလိပ်စာရေးဆရာ ဒီဖိုး  (Defoe) ၏ ၀္ထု၊ ပြင်သစ်စာရေးဆရာ အယ်လက်ဇန္ဒာဒူးမား၏ ၀္ထု၊ အင်္ဂလိပ် ရိုမန်တစ် ၀္ထုစာရေးဆရာ ဆာဟင် နရီရိုက်ဒါဟက်ဂါ့ဒ်၏    ရသစာပေအဖွဲ့ အနွဲ့တို့ကို မြန်မာစာပေ ပညာရှင်တို့က နှစ်ခြိုက် လာကြသည်။

ဤသည်တွင်  ရော်ဘင်ဆန် ခရူးဆိုးအကြောင်း၊   မောင်ရင်မောင် မမယ်မ အကြောင်း၊ ရူပနနီ်္ဒ အကြောင်း စသည်တို့ကို   ပထမ မှီး ယူသူတို့၏ ကျေးဇူးကြောင့် သိကျွမ်းလာကြသည်။ ရော်ဘင်ဆန်ခရူးဆိုးနာမည် ကို ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသားတို့ ကောင်းစွာ သိကြမည်။  မောင်ရင်မောင်ဟုဆိုလျှင်  Count  of Monte Cristo ဟု နားလည်လာ ကြသည်။ ရူပနနီ်္ဒမှာ She ဟူသော ၀္ထု ဖြစ်သည်ဟုလည်း  မှတ်သားလာ တတ်ကြသည်။

သို့ရာတွင် ယင်း ၀္ထု များကို ဖွဲ့နွဲ့သောပုံစံ၊ သုံး နှုန်းသော  မြန်မာစကား၊္ထု သွားအလှည့်အပတ် များမှာ မြန်မာ သဘာဝအတိုင်း ရိုးရိုးပင်ဖြစ်၍ ယင်း ၀္ထု အကြောင်းတို့သည် အင်္ဂလိပ်ဘာသာမှ တစ်ဆင့် မြန်မာစာပေထဲ  ၀င်ရောက် လာသည်ကို ရုတ်တရက် မသိကြချေ။ အထူးသဖြင့် မြန်မာ့ အတွေးအခေါ်နှင့် ဆန့်ကျင်သော အချက်အလက်တို့ကို ဘာသာပြန်၍ မှီးယူသူတို့က     မြန်မာသဘာဝနှင့် ကိုက်ညီအောင်  ပြုပြင်ထားကြသောကြောင့်  မြန်မာ့ ၀္ထု အဖွဲ့ ဟုပင် မှတ်ယူကြသည်။

မြန်မာ့စာပေ အနုပညာသဘာဝကို မပျက်အောင် နည်းလမ်းပြသော  ပုဂ်္ဂိုလ်တို့လည်း  အထင်အရှား ပေါ်ပေါက် လာ သည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး သည် မနလေးစာပေ အနုပညာ ယဉ်ကျေးမှု၏ မီးရှူး တန်ဆောင်ဖြစ်သည်။   မစ်္စတာမောင်မှိုင်းအမည်ခံ ဆရာလွန်းကား ရန်ကုန်မြို့ကို ဦးတည်ထားသော ဗြိတိသျှပိုင်  မြန်မာနိုင်ငံ အောက်ပိုင်းမှ  အစပြု၍ ခေတ်စားလာသော  နိုင်ငံရေးသဘော တရားဆိုင်ရာ  သတင်းစာ၊ မဂဇင်း အရေးအသားများ၌ ရှေ့ဆောင် လမ်းပြဖြစ်သည်။  ရှေးခေတ်နှင့်  နှောင်းခေတ်ကို ဆက်သွယ်ပေးသော ပုဂ်္ဂိုလ်မှာ မြန်မာဆန်ဆန်  ဖွဲ့ဆို တတ်သော ရွှေဥဒေါင်း ဖြစ်သည်။

အမျိုးသားရေး နိုးကြားမှုနှင့်ယှဉ်၍ ပေါ်ပေါက်လာသော  ၁၉၂၀ ပြည့်လွန် ခေတ်တွင်မူကား   မြန်မာ အလင်းမဂဇင်း၊ သူရိယ မဂဇင်း ၊ ဒဂုန် မဂဇင်း စသည် တို့   တွင်ကျယ်လာကြပြီးလျှင်  ယင်းခေတ်တွင် အကျော် အမော်ဖြစ်သော ပီမိုးနင်း၏ အရေးအသား တို့သည်  ခေတ်လူငယ်တို့ အပေါ်၌  သြဇာလွှမ်းမိုး လာသည်။ ဆရာကြီးဦးရန်အောင်သည် ပီမိုး နင်း၏ တပည့်ရင်းဖြစ်သည်ဟု   ဆိုချင်လျှင် ဆိုလို့ရသည်။ နယ်မှ ရန်ကုန်သို့ ရောက်လာသော မောင်ရန်အောင် သည် ပီမိုးနင်း၏ ဆန်းသစ်သော စကားပြေနှင့် ၀င်၍ တိုးသောအခါ  ပီမိုးနင်းကို  ဆရာတင်သော စာရေး ဆရာပေါက်စ ဖြစ်လာ ခဲ့သည်။

ဝါသနာပါသည့် အတိုင်းရေးခဲ့ရာ အင်္ဂလိပ်ဆန်သော မြန်မာစကားပြေ တစ်မျိုးကို တီထွင်နိုင်သည်။ သူသည် အင်္ဂလိပ်စာ တတ်မှန်း လူသိအောင် အင်္ဂလိပ် ဆန်ခဲ့သည်မဟုတ်၊  အင်္ဂလိပ်လို  ၀ါကျဖွဲ့ထုံးသည့် နည်းနိသျှတို့သည် သူ့ဦးနှောက်မှ ယိုစိမ့်လျက်ရှိနေ သည်။ ထို့ကြောင့် မိမိရေးသော စကားပြေထဲတွင် အင်္ဂလိပ်အရိပ် မိုးနေသည်ကို မိမိမသိ။ စာဖတ်သူက လည်း မြန်မာစာထဲ အင်္ဂလိပ် ၀င်နေသည်ကို တစ်ခါမျှ မစဉ်းစားမိ။ ရေးသူနှင့် ဖတ်သူတို့သည် ပလဲနံပသင့်နေ ကြသည်။  ဤသဘာဝထဲသို့ မောင်ရန်အောင်ဝင်တိုးသည်။  သို့သော်  မောင်ရန်အောင်၏ မူလဖြစ်သော မြန်မာ့ဇာတိသည် တိမ်မြုပ် မသွားခဲ့ချေ။ ထို့ကြောင့် သူ့စကားပြေကို    အင်္ဂလိပ်အရိပ် အာဝါသနှင့် ကင်းသော  မြန်မာ တိုင်းရင်းသားတို့က  အလွန် နှစ်သက်ကြသည်။

အထူးသဖြင့် မောင်ရန်အောင်သည် စကားပြေမှ ကဗျာသို့ ကူးသန်းသောအခါ သူ့စာထဲတွင် မြန်မာ့ ဇာတိသည် အတိုင်းသား ပေါ်လေသည်။

ထိုအချက်ကို  အကြောင်းပြု၍  ကျွန်တော်သည် ဦးရန်အောင်၏စာကို နှစ်ခြိုက်သည်မှာ မြန်မာဆန် သောကြောင့်ပါဟု ပြောခဲ့သည်။ မြန်မာဖြစ်ပြီး မြန်မာ ဆန်လျှင် ချစ်စရာကောင်းမည်။ ကြည်ညိုစရာလည်း ကောင်းမည်။

ဤခေတ်၌ စီးပွားရေးစနစ်ပြောင်းနေသဖြင့် လူမှု ရေးစနစ်၊  ယဉ်ကျေးမှုစနစ်များလည်း  ပြောင်းနေ သည်။ စနစ်ပြောင်း နေသောအခါ ကိုယ်ကျင့်တရား များလည်း မကောင်းသောဘက်သို့ ပြောင်းမှာ စိုးနေ ကြသည်။

မြန်မာတိုင်းရင်းသား တို့သည် မြန်မာ တိုင်းရင်းသား ပီပီ၊ မြန်မာတိုင်းရင်းသား ဆန်ဆန် ပြုမူပြောဆိုနေထိုင် ကျင့်ကြံကြ ပါလျှင်  ခေတ်ကြီး ဘယ်လိုပြောင်း ပြောင်း   စိုးရိမ်စရာအကြောင်း   ရှိလိမ့်မည်မဟုတ်ပါ။

ဆရာကြီးဦးရန်အောင်ကို ကြည့်ပါ။ စာပေခေတ် အမျိုးမျိုးပြောင်းခဲ့သော်လည်း      ဦးရန်အောင်၏ စာပေဇာတိသည် မပြောင်းပါ။ ထို့ကြောင့် ဦးရန်အောင် ၏ စာသည် ခိုင်မာသည်၊ တည်ကြည်သည်၊ လူငယ်တို့ ကို အကျိုးပြုသည်။ စင်စစ် ဆရာကြီးသည် လူငယ်၊ လုံမငယ်တို့ကို   အတုံ့အလှည့်ဂါရ၀ပြုခဲ့သည်ဟု  မှတ်ယူသင့်သည်။   

မောင်ထင်

Read 63 times
Rate this item
(0 votes)
Last modified on Thursday, 22 August 2019 10:01