SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Wednesday, 28 August 2019 09:36 Written by  font size decrease font size decrease font size increase font size increase font size

''နင် တကယ်ပြောတာလား''

''နင့်ကို ငါကဘာလို့လိမ်ရမှာလဲ မယဉ်နွယ်...၊

ပုတ်သင်ညိုလည်ပင်းက ဆူးတောင်တွေမြင်လား...၊

အဲဒီဆူးတောင်တွေက အဆိပ်ချည်းပဲ''

''နင် တကယ်ပြောတာလား''

''ရော...ခက်ပါပြီ၊ နင့်ကို ငါကဘာလို့လိမ်ရမှာ

လဲ၊ အနီနဲ့အပြာစပ်တဲ့ ပုတ်သင်ညိုကသာကြောက်

စရာကောင်းသေးတယ်''

ကျွန်တော့် ပုတ်သင်ညိုတရားကြောင့် ဥစ္စာစောင့်

များကိုလည်း မေ့သွားဟန်တူသည်။ ကျွန်တော်ခေါ်ရာ

နောက် တကောက်ကောက်ပါလာ၏။    ဤသို့ဖြင့်

သိုက်တွင်းရှိသည်ဆိုသောဂူရှေ့သို့   ကျွန်တော်တို့ ရောက်ခဲ့သည်။

''အဲဒီဂူလား...နင် ခုနကပြောတာ''

''အေး...ဒါပေမဲ့ ...ဟိုမှာကြည့်စမ်း...''

မယဉ်နွယ်သည် ''အမေ့''ဟု ထိတ်လန့်အော်လိုက်

ပြီး ကျွန်တော်ပြရာကိုမြင်သော် ''နင်ကလည်း အလန့်

တကြား...ဘာများအောက်မေ့လို့ ခြတောင်ပို့ကြီး

...အဲဒါဘာဖြစ်လဲ''

''နင်သေသေချာချာကြည့်ပါလား၊ အဲလောက်ကြီး

တဲ့ ခြတောင်ပို့ မြင်ဖူးလား၊ သေသေချာချာကြည့်စမ်း၊

ထိပ်က အတွန့်အတွန့်နဲ့၊ အဲဒါ အတက်တွေ၊ ဟောဟို

ဘက် နိမ့်သွားတာကအမြီး၊ အဲဒီအထဲမှာ နဂါးနေတယ်

တဲ့...''

မယဉ်နွယ် မျက်လုံးပြူးသွားပြန်သည်။

''နင် တကယ်ပြောတာလား...''

''အဲဒါတော့ ငါလည်းမသိဘူး၊  ဒါပေမဲ့...ငါ

အဲဒီတောင်ပို့ကြီးကို ဖြိုမလို့''

''နင်က ဘာလို့ဖြိုမှာလဲ''

''ခြသံလိုချင်တယ်လို့ နင့်ကိုငါပြောဖူးသားပဲ...''

''နဂါးကြီးထွက်လိုက်တော့ ဘယ့်နှယ်လုပ်မလဲ...''

''နဂါးဆိုတာကို ပေါက်ကျိုင်းက နိုင်တယ်ဟ''

''နင်က နင့်ကိုယ်နင် ပေါက်ကျိုင်းထင်လို့လား''

''ပေါက်ကျိုင်းက ငါ့ထက်ပိုတော်လို့လား၊ ပေါက်

ကျိုင်းဆိုတာ စာမတတ်ဘူး၊    ငါကပရိတ်ကြီးရော 

နမက္ကာရရောကုန်လို့ သင်္ဂြိုဟ်စတက်နေပြီ...''

မယဉ်နွယ်သည် ဘာမှပြန်မပြော။ ကျွန်တော်ပြောသမျှ ခံရမည့်ဘဝတွင်ရှိနေ၏။

''ကဲပါ လာလာ...သိုက်တွင်း သွားကြည့်ရအောင်''

ဤတစ်ကြိမ်တွင်မူ မယဉ်နွယ်သည် နေရာမှမရွေ့ဘဲ ရပ်နေ၏။

''ဟင့်အင်း...အဲဒီဂူထဲတော့ ငါမလိုက်ရဲဘူး...''

''ဒါဖြင့် နင်နေရစ်ပေါ့...ငါဝင်သွားမယ်''

ပြောပြောဆိုဆို ကျွန်တော်ကဂူတွင်းသို့ဝင်သည်။

ဤတစ်ကြိမ်တွင်မူ မယဉ်နွယ်သည် ကျွန်တော့်နောက်

မလိုက်။

သူရဲကောင်းကြီးကဲ့သို့ ဝင်သာဝင်ခဲ့ရသော်လည်း

ကျွန်တော်ကိုယ်၌က သိပ်မရဲလှ။

ဤသိုက်တွင်းကို ''ဦးပွားသိုက်တွင်း''ဟုခေါ်သည်။

ဦးပွားဆိုသည်မှာ      ရှင်ဘုရင်တစ်ယောက်ဟု

ကျွန်တော်ကြားဖူးသည်။ ဦးပွားသည် သိုက်တဘောင်

အရ ဤတောင်ထိပ်၌ သိုက်လာတူးသည်ဆို၏။

တောင်တွင်း၌ စကြာမင်းဖြစ်မည့်သူ ဝတ်ဆင်ရမည့်

မင်းမြောက်တန်ဆာငါးပါးရှိသည်ဆို၏။ မင်းမြောက်

တန်ဆာငါးပါးသည်    ပထဝီမြေလွှာခြောက်ထပ်သို့

ရောက်သည်။နောက်ဆုံးအလွှာ၌ ကျောက်ဖျာကြီးခံနေ

၍ ဦးပွားဆက်မတူးနိုင်။

စိတ်ပျက်အားငယ်စွာဖြင့် ဦးပွားသည် လက်လျှော့

လျက် တောင်ထိပ်၌စေတီတစ်ဆူတည်ရင်း ပြန်ရန်

ပြင်သည်။ စေတီပြီးခါနီး၌ စေတီ၏ငှက်မြက်နားထက်

ငှက်ဆိုးတစ်ကောင်လာနားသည်ဆို၏။

ရှင်ဘုရင်ဦးပွားသည် ငှက်ဖျားမိ၍ ဤတောင်ပေါ်တွင် သေသွားသည်ဆို၏။

ဤတောင်၏အရှေ့နံရံ၌ သပိတ်လုံးအရွယ်ရှိသော

လိုဏ်ပေါက်တစ်ခုရှိသည်။ တစ်ကြိမ်က မုဆိုးတစ်ဦး

အမဲလိုက်ရင်းဤလိုဏ်အတွင်းသို့ ဝင်သွားသောအခါ

ရွှေရက်ကန်းကိုရက်နေသော ''မြစိမ်းရှင်''မင်းသမီးကို

ဖူးတွေ့ခဲ့ရသည်ဆို၏။

ဤအကြောင်းတို့ကြောင့်    ဂူတွင်းရောက်သော်

ကျွန်တော့်သတ္တိတို့ပျောက်ကုန်သည်။ ကျွန်တော်သည်

နောက်သို့ ပြန်ဆုတ်ထွက်လာစဉ်...''သန့်ဇင်...

သန့်ဇင်...''ဟု မယဉ်နွယ်၏ခေါ်သံကို ကြားရသည်။

ကျွန်တော်က ဂူပြင်သို့ရောက်လာသည်။ တုန်ရီချောက်

ချားနေသော မယဉ်နွယ်ကိုကျွန်တော်က အားပေးရသည်။

''ငါရှေ့ဆက်သွားမလို့...နင်တစ်ယောက်တည်း

ကြောက်နေမှာစိုးတာနဲ့ ပြန်ထွက်လာတယ်''

''လာပါ သန့်ဇင်ရယ်၊ တို့ပြန်ကြရအောင်''

ကျွန်တော်ကဂူတွင်းသို့ပြန်ကြည့်သည်။ အရူးကြီး

ကိုပုနှင့်အတူ ဤဂူတွင်းသို့ ကျွန်တော်ရောက်ဖူးသည်

မှာ အမှန်ဖြစ်သည်။ လူကြီးပါစဉ်က မကြောက်သော်

လည်း ယခုမူအတန်ငယ်လန့်နေသည်။

''အေးပါဟယ် နင်ကြောက်ရင် ငါပြန်ပါ့မယ်''

ဤအခိုက်တွင်ပင် ဂူအတွင်းဆီမှတဝေါဝေါ တဝုန်း

ဝုန်းအသံကြီးပေါ်လာ၏။ ရုတ်ခြည်းပြန်တိတ်သွား

သည်။ ကြောက်အားလန့်အားနှင့် မယဉ်နွယ်သည်

ကျွန်တော့်ကိုတွန်းခဲ့ကာ    တောင်ခြေဆင်ခြေလျှော

အတိုင်း ဆင်းပြေးသည်။

''မယဉ်နွယ်...မယဉ်နွယ်...''

တကြော်ကြော်အော်ရင်း ကျွန်တော်နောက်မှပြေး

လိုက်သည်။ ထိုစဉ် မယဉ်နွယ်က ကျောက်ဆောင်

တစ်ခုနှင့်တိုက်မိ၍ တလိမ့်ခေါက်ကွေးကျသွားသည်။

တက္ကသိုလ်ဘုန်းနိုင်

Read 63 times
Rate this item
(0 votes)
Last modified on Wednesday, 28 August 2019 09:36