SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Tuesday, 26 September 2017 10:05 Written by  font size decrease font size decrease font size increase font size increase font size

သူတို့နယ်မှာ ကိုးကွယ်စရာ စေတီပုထိုးမရှိ၊ နန့်ခမ်း၊ ဆယ်လန့်၊ မူဆယ်သို့ ရောက်ချိန်မှာ လှူကြတန်းကြသည်။ သူတို့မှာ ဘာသာရှိကြသည်။

ကုသိုလ်ပြုရန် ဆန္ဒ

၁၉၅၉ ခုနှစ်ကတည်းက သာသနာပြုရန် ရောက်ရှိနေသော ဟန့်ကမ်းရွာ ဆရာတော်ထံ ကျွန်တော်လျှောက်ထား မိသည်မှာ ရွှေလီနမ့်ဝမ်မြစ်ဆုံရာ ရွှေလီတံတားအနီး ရေလယ်ကျောက်ဆောင်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန် ဖြစ်သည်။ မူဆယ်ဘက်မှ စီးဆင်းလာသော ရွှေလီမြစ်သည် နမ့် ခမ်းမြို့အနီးမှဖြတ်၍ စီးသည်။ ကချင်ပြည်နယ်နှင့် တစ်ဖက်နိုင်ငံအကြားမှ စီးဆင်းသော နမ့်ဝမ်ချောင်းနှင့် ရွှေလီတံတားရှိရာတွင် ပေါင်းဆုံပြီး ရွှေလီမြစ်အဖြစ် တောင် ဘက်မြန်မာပြည်တွင်းသို့ စီးဆင်းလေတော့သည်။

ထိုမြစ်ဆုံရေလယ် ကျောက်ဆောင်တွင် ဘုရားတည်လျှင် တစ်ဖက်ကမ်းမှ ဆွေမျိုးသားချင်းများ အဝေးမှလှမ်း၍ ဖူးနိုင် ကြပေလိမ့်မည်။ ထိုအကြံကို ဆရာတော်ကြီးက သဘောတူပြီးနောက် မြို့ကလူကြီးများနှင့် တိုင်ပင်ရသည်။ ပါတီယူနစ် ဥက္ကဋ္ဌ ဦးစိုင်းမြအောင်၊ ကောင်စီဥက္ကဋ္ဌ ဦးစိုင်းသာအေး၊ တရား စီရင်ရေး ဥက္ကဋ္ဌ ဦးစိန်၊ အဖွဲ့ဝင် ဒေါ်နန်းဖြူဖြူအေး၊ ဦးစံအေး၊ ဦးစောလှ၊ ဦးယောတ၊ ဦးစိုင်းဖိုးကျော်၊ ဦးစိုင်းကျော်အေးဝင်း၊ ဒေါ်ဇံ၊ ဒေါ်သိန်းမြ၊ ဒေါ်နန်းမြစိန် စသူတို့နှင့် တိုင်ပင်ရပြန်သည်။ မြို့ကပါ လိုလိုလားလား ဆန္ဒပြုကြသောအခါမှာ ရဲဘော်များ လုပ်အားသဒ္ဓါအားဖြင့် ရေလယ် ကျွန်း၊ ကျောက်ေ ဆာင်ကိုရှင်းရသည်။ ညှိရသည်။ သံတိုင်စိုက်၍ သံချောင်းခွေ၍ စေတီပုံဖော်ရသည်။

ရပ်ဝေးမှ ကြည်ညိုနိုင်စေရန် မှန်စီသော စေတီအဖြစ် တည်ထားရသည်။ ရွှေစေတီတော့ မတတ်နိုင်သေး။ မှန်စီထား၍ နေရောင်မှာ ပြိုးပြိုးပြက်ပြက် အရောင်တွေ ထွက်နေမည်။ အဝေးမှ ဖူးမြော်နိုင်မည်။ ရွှေလီမြစ် တစ်ဖက်ကမ်းရှိ ရွာများမှ ဖူးမြော်ဖို့ အဓိကဖြစ်သည်။ စေတီတည်ထားအပြီးမှာ တင် လှူဖို့ ထီးတော်ကို မန္တလေးမှ မှာယူရသည်။ နမ့်ခမ်း ဈေးနေ့လာသော မြစ်တစ်ဖက်ကမ်းမှ ဆွေတော်မျိုးတော်တွေက ရပ်ဝေးမှ ဘုရားဖူးရ၍ ကြည်နူးကြကြောင်း ပျော်ကြရ ကြောင်းပြောသည်။ စိတ်အကြံအားရော၊ လုပ်အားရော၊ ငွေအားရော၊ သဒ္ဓါအားရော ပေါင်းစုအလှူဖြစ်၍ ရည်ရွယ် ချက်အော င်မြင်သော ကြီးမြတ်သည့် အလှူကြီးသာ ဖြစ်ပါပေ၏။

အဖျက်လုပ်ငန်း

၁၉၇၇ ခုနှစ် မေလတွင် ခလရ(၄)မှ ကျွန်တော် ပြောင်းရွှေ့လာခဲ့ရပြီး နမ့်ခမ်းဒေသသို့ ကျွန်တော်ပြန်မရောက် ဖြစ်တော့ပေ။ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေရစဉ် ဗီယက်နမ် ဝန်ကြီးချုပ် ခရီးစဉ်မှာ ကျွန်တော် တို့ဇနီးမောင်နှံ လိုက်ပါကြရသည်။ မန္တလေးမြို့မှာ ညအိပ်ရသည်မို့ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သန်း (ဗိုလ်သင်တန်း ၂၅)နှင့် တွေ့ရစကားပြောကြရသည်။ နမ့်ခမ်းမြို့မှာ ကျွန်တော် တည်ထားခဲ့သော စေတီကို ကေအိုင်အေတို့က ဖျက်သည်။ ထို့နောက် ဗကပတို့က ဖျက်ဆီးကြပြန်သည်။ ဗိုလ်မှူးချုပ် ကျော်သန်း တပ်မမှူးဘဝမှာ ဘုရားကို ပြန်လည် မွမ်းမံပြင်ဆင်သည်။ ဆရာသမား တည်ထားခဲ့သော ဘုရားမို့ ကျွန်တော်ပြန်ပြုပြင် ခဲ့တယ်ဟု ပြောသေးသည်။

လွန်ခဲ့သော သုံးနှစ်က နမ့်ခမ်းမှ ဦးစိုင်းဖိုးကျော် ကျွန်တော့်ထံ ဖုန်းဆက်သည်။ တိုင်းမှူးကြီး လမ်းညွှန်ချက်နှင့် တပ်နှင့် မြို့ပူးပေါင်း၍ ဘုရားကိုပြုပြင်မည် ဖြစ်ကြောင်းနှင့် ဘုရားစတင် တည်ထားကိုးကွယ်ခဲ့ပုံကို ပြန်လည် မှတ်တမ်းပြုရန် မေးမြန်းလာ၍ အစသမိုင်းကြောင်းကို ပြောပြရသေးသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို မိရိုးဖလာသွေးက လှုံ့ဆော်၍ ခေတ်အဆက်ဆက် သာသနာ့တာဝန် ကျေပွန်ခဲ့ကြပုံကို တွေးမျှော်ရင်း စာရေးနေဆဲမှာပင် ကုသိုလ်စိတ်တွေ ပွားနေမိပါတော့သည်။ ယခုတော့ ရွှေသင်္ကန်းနှင့် ရွှေစေတီေ တ်ာဖြစ်နေပြီ။

သီရိဂေဟာ

တပ်ရင်းတစ်ရင်းသည် ရွာကြီးတစ်ရွာ ပမာဏရှိပေသည်။ ရွာကြီးတစ်ရွာဆိုခြင်းထက် မိသားစုရွာကြီးနှင့် ပို၍တူပေသည်။ သာမန်ရွာတစ်ရွာဆိုလျှင် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်ဟူ၍ ခွဲခြားမှုရှိသေးသည်။ တည့်သူရှိသလို မတည့်သူ ရှိသည်။ တပ်ရင်းမှာက စစ်သည်တွေရော၊ အိမ်ထောင်သည်တွေပါ တစုတစည်းတည်း ရှိကြသည်။ ထို့ကြောင့်လည်း မိသားစုရွာကြီး သာယာဖို့၊ ညီညွတ်ဖို့၊ စည်းလုံးဖို့ တပ်ရင်းမှူးမှာ တာဝန်ရှိပါပေသည်။ ရှေ့တန်းတာဝန်များမှ ပင်ပန်းပြီး ပြန်လည်အနားယူရသောကာလ ရက် ၃ဝ သည် အမှန်တော့ နားရသည်မဟုတ်။ ပြန်လည် ဖွဲ့စည်းရခြင်း သာဖြစ်သည်။ ရက်ပေါင်း ၃ဝ ဟူသော တစ်လအနားရသည့် ကာလတွင် ပြန်လည်လေ့ကျင့်မှုအတွက် နှစ်ပတ်ဇယား ဆွဲရသည်။ စစ်ဆင်ရေးကို ပြန်လည်သုံးသပ် ဆွေးနွေးရခြင်း၊ စက်ပစ်ကွင်းပစ်ခတ်ရခြင်း၊ တပ်ရင်းလိုက် တိုက်ပွဲဝင် လေ့ကျင့်ရခြင်းတို့ပါဝင်သည်။

တပ်ရင်းတိုက်ပွဲ Battalion Attack လေ့ကျင့်ခန်းလုပ်လျှင် အခြေအနေဖွင့် Narative ပေးရသည်။ အဆင့်လိုက် တပ်ခွဲ တာဝန်တွေ သတ်မှတ်ပေးရသည်။ ချီတက်ရာ လမ်းကြောင်းရွေး၍ လမ်းမှာ တပ်ခွဲအဆင့် တိုက်ပွဲလေ့ကျင့်ရသည်။ ရည်မှန်းချက် ရောက်သောအခါ တပ်ရင်းအဆင့်တိုက်ပွဲ လေ့ ကျင့်ခန်း ဆင်နွှဲရသည်။ ပြီးနောက် တပ်ခွဲအဆင့်၊ တပ်ရင်းအဆင့် တိုက်ပွဲသုံးသပ်ချက်များ ပြုလုပ်ကြရသေးသည်။ ထိုသို့လေ့ကျင့်ခန်းပြုလုပ်ချိန်တွင် အခြားတပ်ရင်းမှ အရာရှိနှစ်ဦး သို့မဟုတ် သုံးဦးကို တပ်မမှ သတ်မှတ်ပေးကာ အကဲဖြတ် ကြီးကြပ် ပေးစေရသည်။ ခပ်လွယ်လွယ်တော့ Umpire ဟု ခေါ်သည်။ တစ်ချိန်မှာ တပ်ရင်းတိုက်ပွဲ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ အခြေအနေဖွင့် ရေးရာတွင် ရည်မှန်းချက် တိုက်ရမည့် နေရာကို နာမည်ကြီး အိမ်ရှေ့မင်း ထန်းတောကို သတ်မှတ်လိုက်သည်။

အခြေအနေဖွင့်မှာ ရေးထားသည့်အတိုင်း ချီတက်ရသည်။ တပ်ခွဲတိုက်ပွဲများ ဖန်တီးရသည်။ နောက်ဆုံး အိမ်ရှေ့မင်း ထန်းတောအရောက် တပ်ရင်းတိုက်ပွဲအဖြစ်တိုက်၍ သိမ်းပိုက် စခန်းချရသည်။ ထိုတိုက်ပွဲ လေ့ကျင့်ခန်း ကြီးကြပ်မှုအတွက် အခြားတပ်ရင်းများမှ လာရောက်ကြီးကြပ် သူတွေထဲမှာ ဗိုလ်မှူးချုပ် ကျော်ဝင်း (ဒုတိယ ဝန်ကြီး-စက်မှု(၁) ငြိမ်း)လည်းပါသည်။ သူသည် ထိုအချိန်က ခလရ(၁၃)တပ်မှ ဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

 

Read 477 times
Rate this item
(0 votes)
Last modified on Tuesday, 26 September 2017 10:26