SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့် ကျွန်တော့်မြေ

Tuesday, 17 September 2019 10:27 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်တော်သည် ကိုညီလေးတို့ အိမ်မှပြန်လာသောအခါ လမ်း၌တွေ့သောဂျပန်မှန်သမျှကို သတ်ချင်နေသည်။ သင်းတို့ နေနှင့်ဦး၊ ခြသံတွေ့ခါမှ တစ်ယောက်မကျန် ဓားနှင့်ခုတ်သတ်မည်။

ဂါတ်တဲဝင်းနှင့်  မျက်နှာချင်းဆိုင်လမ်းတစ်ဖက်၌ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုလက်ဖက်ရည်ဆိုင်၌   တိုင်တောက်ခုံရှိသည်။   တိုင်တောက်သည်ဆိုသည်မှာ ချောသောပျဉ်ခုံထက်၌ တိုင်ကလေးတွေ ထောင်ထားသည်။ ကျွဲကော်ပြားနှစ်ပြားအသုံးပြု၍ တိုင်ကလေးတွေကို လဲအောင်တောက်ရသည်။ တိုင်အနက်နှင့်အဖြူရှိသည်။  ရန်သူတိုင်ကိုကုန်အောင်  ကိုယ်ကအရင်ထိုးနိုင်သော် ကိုယ်ကနိုင်သည်။ တိုင်တောက်ခုံရှိသော ဤဆိုင်ဝယ်   ပေါင်းတလည်မြို့တွင်  ရှိသမျှကာလသားများစုဝေးသည်။

ဤဆိုင်၌  ကျွန်တော်သည်  ညွန့်မောင်ကြီးအားသွားရှာသည်။  ညွန့်မောင်ကြီးသည်  ကလေးမဟုတ်၊ပေါချာချာသတ္တဝါကြီးတည်း။ ကျွန်တော့်ကိုမြင်သော် ညွန့်မောင်ကြီးသည် ဝမ်းသာအားရဆီးကြိုသည်။

''ဟဲ့ကောင် ဖိုးသန့်ဇင်၊ မင်း ငါ့ကို ခေါက်ဆွဲပြုတ်တိုက်မလား၊ ငါတိုင်တောက်လို့ ရှိတဲ့ပိုက်ဆံကုန်ပြီ''ကျွန်တော်သည် ညွန့်မောင်ကြီးအား သနားသွားသည်။

ညွန့်မောင်ကြီးသည် ပါးဖောင်း၍နှုတ်ခမ်းစူသည်။

ပါးဖောင်းသောသတ္တဝါများသည် မိုက်လုံးကြီးသည်ဟု ဆရာတော်ပြောသည်ကိုကြားဖူးသည်။ ညွန့်မောင်ကြီး မိုက်လုံးကြီး၊ မကြီးတော့ ဆရာတော်မသိ၊ ဒီကောင်ကြီးသည် အလွန်သဘောကောင်းသည်။ ရွယ်တူများနှင့်မပေါင်းဘဲ ကလေးတွေနှင့်ပေါင်း၍ ကလေးမဟုတ်လူကြီးမဟုတ် ပေါတိပေါချာကြီးဖြစ်သည်။

ညွန့်မောင်ကြီးတို့လည်း   အထည်ကုန်ကူးသည်။

ယခင်က သူ့ကိုကူညီ၍ အထည်ကောက်ပေးဖူးသည်။

ညွန့်မောင်ကြီးသည် ခေါက်ဆွဲပြုတ်အလွန်ကြိုက်သည်။

အထည်လှိုင်လှိုင်ကောက်ရ၍ သူ့အစ်မက မုန့်ဖိုးပေးသောအခါ၌လည်းကောင်း၊ တိုင်တောက်၍နိုင်သောအခါ များ၌လည်းကောင်း ညွန့်မောင်ကြီးသည် ကျွန်တော့်အား ခေါက်ဆွဲပြုတ်ကျွေးမြဲဖြစ်သည်။

ယခု တိုင်ရှုံး၍ ညွန့်မောင်ကြီးသည် ဒုက္ခရောက်နေချိန်တွင်  ခေါက်ဆွဲပြုတ်တိုက်ရမည်မှာ  ကျွန်တော့်ဝတ္တရားဖြစ်၏။

''လာပါဗျာ...ကျုပ် မမရှင်ဆီက ငွေတစ်ကျပ်...ရထားတယ်။ ခေါက်ဆွဲပြုတ်သွားသောက်ကြရအောင်''

ပေါင်းတလည်ဂါတ်တဲဝင်း   လက်ဝဲဘက်ဘေး၌ တရုတ်ခေါက်ဆွဲဆိုင်ရှိသည်။ ဝက်သားခေါက်ဆွဲပြုတ်တစ်လုံးကို ဆင့်ငါးဆယ်ပေးရသည်။ ကျွန်တော်နှင့်ညွန့်မောင်ကြီးသည် ခေါက်ဆွဲပြုတ်တစ်ယောက်တစ်လုံး ဆင့်ငါးဆယ်ဖိုး စီစားသောက်လိုက်သည်။ ထို့နောက်အလကပ္ပဆန်စက်သို့သွား၍ ဘထွေးလေးကိုရှာသည်။

ဘထွေးလေးဆန်က ကြိတ်ဆဲ၊ ဘထွေးလေးကိုကားမတွေ့။ သို့သော် ဘထွေးလေးကို ဘယ်မှာရှာရမည်ကို ကျွန်တော်နှင့် ညွန့်မောင်ကြီးသိသည်။ ကျွန်တော်တို့ နှစ်ယောက်သည် ဂါတ်တဲဝင်းမြောက်ဘက် မနီးမဝေးရှိ ကစော်ဆိုင်သို့ ဘထွေးလေးသွားရှာသည် မတွေ့။

ညွန့်မောင်ကြီးနှင့် ကျွန်တော်သည် မြို့အနောက်ဘက်သို့ ထွက်ခဲ့၏။

နွားပွဲအတွင်း၌ ဘထွေးလေးကိုရှာသည်။ ဘထွေးလေးအရိပ်အရောင်ကိုမတွေ့။   ဘထွေးလေးအစား  သူ့စာဥပြောက်နွားလေးကို ကြော့ကြော့မော့မော့ပြေးစေ၍ ဟန်ရေးပြနေသော ကိုဘိုးဒန်ကိုတွေ့ရသည်။ ကျွန်တော်တို့ရပ်ကြည့်နေခိုက် နွားပွဲစားတို့ ကိုဘိုးဒန်အားဝိုင်းနေသည်။

ဤနေရာ၌ နွားပွဲအကြောင်း အနည်းငယ်ရှင်းပြလိုသည်။ နွားပွဲဆိုသည် နွားအရောင်း အဝယ်လုပ်သော ဈေးတစ်ခုဖြစ်သည်။ နွားဝယ်သူတို့လည်း လာကြ၏။

နွားရောင်းသူတို့လည်း လာကြ၏။  ဝယ်လိုသူရော၊ ရောင်းသူပါ   သာမန်လယ်သမားများဖြစ်ကြသည်။

ဝယ်လိုသူက ဈေးအနည်းဆုံးနှင့် နွားအကောင်းဆုံးရလို၏။ ရောင်းလိုသူက ဈေးအများဆုံးနှင့် နွားပျက်ကိုပင် နွားကောင်းအဖြစ်ရောင်းလိုသည်။

သို့သော်...နွားအကြောင်းဆိုသည်မှာ   မိန်းမတစ်ယောက်အကြောင်းသိရန်ထက် ပိုခက်ပါဘိခြင်း။လယ်သမားသည်  နွားနှင့်အတူ  ဖက်ရုန်းရသူဖြစ်သည်။  နွားနှင့်ဖက်ရုန်းရသည်က   တစ်ကဏ္ဍ၊  နွားအကြောင်း နားလည်သည်က တစ်ကဏ္ဍ။ မည်သို့မဆိုင်။

နွားဝယ်မှားလျှင် မယားအယူမှားသည်ထက်ဆိုးသည်။

ထိုအခါ နွားအကြောင်း အရည်ကျိုသောက်ထားသော နွားပွဲစားတို့ဝင်လာ၏။ နွားပွဲစားသည် စာတတ်ရသည်။

နွား၏ခွာအကြောင်း၊ မျိုးအကြောင်း၊ သွားအကြောင်း၊ အမွေးအကြောင်း၊ ဗွေအကြောင်း အကုန်သိရသည်။

ကုန်ကုန်ဆိုလျှင် နွားချေးပါက နွား၌ဘာရောဂါရှိသည်အထိ သိရသည်။ သိသည်ဆိုရာ၌လည်း သာမန်သိရုံမက စာတိုပေစလည်းရွတ်ပြနိုင်ရမည်။ နွားပွဲစားသည် အခြားသောပွဲစားများနည်းတူ နှစ်ဖက်လွှများဖြစ်သည်။   

တစ်ခါတစ်ရံ နွားရောင်းသူဘက်က ဝယ်လိုသူကျအောင်ပြောပေးသည်။    တစ်ခါတစ်ရံ    ဝယ်လိုသူဘက်က တန်ရာတန်ဖိုးထက်      ဈေးကျအောင်ပြောပေးရသည်။  တစ်နည်းဆိုသော်  နွားပွဲစားသည်  အခရာဖြစ်သည်။

တက္ကသိုလ်ဘုန်းနိုင်

Read 13 times
Rate this item
(0 votes)
Last modified on Tuesday, 17 September 2019 10:29