SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည့်….ကျွန်တော့် …မြေ

Friday, 11 October 2019 12:20 Written by  font size decrease font size decrease font size increase font size increase font size

စိမ်းနေဦးမည့်….ကျွန်တော့် …မြေ

ယမန်နေ့မှအဆက်

ဦးလေးပုသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် ထွက်သွားပြန် သည်။ ကြေးဆင်းတုတော်တစ်ဆူကိုတွန်းမ၍ ဆင်းတု တော်အခေါင်း တွင်းမှ စက္ကူထုပ်များယူလာသည်။

““အဲဒါ လေနတ်သားတွေကွ...ငါစုထားတာ၊ ငါ ဖတ်ပြမယ်၊ မင်းနားထောင်”” ဦးလေးပုသည် လေသံ နှိမ့်၍ ဖတ်ပြတော့သည်။ ““ဂျော့ဘုရင်မင်းမြတ် မိန့်တော်မူသည် ... တဲ့၊ မြန်မာပြည်သူပြည်သားများ...တဲ့၊ ဗြိတိသျှ...တပ်မ တော်များ ပြန်လာမည်တဲ့၊ ဂျပန်ကို မကူညီကြနဲ့...တဲ့”” ကျွန်တော်သည်  ပို၍စိတ်တိုလာ၏။ ထို့ကြောင့် ဘုပြန်ပြောသည်။

““ခင်ဗျားဂျော့ဘုရင်က စဖြီးပါဗျာ၊ ဂျပန်တွေက ကျုပ် တို့ကို ဒီလောက်နှိပ်စက်နေတာ    ခင်ဗျားမမြင်ဘူးလား၊ ဘယ်မှာ လဲ ခင်ဗျားဗြိတိသျှ စစ်တပ်တွေ””

ဦးလေးပုသည် တဟဲဟဲရယ်သည်။ ထို့နောက် တံတွေးကို သုံး၊လေးချက်ဆက်ထွေးလိုက်ပြီး ဆက်ပြော၏။

““ငါ့လူက သိပ်ညံ့တာပဲ၊  မင်း  လေယာဉ်ပျံသံတွေ မကြားဘူးလား၊   အဲဒီဗြိတိသျှတပ်တော်တွေပေါ့ကွ ...””

ဦးလေးပုက ဤသို့ပြောမှ ကျွန်တော်သည် သတိရမိ တော့သည်။

““ဟာ ဦးလေးပု ကျုပ်သတိရပြီ၊ လွန်ခဲ့တဲ့ သုံး၊ လေး ညက လေယာဉ်ပျံသံကြားတော့ ကျုပ်ထွက်မပြေးဘဲ စောင့်ကြည့်တယ်၊ လေယာဉ်ပျံပေါ်က မှိုပွင့်ကြီးလို အပွင့်ကြီးတစ်ခုကျလာတယ်၊ အဲဒါဘာကြီးလဲ”” ဦးလေးပုသည် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

““နင် အဲဒါတွေအကြောင်း ဘယ်သူ့လျှောက်ပြောသလဲ””

““ပြည်ရွှေဆံတော် စူးရပါစေရဲ့ဗျာ...ကျုပ် ဘယ်သူ့ မှ မပြောရပါဘူး”” ဦးလေးပုသည် သူ့လေနတ်သားနှင့် သတင်းစာများ ကို ပြန်သိမ်းသည်။ ၎င်းနောက် အလွန်လျှို့ဝှက်သော အမူအရာဖြင့်မေးသည်။

““ငယ်လေး မင်း ဂျပန်ကို တကယ်သောက်မြင်ကပ် သလား””

““ဂျပန်ကို ကျုပ်သောက်မြင်ကပ်တာမဟုတ်ဘူး၊ သတ်ချင်နေတာ””

ဦးလေးပုသည် ဘာမျှမပြောတော့ဘဲ သူ့ဂုန်နီအိတ် ကြီးကိုထမ်း၍ ကျွန်တော့်အားခေါ်သည်။

““မင်း ဂျပန်သတ်ချင်ရင် ငါနဲ့လိုက်ခဲ့၊ ဘာမှတော့ စကားဆက်ရှည်မနေနဲ့””

ဦးလေးပုက ဂုန်နီအိတ်ကြီးထမ်း၍ ရှေ့မှသွားသည်။ ကျွန်တော်က နောက်မှလိုက်သည်။ ဦးလေးပုသည် ရွာမှထွက်၍ ရိုးကလေးဆီသို့ရှေးရှုသွားသည်။

““ဦးလေးပု ခင်ဗျားဘယ်လဲ”” ဦးလေးပုက လှည့်ကြည့်၍ပြောသည်။ ““မင်း ခါတိုင်းလိုက်ရင် ဘယ်လဲလို့မမေးဖူးပါဘူး””

ဦးလေးပုပြောသည်မှာမှန်၏။ ထို့ကြောင့် ကျွန်တော် သည် ဆက်လက်မမေးတော့ဘဲ သစ်္စာရှိစွာနောက်မှ လိုက်ခဲ့သည်။

ဦးလေးပုသည် ဦးပွားသိုက်တွင်းများဆီ ကျွန်တော့် အား ခေါ်ခဲ့သည်။ သိုက်တွင်းများကိုကျော်၍ တစ်ဖက် လျှိုတွင်းထဲသို့ဆင်းသည်။ ထို့နောက် စမ်းချောင်းကလေး  တစ်ခုအတိုင်း ဆက်လျှောက်သည်။ ဂျုံးဂျုံးကျရေတံခွန် နားရောက်သောအခါ ရပ်လိုက်၏။ သူရပ်သဖြင့် ကျွန်တော် လည်း ရပ်ရသည်။

ဦးလေးပုသည် ကျောက်ဆောင်တစ်ခုထက်တက်၍ သူ့ပါးစပ်ပေါက်ကို လက်ဝါးနှစ်ခုနှင့်ကာလျက် အသံကုန် ဟစ်သည်။

““အောက်အီး...အီး...အွတ်...”” ““အောက်အီး...အီး...အွတ်...”” ဤသို့အော်ပြီးသောအခါ ဦးလေးပုသည် ကျောက် ဆောင်ပေါ်၌ အေးအေးဆေးဆေးထိုင်၍ ဂုန်နီအိတ်ကို ဖွင့်လျက် ဥသျှစ်သီးတစ်လုံးထုတ်ကာ ငြိမ်းချမ်းစွာစားနေ တော့၏။ ကျွန်တော်သည် ဦးလေးပုအား စိတ်ပျက်လက်ပျက် ကြည့်မိသည်။ ဦးလေးပုကြီး အရူးဖောက်ပြီလော။ သို့ရာတွင်  ဦးလေးပု  ဥသျှစ်သီးစားနေသည်မှာ ခါတိုင်းလိုပင် ဣေ န္ဒြရရ ဖြစ်သည်။

ကျွန်တော်သည်  စိတ်ပျက်လက်ပျက်  ဦးလေးပု ဥသျှစ်သီး စားနေသည်ကိုကြည့်နေဆဲ နောက်မှခြေသံ လိုလိုကြား သဖြင့်  လှည့်မိသည်။ တွေ့လိုက်ရသည့် သဏ္ဌာန်မှာ ကြောက်စရာဖြစ်၏။

ဆက်လက်ဖော်ပြ ပါမည်။

.........

Read 88 times
Rate this item
(0 votes)
Last modified on Friday, 11 October 2019 12:21

Latest from စကားဝါ