SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကဒူးမမှ မော်ဖသို့

Friday, 29 September 2017 09:02 Written by  font size decrease font size decrease font size increase font size increase font size

သမီးပျိုလေးများကတော့ များမှများပါပဲ။ ကျွန်တော့်သမီး ဥမ္မာနှင့် ဗိုလ်မှူး ခင်မောင်ဆွေရဲ့သမီး စန္ဒာဆွေတို့က ရန် ကုန်မှာ မွေးခဲ့ကြသူများဖြစ်သည်။ ဂေါ်ရခါး မလေးတွေကလည်း လှသည်။ ရှမ်းမလေးတွေ၊ ချင်းမလေးတွေ၊ ကရင်မ လေးတွေ၊ မွန်မလေးတွေ စုံမှစုံလှစွာသော သမီးပျိုတွေကလှသည်။

အကမန်းသူစစ်စစ်လို မကတတ်ကြ။ သည်တော့...တပ်ရေးဗိုလ်ကြီး ကျော်ထွန်းက အကနည်းပြ ဆရာမ ရှာပုံတော် ဖွင့်ရသည်။ သင်္ကြန်ကျဖို့ နှစ်ပတ်လောက်အတွင်း လေ့ကျင့်ရမည်ဖြစ်၍ အကနည်းပြက အဓိက ကျလှသည်။ တွေ့ပြီ။ တက္ကသိုလ် ခင်မြလွင်။ ကိုယ်တိုင်လည်း မြန်မာ ဆိုင်းဝိုင်းကြီးကို ဦးဆောင်၍ တီးသည်။ သင်္ကြန်အက လှလှလေးတွေလည်း သင်ပြတတ်သည်။ ပန်တျာကျောင်းမှ အကနည်းပြဆရာမ နှစ်ယောက်လည်း ရှာဖွေခေါ်ယူရသည်။ ခလရ(၄) ၏ သမီးပျိုများက ပျိုကချင်၊ မယ်ကချင်များမို့ ဆရာမက အပင်ပန်းခံ သင်ပြသလောက် သမီးလေးများက ဇွဲကြီးကြီးနှင့် လေ့ကျင့်ကြ သည်။ နေ့ရောညရော စုပေါင်းရိပ်သာမှာ အကသင်နေကြသည်။ ယိမ်းတိုက်နေကြသည်က မြိုင် လှပေသည်။ တက်ကြွလှပေသည်။ ကလေးတွေက မောရမှန်းပန်းရမှန်းမသိ ဇောကပ်နေကြသလို နောက်တန်းမှူး၊ တပ်ရေးတပ်ထောက်နှင့် တပ်ရင်းမှူး၊ ဒုတိယ တပ်ရင်းမှူး ဇနီးများ၊ အရာရှိဇနီးများ အားလုံးကလည်း စားချိန်အိပ်ချိန်၊ အစည်းအဝေး လုပ်ချိန်မှလွဲလျှင် အနီးကပ် ကြီးကြပ်ပေးနေကြသည်။ တစ်ပတ်လောက် လေ့ကျင့်လိုက်သည်နှင့် မန္တလေးမြို့၏ စံချိန်မီ ယိမ်းအကသုံး၊လေးမျိုး အဆင့်မီ ကနိုင်ကြပြီ။

ကျွန်တော်တို့ခလရ(၄) ရေကစားမဏ္ဍပ်

မန္တလေးနန်းတော်မှအထွက် နန်းရှေ့လမ်းမတန်းမှာ မဏ္ဍပ်ထိုးမည်ဖြစ်၍ ပုသိမ်ကြီးနှင့် နန်းရှေ့ရပ်မှာ ခလရ(၄) မဏ္ဍပ်တိုးပြီဟု သတင်းကြီးသွားသည်။ ထိုမှတစ်ဆင့် မန္တလေးမြို့နယ်ကိုပါ ခလရ(၄)မဏ္ဍပ်နှင့် ရေသဘင်ပွဲဆင်နွှဲမည့် သတင်းက ပြန့်သွားသည်။ မန်းမြို့သင်္ကြန်မှာ မဏ္ဍပ်တွေကများ ပါသည်။ နာမည်ကြီးတွေ၊ နာမည်ကျော်တွေ ပြိုင်ကြ ဆိုင်ကြသော မဏ္ဍပ်တွေက များလှသည်။ စစ်ဆင်ရေးပြီးစစ်ဆင်ရေး ဆက်နေရသော တပ်မတပ်ရင်းက မဏ္ဍပ်တစ်ခု အဖြစ် နေရာဝင်ယူလာသောအခါ ပုသိမ်ကြီးမြို့မဈေး၊ နန်းရှေ့ဈေးတို့မှတစ်ဆင့် ဈေးချိုတော်ကြီးအထိ သတင်းထူး သတင်းဆန်း အဖြစ် ပျံ့နှံ့သွားကာ အားလုံး၏ စိတ်ဝင်စားမှုက ဒီနှစ်သင်္ကြန်မှာ ဝင်းဦးလာမယ်ဟေ့ဟူသော သတင်းနှင့် အပြိုင်ဖြစ်သွားပေတော့သည်။

အကဆရာမ ခင်မြလွင်နှင့်အဖွဲ့ ပဏာမ ကကွက်ကိုပြသည်။ သမီးလေးတွေက အဖွဲ့ခွဲ လေ့ကျင့်ကြသည်။ အကဝါ သနာပါသော ကျွန်တော့်ဇနီးနှင့် အရာရှိဇနီးအချို့က အဖွဲ့ခွဲလေ့ကျင့်မှုများမှာ ဝင်ရောက်ကြီးကြပ်ပေးကြသည်။ အက ဝါသနာမပါသော အရာရှိဇနီးများနှင့် တပ်ရင်းအရာခံဗိုလ် ဆရာကြီး စိုးမြင့်ဇနီးဒေါ်ကြည်က အုပ်ချုပ်မှု တာဝန်ယူကြ သည်။ တကယ့်သင်္ကြန်ရက်မှာတော့ ပရိသတ်မည်မျှရှိ၍ မည်သို့ကြည့်ကြမည်မသိ။ အကလေ့ကျင့်နေချိန်မှာပင် စစ်သည်တွေက ဝိုင်းအုံကြည့်ကြသည်။ တိုးဝှေ့ကြည့်ကြသည်။ တစ်ခဲနက် အားပေးနေကြသည်။ စစ်သည်အချို့နှင့် က လေးတွေ အားပေး ရင်း အသံဆူလာလျှင် တပ်ရင်း အရာခံဗိုလ်စိုးမြင့်နှင့် တပ်ရဲတပ်ကြပ် တင်ရွှေတို့အဖွဲ့က ထိန်းနေ ရသည်မှာလည်းအမော။

မိုးကုတ်လုံခြုံရေး

သည်လိုနှင့်ပင် မိုးကုတ်မြို့သို့သွား၍ လုံခြုံရေးယူရမည့်ရက်ကို သိရပြီ။ ၁၉၇၇ ခုနှစ် ဧပြီလ ၁ဝ ရက်မှာ အဓိက ပုဂ္ဂိုလ်လာမည်။ ကျွန်တော်တို့က သုံးရက်ကြိုတင်၍ လုံခြုံရေးယူထားရမည်ဖြစ်၍ တပ်ရင်းတစ်ရင်းလုံး ချီတက်ကြရပေ တော့သည်။ ၁၉၇၇ ခုနှစ် ဧပြီ ၇ ရက်။ တစ်ခေါက်မှ မရောက်ဖူးတော့ မိုးကုတ်မြို့အလှကို ကိုယ်တိုင်တွေ့ရမှ အံ့သြမိရသည်။ ဒယ်အိုးကဲ့သို့ တောင်ပတ်လည်ဝိုင်းလျက် အနိမ့်ထဲမှ ရေကန်နှင့်မြို့ကွက်ကို ကြည့်ရသည်မှာ ရှုမောဖွယ်သာယာလှသလို လုံခြုံရေးယူရမည့် ကျွန်တော်မှာလည်း စိတ်မောရသည်။ ရဟတ်ယာဉ် ချဉ်းကပ်လမ်းအားလုံးက တောင်တန်းတွေဖြစ်၍ ရဟတ်ယာဉ်ရပ်နားကွင်းက အနိမ့်ထဲမှာဖြစ်နေသည်။ မိုးကုတ်မြို့နှင့် ပတ်ဝန်းကျင်ကို ချက် ချင်းလေ့လာရသည်။ လိုအပ်သည့်နေရာတိုင်း၊ ကြည့်သင့်သည့် နေရာတိုင်း ကားသွားနိုင်၍ တော်ပေသေးတော့သည်။ ရှင်းသင့်သောနေရာများ အန္တရာယ်မရှိအောင် ရှင်းရသည်။ တပ်တွေနေရာ ယူသင့်သောေ နရာများမှာ တပ်တွေဖြန့်ခွဲနေရာယူလိုက်သည်။ ရောက်သည့်နေ့မှာပင် လုံခြုံရေးယူပြီး ဖြစ်သွားသည်။

လုံခြုံရေးယူပြီးကြောင်းလည်း တိုင်းစစ်ဌာနချုပ်သို့ သတင်းပို့လိုက်ရပါတော့သည်။ ခလရ(၁၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ကြီးမောင်သည် လားရှိုးမှအပြန် ခလရ (၄) ရိပ်သာမှာတည်းသည်။ ဧပြီ ၇ ရက်နေ့ ကျွန်တော်တို့ ယာဉ်တန်းနှင့် မိုးကုတ်အထိ လိုက်ပါပြီးမှ မိုးမိတ်ရှိ ခလရ(၁၂)သို့ ဆက်လက် ထွက်ခွာသွားသည်။

အဓိက ပုဂ္ဂိုလ် ခရီးစဉ်

သည်လိုနှင့် အစီအစဉ်အတိုင်း ဥက္ကဋ္ဌကြီး ဦးနေဝင်းအဖွဲ့ မိုးကုတ်မြို့သို့ ရောက်ရှိလာသည်။ အဓိက ပုဂ္ဂိုလ်နှင့် အတူ ပါလာသူအားလုံး မမှတ်မိတော့ပါ။ လုံခြုံရေးအတွက် အာရုံစိုက် နေရလွန်း၍ တောင်ပေါ်ကိုလည်း ပူသည်။ မြို့ တွင်းလည်း ပူရသည်။ ရဟတ်ယာဉ် ရပ်နားကွင်းလည်း ပူနေရသည်။ မိုးကုတ်မှ ကျောက်မျက်ရတနာ တူးဖော် တွေ့ရှိမှုနှင့် ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကော်ပိုရေးရှင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကြီးက ရှင်းလင်းတင်ပြသည်။ လူကြီးက အချိန်ယူနားထောင်သည်။ နမူနာကျောက်များ ကြည့်ရှု လေ့လာသည်။ လုံခြုံရေး ကိစ္စ အထူးမှာကြားသည်။ ပြီးနောက် ညနေ ၃ နာရီခန့်မှာ ရဟတ်ယာဉ်များဖြင့် ပြင်ဦးလွင်သို့ ထွက်ခွာသွားကြသည်။ ရဟတ်ယာဉ် ပြင်ဦးလွင်သို့ ရောက်ရှိဆင်းသက်ပြီဖြစ်ကြောင်း သတင်းရရှိမှ ကျွန်တော့်တပ် တွေ ပြန်စုရသည်။ စစ်ဆင်ရေးတပ်များမှာ ရယ်စရာ ပြောစမှတ်ကလေး ရှိသည်။ ''လာ မယ်၊ ကြာမယ်၊ ပြန်မယ်၊ မြန်မယ်''ဟူ၍ မည်သူက စတင်တီထွင်လိုက်မှန်းမသိသော ပြောစမှတ်ကလေးအတိုင်း လုံခြုံရေးယူထားသော တပ် တွေပြန်စုရတာ သိပ်ကိုမြန်လှသည်။ ဆက်လက်ဖော်ပြပါမည်။မောင်ဆွေသက်

Read 489 times
Rate this item
(0 votes)
Last modified on Friday, 29 September 2017 09:05