SJ WorldNews - шаблон joomla Авто

စိမ်းနေဦးမည် ကျွန်တော့်မြေ

Sunday, 08 December 2019 13:58 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဦးလေးပု၏ ကျောင်းပျက်ကြီးဆီ မျှော်ကြည့်မိသည်။

ကျောင်းပျက်လည်း မြေ၌ ပြားအောင် ပြိုလဲနေခဲ့လေပြီ။

ကိုးဆောင်တွဲ ကျောင်းဝင်းအတွင်း ရောက်လျှင်မူ မပြောင်းသေးသော အစဉ်အလာတစ်ရပ်က ကျွန်တော့်ကို ဆီးကြိုသည်။

ခြေတံရှည် ကျောင်းအောက်၌ ဦးပဉ္စင်းတစ်ပါးသည် ကြိမ်လုံးကို ကိုင်ကာ ပက်လက်ကုလားထိုင် တစ်လုံးထက်

စံနေတော် မူသည်။

သူ့ခြေရင်း မြေ၌ ၀ပ်လျက် ကျောင်းသားလေးများက အံပြီးသော စာကို ပြန်နေကြသည်။

ကျွန်တော်သည် ဦးပဉ္စင်း၏မျက်နှာကို သေသေချာချာကြည့်သည်။

ကိုရင်လောစံ ပေတည်း။ ယခုမူ ဦးပဉ္စင်း လောစံဖြစ်နေပေမည်။

ကျွန်တော့်ရင်မှာ ကြေကွဲကြည်နူး ဖြစ်မိသည်။ ကျေးရွာ သံဃာတော်မြတ်၏ ဂုဏ်ကျေးဇူးကိုလည်း လှိုက်လှိုက်

လှဲလှဲ အောက်မေ့မိသည်။

ခေတ်မည်မျှ ပျက်၍ ခေတ်မည်မျှ ပြောင်းသော်လည်း သံဃာမြတ်တို့သည် သူတို့၏ ၀တ်ကိုမပျက်စေပါ တ ကား...။

ကျွန်တော်သည် ဦးပဉ္စင်း အလုပ်ကို မနှောင့်ယှက်ချင် သဖြင့် ကျောင်းကြီး ပေါ်သာ တက်ခဲ့သည်။

ဆရာတော် ထိုင်နေကျနေရာတွင် ဦးပဉ္စင်း ကောဝိဒသည် ထိုင်လျက် ရှိနေ၏။

အသက်အရွယ် ကြီးရင့်ခဲ့သဖြင့် ဆရာတော် ဦးကောဝိဒသည် တည်ငြိမ် ခံ့ညားနေသည်။ သိက္ခာတော်လည်း

ကြည်ညိုဖွယ် ပြည့်ဝနေ၏။

ကျွန်တော်က ဦးချပြီး၍ မော်ဖူးသောအခါ ဆရာတော်သည် ကျွန်တော့်မျက်နှာကို စူးစိုက် ကြည့်ရင်း မိန့်တော် မူ၏။

““နေပါဦး...ဒကာကြီး...၊ ဒကာကြီး မျက်နှာ ဘုန်းကြီး မြင်ဖူးပါတယ်””

““တင်ပါ၊ တပည့်တော်က ဆရာတော်ရဲ့ တပည့်ရင်းပါပဲ။ သန့်ဇင်ပါ ဘုရား””

ဆရာတော်သည် အံ့သြခြင်းကို ရုတ်တရက် ဖြစ်သဖြင့် မထိန်းနိုင်။

““ဟ...သန့်ဇင်...၊ နင်ကြီးပွား လှချည်လား၊ အံမယ် ငါမမှတ်မိဘူးဟ””

““တင်ပါ၊ တပည့်တော် ရွာပြန် မရောက်တာလည်း ခုနစ်နှစ်လောက် ရှိပြီကိုး ဘုရား...””

““အိမ်း...ခုနစ်နှစ်၊ နည်းတဲ့ နှစ်တွေမှ မဟုတ်ဘဲလား...၊ ဒါထက် နင်ရွာထဲ ရောက်ပြီးပြီလား””

““မရောက်သေးဘူး ဘုရား၊ ရောက်လည်း တပည့်တော်ကို မှတ်မိတဲ့လူ ရှိမယ် မထင်ပါဘူး။ ဒါကြောင့် အရှင် ဘုရားဆီ အရင် လာဖူးတာပါ””

““ဘယ့်နှယ်ကြောင့် မမှတ်မိရမလဲ၊ ဟ ...နေဦး””

ဆရာတော်သည် တစ်စုံတစ်ခုကို သတိရဟန် အနီးရှိ ကြက်မွေး ကြိမ်လုံးဖြင့် ကြမ်းပြင်ကို ရိုက်သည်။ ကျောင်း သားလေး တစ်ဦး ထွက်လာ၏။

““ဟဲ့...အုန်းသော်...ဦးကေသရကို သွားပင့်စမ်း၊ ပိဋကတ်ကျောင်းမှာ ရှိလိမ့်မယ်””

ကျောင်းသားလေး အပြေးဆင်းသွား၏။

““ဦးကေသရဟာ ဘယ်သူတုန်း ဘုရား””

““ရောက်တော့ မင်းသိပါလိမ့်မကွာ””

မကြာမီ ဦးကေသရ ကြွလာသည်။

““အို...ကိုငကျော်ရှိန်...””

ဦးကေသရဖြစ်သော ကိုငကျော်ရှိန်က တည်ကြည်စွာ ကျွန်တော့်ရှေ့ ရပ်နေတော် မူသည်။

ဆရာတော်က နေရာမှ ထသည်။

““ကဲ ဦးကေသရနဲ့ စကားပြောနေရစ်၊ ငါတော့ ဆွမ်းခံထွက်ဖို့ ပြင်ဦးမယ်၊ ဦးကေသရကတော့ ဆွမ်းခံမလိုက်နဲ့

တော့၊ သန့်ဇင်ကို အကျိုးအကြောင်းတွေ အကုန်ပြောပြ လိုက်ပါဦး””

ဆရာတော်ကြွသွားမှ ဦးကေသရနှင့် ကျွန်တော် လွတ်လပ်စွာ စကားပြောကြသည်။

““နေပါဦး ကိုကျော်ရှိန်...အဲလေ...ဦးဇင်း... ဦးဇင်း ဘယ်နှယ့်ရဟန်းဘောင် ရောက်နေသလဲ””

ဦးဇင်းက ပြုံးသည်။

““လောကကို ငြီးငွေ့လို့ပေါ့ သန့်ဇင်ရာ...””

““တပည့်တော်က ဦးဇင်း တောခိုနေတုန်းပဲ ထင်နေတာ””

““ငါ လက်နက်ချတာ ကြာပါပြီ၊ လက်နက်ချပြီး ထောင်ထဲတောင် နှစ်နှစ် နေခဲ့ရသေးတယ်””

““ထောင်ထဲမှာ နှစ်နှစ်...ဘယ်လိုဖြစ်လို့လဲ””

““ဒါတွေ ထားပါလေ၊ မင်း မယဉ်နွယ်ကို စိတ်နာတုန်းပဲလား””

မယဉ်နွယ်...။ ကျွန်တော်မေ့ချင်သော အတိတ်ကိုမှ ဦးပဉ္စင်းသည် ဘာကြောင့် ဖော်ရပါသနည်း။

““ဦးဇင်း ဘာလို့ ဒီမေးခွန်းကို မေးတာလဲ””

““ငါ့ကို ပြန်မမေးနဲ့လေ...ငါမေးတာ ဖြေစမ်းပါဦး””

ကျွန်တော်က သက်ပြင်းရှိုက်သည်။

““အစတုန်းကတော့   မယဉ်နွယ်ကို တပည့်တော် သိပ်စိတ်နာတယ်။ ဒါပေမဲ့...ဘထွေးနဲ့ တွေ့ပြီး အကြောင်းစုံ သိရလို့ မယဉ်နွယ်ကို တပည့်တော် ခွင့်လွှတ် တဲ့အပြင် သနားတောင် သနားမိပါတယ်””

ဆက်လက်ဖော်ပြပါမည်။

Read 51 times
Rate this item
(0 votes)
Last modified on Sunday, 08 December 2019 14:09