SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Friday, 13 December 2019 10:03 Written by  font size decrease font size decrease font size increase font size increase font size

''အလယ်လယ် နာလိုက်တာဖိုးမူရယ်။ နင်အသာလေးထိုးပေးပါဟ။ ငါ့မှာ အရိုးချည့်ကျန်တာ'' ဆေးထိုးပေးပြီး လက်မောင်းကို ပွတ်ချေပေးစဉ် ပြောလိုက်သော စကားသံကြောင့် ရင်မွှေးကရယ်မော၍... ''ဆေးတွေပြန့်သွားအောင်ပါ ဖထီးရဲ့။ ဖထီးအသက်ဘယ်လောက်ရှိပြီလဲဟင်''

''၉ဝ ရှိပြီဟေ့''

''သြော်...ဖထီးကို ၆ဝ လောက်ပဲထင်တာ''

ဖထီးကြီးနှင့်အတူ ရော၍ ရယ်မောမိသော်လည်း စိတ်တို့သည် အပါးထံသို့ လွင့်ပါသွား၏။ အပါးသာ ရှိနေလျှင် ဤကဲ့သို့ပင် ဖျတ်ဖျတ်လတ်လတ်နှင့် သန်မာသော ကရင်အဘိုးအိုတစ်ဦး ဖြစ်နေဦးမည် ဖြစ်ပါသည်။

အပါးသည် မဖျားမနာခဲ့ဖူးပေ။

ထို့ကြောင့်ပင် လူကြီးများအား စိတ်ရှည်လက်ရှည် ပြုစုပေးတတ်သော နော်ရင်မွှေး၏ စေတနာသည် မွှေးပျံ့လှ၏။ တာဝန်ဝတ္တရားကိုလေးစားပြီး မခိုကပ်တတ်ပေ။

ဆေးရုံဝန်ထမ်းအားလုံးသည် နော်ရင်မွှေး၏ စိတ်စေတနာကို နားလည်ကြသည်။ သို့သော် နော်ရင်မွှေး၏ သမီးလေးက ဂျူတီချိန်တွင်ပါလာတတ်ပြီး ဆရာမများအခန်းထဲ၌ ငြိမ်သက်စွာ စာကျက်နေတတ်သည်။ အမေတစ်ခု သမီးတစ်ခုမို့ သမီးအား တစ်ဦးတည်းထား၍ မဖြစ်ပေ။

နော်ရင်မွှေးတွင် ဤသံယောဇဉ်ကြိုးလေး၏ ဆွဲနှောင်မှုကြောင့် စိတ်ထင်တိုင်း လှုပ်ရှား၍ မရနိုင်။ ညအိပ်ခရီး ထွက်ရမည့် တာဝန်ကို အစဉ်အမြဲ ငြင်းပယ်ခဲ့ရသည်။

ညဂျူတီရှိလျှင် ကလေးပါလိုက်၍ ဆေးရုံ၌အိပ်သောကြောင့် အဆင်ပြေ၏။ သို့သော် ခရီးထွက်ရသည့် အခါ၌ ကျောင်းတက်နေဆဲကလေးအား ခေါ်၍မရ။ ထားသွား၍ မဖြစ်ခဲ့ပေ။  ယခုပထမဦးဆုံးအကြိမ်ခွဲခြင်း ဖြစ်၍ ကလေးအား နားလည်အောင်ပြောထားပြီး  မေထရွန်ထံတွင် အပ်နှံထားခဲ့ရသည်။ ကလေးကလည်း နားလည်ဟန်ဖြင့် နော်ရင်မွှေးသွားသည်ကို   မငိုဘဲ   နှုတ်ခမ်းကလေးကို တင်းတင်းကိုက်၍ ကြည့်နေခဲ့၏။

''ရင်မွှေး နားပါဦးဟယ်။  ပေး ငါတစ်လှည့်လုပ်ပေးမယ်လေ''

''ရပါတယ်ဟယ် ငါ မနားချင်လို့ပါ။ လိုတာတွေသာ နင်ကလိုက်ဖြည့်ပေးပါ''

လက်မောင်းကို အရက်ပြန်ဆွတ်ထားသော ဂွမ်းနှင့် ပွတ်ပေးပြီး ဆေးထိုးပေး၏။ ဆေးထိုးပေးပြီးသူများအား လက်မောင်းကို ပွတ်ချေပေးရန်ပြောပြပြီး    အဘိုးအို အဘွားအိုများကိုမူ နော်ရင်မွှေး ကိုယ်တိုင်ပွတ်ချေပေး၏။

တစ်ခါတစ်ရံ ရုန်းကန်အော်ဟစ်နေသော ကလေးငယ်များကိုလည်း စိတ်ရှည်ရှည်ဖြင့် ချော့ပေးရသည်။

ကျေးရွာကြက်ခြေနီများက ဆေးထိုးပြီး လူဦးရေ စာရင်းကို ကောက်ပေးသည်။ အေးအေးမြင့်ကမူ ဆေးထိုးအပ်များကို သန့်ရှင်းစေရန် အဆင်သင့်လဲပေးသည်။

အရက်ပြန်ဆွတ်ထားသောဂွမ်းများကို အဆင်သင့်ဖြစ်ရန် အတွက်လည်း ပြုလုပ်ပေး၏။

ပိန်းသီလာပတ်ဝန်းကျင်မှ ရွာများတွင် ကရင်လူမျိုးများသာနေသည်။     ထို့ကြောင့်    ဆေးမထိုးလို၍ ရှောင်တိမ်းနေသူ အတော်များများလည်း ရှိနေသဖြင့် ဆေးထိုးလာသူကို စောင့်နေရသည်။ ကျေးရွာလူကြီးများကလည်း ရှာဖွေ၍ ခေါ်လာပေးကြသည်။

သို့သော်အချို့လူရွယ်များမှာ မလာကြဘဲ ရှောင်ပုန်းနေကြ၏။

''မနက်တည်းက ယာထဲသွားသူတွေ၊ တောတက်သူတွေနဲ့ ဘယ်လာနိုင်မလဲ ဆရာဝန်ရယ်''

''ဒါဆို ညနေအလုပ်သိမ်းချိန်မှာ ထိုးပေးမယ်လေ''

နော်ရင်မွှေးက မလွတ်စေရန်ဝင်ပြောလိုက်သဖြင့် ကျေးရွာလူကြီးကရယ်မော၍...

''ပြောတော့ပြောထားမယ် ဆရာမလေးရေ။ ဒါပေမဲ့ လာကြမှာမဟုတ်ဘူး။ ယာထဲကလာပြီး နားကြတယ်။

ပြီးတော့ လည်ကြတယ်။ အချို့ကလည်း နွားစာကျွေး၊ ဝက်တွေသိမ်းနဲ့ မအားကြပါဘူး။ သိပ်ပြီးတော့လာမယ် မထင်ဘူး''

''သြော်...ဒီလိုတော့လည်း ဟုတ်သားပဲ''

အလုပ်နှင့်လက်မပြတ် နေရသည့်ဘဝကို နော်ရင်မွှေး စာနာမိသည်။  မိမိ၏အပါးနှင့် အစ်မသည် ဘယ်သောအခါမျှ  အေးအေးဆေးဆေး ထိုင်နေသည်ကို  မတွေ့ရပေ။

''ကဲ...ဒါဆိုလည်း ထမင်းစားပြီး တစ်ရေးတစ်မော အိပ်လိုက်ကြတာပေါ့။ဆရာမက မနေ့ညက မအိပ်ဘူး မဟုတ်လား''

ညာမပြောလို၍ ဘာမျှမပြောတော့ပေ။ မနေ့ညက တစ်ညလုံး အိပ်မပျော်ဘဲ ကလေးအကြောင်း စဉ်းစားသည်။ ရောက်တတ်ရာရာနှင့် ကုန်လွန်ခဲ့သော အတိတ်အကြောင်းကို စဉ်းစားရင်း တိတ်တခိုး ငိုရှိုက်မိ၏။ ကလေးအနားမှာရှိစဉ် အရာရာကို မေ့ပျောက်၍ ရသော်လည်း ယခုကဲ့သို့   တစ်ကိုယ်တည်း နေရသောအခါ   တမင်မေ့ပျောက်ထားသော အကြောင်းအရာတို့က ပြန်လည်၍ အသစ်ဖြစ်ပေါ်လာခဲ့သည်။ ထိုအခါတွင် အကင်းမသေသေးသော အနာဟောင်းက   အသည်းဆတ်ဆတ်ခါအောင် နာကျင်ခဲ့ရ၏။

မြသန္တာ

Read 80 times
Rate this item
(0 votes)
Last modified on Friday, 13 December 2019 10:05