SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Friday, 10 January 2020 09:28 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ဤခမုံကျေးရွာကို ရောက်သည်မှာ နှစ်ညရှိခဲ့ပါပြီ။

နေ့လယ်ကပင် အထက်ခမုံနှင့် အောက်ခမုံသို့ သွား၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ပါသည်။ ခရီးသွား၍ ပင်ပန်းသော်လည်း အိပ်မရခဲ့ချေ။

ရွှန်းမြသောလရောင်အောက်တွင် ပင့်သက်ခါခါ ချရင်းက အိပ်မရသောကြောင့် လမ်းလျှောက်ရင်းဖြင့် ညအချိန်ကို ကုန်ဆုံးစေသည်။

ပြည့်လုပြည့်ခင် လလေးကို ကြည့်ရင်း ကလေးနှင့် အတူ မအိပ်ရသော ညများကို ရေတွက်ကြည့်မိသည်။

ခုနစ်ညရှိပါပြီ။

နောက်ဆုံး အိပ်မရမည့် အတူတူ အသားဝါလူနာများ စုထားရာ အိမ်သို့ထွက်လာခဲ့သည်။ လူနာများကို စောင့်ရှောက်ရန်ထားသော လူရွယ်ကား တရှူးရှူးနှင့် အိပ်ပျော်နေလေပြီ။ မီးအိမ်ကိုမြှောက်၍ လူနာရှစ်ဦးခန့်ကို တစ်ယောက်စီ လိုက်ကြည့်နေ၏။

““သရမုဝါး””

““ဆရာမလား”” ဟူသော တီးတိုးလေသံကြောင့် ရုတ်တရက် အိပ်မပျော်သော လူနာရှိပြီဟူသော အသိနှင့် အသံလာရာသို့ မှန်းကာ မီးအိမ်ကို မြှောက်ကြည့်လိုက်မိသည်။

““မနူးလဲနော်ဖဲလူ””

““ယကအောကီး””

ဘာလဲဟု မေးသောအခါ ရေသောက်ချင်ကြောင်း ပြောသဖြင့် လူနာများအတွက် အသင့်ပြုလုပ်ထားသော ရေကျက်အိုးထဲမှ ရေကို ခပ်တိုက်လိုက်၏။

အခြားအိပ်မပျော်သော လူနာသုံးဦးခန့်ကိုလည်း ရေတိုက်ပေးသည်။ အပေါ့အပါး သွားချင်သော မိန်းကလေး လူနာများကို ကိုယ်တိုင် လိုက်ပို့ပေး၏။ အထူးသဖြင့် နော်ဖဲလူသည် အရာရာကို ကြောက်ရွံ့သူဖြစ်သောကြောင့် သူ့ကိုပို၍ အားပေးရသည်။

နော်ဖဲလူ၏ ညီမဖြစ်သူ နော်မကေးက အစ်မမရှိသောကြောင့် အိပ်မရကြောင်း အစ်မကို အိမ်ပြန်ပို့ပေးရန် မ၀ံ့မရဲနှင့် ပြောသည်ကို သတိရလိုက်သည်။

နော်ဖဲလူကလည်း အိပ်မပျော်၍ အိပ်ဆေးတိုက်ပေးရသည်။ ညီအစ်မနှစ်ယောက်ကား ကြီးသည်အထိ ခွဲမအိပ်ဖူးသောကြောင့် မအိပ်တတ်သည့် အဖြစ်ကို ကိုယ်ချင်းစာမိသည်။ သို့သော် နော်ဖဲလူ ရောဂါကြီးမားနေသောကြောင့် ကြိုးစား၍ ကုသရန် ချော့ထားရသည်။ တစ်ခါတစ်ရံ ကလေးသဖွယ် ငိုနေတတ်၍ နော်ရင်မွှေးကိုယ်တိုင် အနားမှာ ထိုင်စောင့်ပြီး ချော့ရသည်။ အခြားလူနာများကဲ့သို့ သောက်ဆေးကို မှန်မှန် မသောက်သောကြောင့်လည်း ကိုယ်တိုင်စောင့်တိုက်ရသည်။

လူနာများကို ကြည့်ပြီးသော်လည်း အိပ်ချင်စိတ်မရှိသဖြင့် တဲရှေ့ခုံတန်းလျားလေးတွင် ထိုင်ရင်းက စိတ်ကိုလွင့်ချင်ရာ လွင့်အောင် လွှတ်ထားလိုက်သည်။

ကောင်းကင်မှ ကြယ်တာရာများကို ရေတွက်နေမိသည်။

ထူထပ်သော တိမ်ဆိုင်တိမ်ခဲများကို ကြည့်ရင်းတစ်ဦးတည်း အဖော်မဲ့စွာ အိပ်နေရမည့် ကလေးအားစိတ်ထဲမှ ချော့သိပ်နေမိ၏။ ခေါင်းအုံးအောက်ထဲသို့ လက်တစ်ဖက် ထည့်အိပ်တတ်ပြီး ကျန်လက်တစ်ဖက်က မိမိခါးပေါ် တင်အိပ်တတ်သော ကလေးငယ်သည် မည်သို့အိပ်နေရှာမည်နည်း။

ကလေးအသက် ၉ နှစ်ကျော်ပြီဖြစ်သော်လည်း မိခင်နှင့်တစ်ခါမျှ ခွဲမအိပ်ဖူးသောကြောင့် အိပ်၍ ပျော်လိမ့်မည်မထင်။ ကလေး၏ ပါးဖောင်းဖောင်းလေး ချောင်ကျနေပေလိမ့်မည်။ မျက်လုံးကြည်ကြည်လေးသည်လည်း အိပ်မပျော်သောကြောင့် မှိုင်းဝေ၍ နေပေတော့မည်။

ကလေးအိပ်ပျော်ပါစေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ။

တစ်ခါတစ်ရံ ကလေးအိပ်မရသည့်အခါတွင် မိမိအား သီချင်းဆိုခိုင်းသည်။ ထိုအခါ ရေယမုံပတ်ပျိုးလေးကို အလွတ်ကျက်ထားပြီး သီချင်းဆို သိပ်ပေးရ၏။ ကလေးကို ငယ်စဉ်ကတည်းက သီချင်းဆိုသိပ်ခဲ့ရသည်။

““နွဲ့နွဲ့မာန် ကိုးငယ်နှင့် xx အို ဆိုးလိုက်တာxx ဟာတိတ်ပါ့ကွယ်xxကြောင်ညိုဘားငယ်လေးxx စားတတ်လှတယ်xx””ဟူသော အပိုဒ်ကို  ကလေးက လွန်စွာနှစ်သက်သည်။ ကြောင်ညိုဘားက  စားတတ်သည်ဆို၍ ငယ်စဉ်က ကြောက်ရွံ့သော်လည်း ကြီးလာသောအခါ မကြောက်တော့ဘဲ ရယ်မောတတ်၏။

““အမိုးကလည်း ကလေးတို့အိမ်က ကြောင်ကြီးက သိပ်လိမ္မာတာပဲ။ မစားတတ်ပါဘူး””ဟု စောဒက တတ်တတ်သည်။

တစ်ခါတစ်ရံ ကြောင်ကဲ့သို့ အသံပေးပြီး နောက်တတ်၏။ ကလေးသည် ကြောင်ကို အလွန်ချစ်တတ်၏။

အိမ်တွင် မွေးထားသော ကြောင်လေးဖြူဖွေးကို ချော့သိပ်တတ်သောကြောင့် ဟန့်တားရသည်။ ဖြူဖွေးသည် သန့်ရှင်းပြီး ချစ်စဖွယ်ကောင်းသော်လည်း တစ်ခါတစ်ရံကလေးက ပွေ့ဖက်နမ်းရှုပ်သောအခါ မိမိရင်ထဲ အလွန် စိုးရိမ်မိသည်။

““နော်ရင်မွှေး””

““ဘုရား...””

ဒေါက်တာဟန်ကြည်၏ ရုတ်တရက်ခေါ်သံကြောင့် တုန်လှုပ်သွားမိသည်။ ဒေါက်တာဟန်ကြည်က နာရီကို မြှောက်ပြပြီး-

““ခင်ဗျား ခုထက်ထိ မအိပ်သေးဘူးလား””

““ကျွန်မ အိပ်ပြီးပါပြီ ဒေါက်တာကကော””

““ခုနကမှ နိုးတာပါ။ နည်းနည်းညောင်းတာနဲ့ ဒီဘက်ထွက်လာတာပဲ””

မလုံမလဲနှင့် ကာကွယ်လိုက်သည်။ မိမိအိပ်မပျော်သည့် အဖြစ်ကို ဒေါက်တာဟန်ကြည် မသိစေချင်။

ဒေါက်တာဟန်ကြည်က ခုံတန်းလျား တစ်ဖက်စွန်းတွင် ၀င်ထိုင်လိုက်ရင်း-

““အစ်မကို ခေါ်လာမိတာ ကျွန်တော်တော့ ၀ဋ်လိုက်တော့မယ် ထင်ပါရဲ့ဗျာ။ အမေကတောင် ဒီလောက်ဖြစ်နေတာ သမီးဆိုရင် ပိုဆိုးမယ်ထင်တာပဲ””

““ခွဲနေမကျလို့ပါ။ နောက်တော့လည်း ဒီလို ခဏခဏ ခွဲပေးလာရင် အမေရော သမီးရော နေသားကျသွားမှာပေါ့””                     

ဆက်လက်ဖော်ပြပါမည်။

Read 12 times
Rate this item
(0 votes)
Last modified on Friday, 10 January 2020 09:29

Latest from ကေတု