SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Saturday, 18 January 2020 12:27 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

““သမီးလေးက အစ်မလိုပဲ။ မျက်လုံးတစ်ချက်လှန် ကြည့်ရင် အကြည့်ခံရတဲ့လူတိုင်း ဒုက်္ခရောက်သွားနိုင် တယ်””

မကျေမနပ်နှင့် ဒေါက်တာဟန်ကြည်ကို လှမ်းကြည့် လိုက်မိသည်။ ထိုအခါ ဒေါက်တာဟန်ကြည်က ရယ် မောလိုက်ရင်း-

““အစ်မ အဲဒီလိုမကြည့်နဲ့ဗျာ။ ကျွန်တော်ရင်ဖိုလွန်းလို့””

သူက  ရွှတ်နောက်နောက်ပြောလိုက်သော်လည်း အနားမှလူများကြောင့် ရင်ထဲတွင် ဒေါသဖြစ်သွားမိ ၏။ သို့သော် ဘာမျှမဖြစ်သလို  မဲ့ပြုံးပြုံးရင်းက-

““ကျွန်မအကြည့်ကြောင့် ရင်ဖိုရင်လည်း ဒေါက်တာ ဝေးဝေးရှောင်နေပေါ့။ ဒေါက်တာက အဲဒီလိုပြောလိုက် ပေမယ့် ကျွန်မကတော့ ရင်ခုန်တယ်ဆိုတာမရှိဘူး။ ကျွန်မဘယ်သူ့အပြော ဘယ်သူ့အကြည့်မှ ရင်မခုန်တတ်ပါဘူးရှင်။ ဘာလို့လဲဆိုတော့ ကျွန်မက ကလေး အမေပဲ။ ဒေါက်တာကတော့ လူပျိုဆိုတော့ မိန်းကလေး တွေကြည့်တိုင်း ရင်ကိုဖိုရမှာပဲ မဆန်းပါဘူး””

““ဒါပေမဲ့ အအိုအတွက် ရင်ဖိုနေရင်တော့ ဒေါက်တာ့ ဘ၀အမှောင်ဖြစ်သွားမှာပေါ့””

ရှည်လျားစွာပြောချလိုက်ပြီး လှည့်ထွက်လာခဲ့သည်။

နောက်ပိုင်းတွင် ပြဿနာက ကြီးမားစွာကျန်ခဲ့လိမ့် မည်။ ဒေါက်တာဟန်ကြည် ရှက်ပြီးထွက်သွားလိမ့်မည်  ဟု မိမိထင်ခဲ့သည်။ သို့သော် ဒေါက်တာဟန်ကြည် သည် နောက်မဆုတ်သည့်အပြင် အားလုံးကိုကြေညာ ပြီး    ရှေ့သို့ခြေလှမ်းတိုးလာကြောင်း    မေထရွန် ဒေါ်ခင်ဝင်းပြောမှ သိရ၏။

““မင်းဆရာဝန်တစ်ယောက်ကို ဒီလိုပြောတာတော့ မကောင်းဘူး””

““လုပ်ငန်းခွင်ထဲမှာ ကျွန်မလူတိုင်းကိုလေးစားပါတယ် မေထရွန်၊ ဒါပေမဲ့ ကျွန်မကိုယ်ရေးကိုယ်တာကိုထိလာ ရင် သည်းမခံနိုင်ဘူး။ ကျွန်မသည်းခံနေရတာကြာပြီ။ ဒါကို မေထရွန်တို့အသိပဲ””

““အိုကွယ်...အချင်းချင်းတွေပဲ။ ရင်းနှီးလို့ပြောတာပဲကွယ်။ ရင်မွှေးက ဒီလိုပြောလိုက်တော့ ဟိုကပွင့်ထွက် လာပြီး ရင်မွှေးကိုသူတကယ်ချစ်တာ။ ဘယ်သူ့အပေါ်မှာမှ  ဒီလိုစိတ်မျိုးမဖြစ်ဖူးဘူးတဲ့။ အခုရင်မွှေးဟာ လွတ်လပ်သူ မို့ သူချစ်တာပါ၊ ဘာအပြစ်မှမရှိဘူး။ မေထရွန်ကိုပါ ကူညီပါလို့ပြောနေတယ်””

““ဟင်း...””

နာကြည်းစွာတစ်ချက်ရယ်လိုက်သည်။

““ကျွန်မ သူများလွတ်လပ်ခွင့်ကို မပိတ်ပင်ပါဘူး မေထရွန်။ သူစိတ်ချမ်းသာသလိုနေပါစေ။ အဓိကက ကျွန်မနော်ရင်မွှေးပဲမဟုတ်လား””

““ရင်မွှေးကို သမီးချင်းစာနာပြီး မေထရွန်အကြံပေး ချင်တယ်။ ဒေါက်တာဟန်ကြည်က တကယ့်မေတ္တာ စစ်နဲ့ချစ်တယ်ဆိုရင် ရင်မွှေးက လက်ခံဖို့သင့်တယ်။ ကြာမရှိတဲ့ကန် မတင့်တယ်သလိုပေါ့””

““လင်မရှိတဲ့မိန်းမ မတင့်တယ်ဘူးပြောချင်သလား မေထရွန်။  ရပါတယ်။   ရင်မွှေးသမီးကို ဘယ်ပထွေး လက်ထဲမှမထည့်နိုင်ဘူး။   မေထရွန်ရဲ့စေတနာကို ရင်မွှေးလေးစားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်””

ကလေးအတွက် မိမိတစ်ကိုယ်တည်းရုန်းကန်နိုင်ပါ သည်။ ကလေးထံတွင်သာ အချစ်များကိုစုပုံထားချင် သည်။ ပြီးတော့ နှလုံးသားထဲတွင် ဆရာမှလွဲ၍ မည်သူ့ ကိုမျှ အစားမထိုးချင်တော့ပေ။

““ဟော...ဆရာမ ဆေးလာပေးပြီ””

လူနာဆောင်များရှေ့တွင် ဆေးလှည်းကလေးကို ရပ်ပြီး ငိုင်နေစဉ် လူနာတစ်ဦး၏အသံကြောင့် သတိဝင်လာပြီး တင်းထားသောမျက်နှာကိုလျှော့ချရင်း ပြုံးလိုက် မိ၏။

““အခုချက်ချင်းသောက်ရမယ်နော်””

ဆေးလာယူသူများကို မှာလိုက်သည်။ အချို့လူနာ များက တစ်နေ့သုံးကြိမ် သောက်ရမည့်ဆေးကို တစ်ကြိမ် လျှော့သောက်ပြီး ဆေးကိုစုထားတတ်၏။ အချို့လူနာ များက ဆေးခါးခါးကိုကြောက်၍ သောက်ချင်ယောင် ဆောင်ပြီး လွှင့်ပစ်သည်လည်း ရှိသည်။ ထို့ကြောင့် ဆေးကိုသောက်၊ မသောက် ကိုယ်တိုင်စောင့်ကြည့်ရ သည်။

““ရော်...အိပ်နေလားဝေ့။ ထပါဦး ညီမလေးရဲ့။ ဆေးသောက်ပြီးမှအိပ်နော်””

လူနာကြည့်ချိန်ပြီး၍ ဧည့်များရှင်းနေသည်။ အချို့ လူနာများက ညနေစောင်းသည်နှင့်အိပ်တတ်၍ နှိုးပြီး ဆေးတိုက်ရသည်။ အဖျားတိုင်းရသည်။

““ဟယ် အဖျားနည်းနည်းပြန်တက်နေပါလား။ ညီမ ဘာအဖတ်စားသေးလဲ””

““မစားပါဘူး၊ အရည်ပဲသောက်နေတာ။ အန်တောင် အန်ချင်တယ်””

တိုက်ဖွိုက်လူနာက ညည်းညည်းညူညူ ပြောလိုက် သည်။ ငယ်ရွယ်သူမို့ စားကောင်းဆဲအရွယ်ဖြစ်သည်။

““အရည်ပဲသောက်ပါ ညီမရယ်။     ဒါမှ မြန်မြန်နေကောင်းမှာ။ အဖတ်စားရင် အူတောင်ပေါက်သွား နိုင်တယ်။  ဒီရောဂါက   ဆရာမစကားနားထောင်ပြီး ဆေးမှန်မှန်သောက်။ အရည်ချည်းပဲသောက်ရင် အပျောက် မြန်တယ်။  ကဲ...ဆေးသောက်ပါဦး။   ကော်ဖီနဲ့ သောက်မလား။ အစ်မဖျော်ပေးမယ်””

““တော်ပါပြီ အစ်မရယ်။ ရေအေးနဲ့ပဲသောက်ပါတော့ မယ်။ ကော်ဖီသောက်ရဖန်များတော့ အန်ချင်လာပြီ””

““အို ဒါဆို...ဘာလီနဲ့သောက်မလား””

““အအီပြေတာပေါ့၊ သောက်လိုက်နော်””

ချော့မော့၍ စိတ်ရှည်ရှည်တိုက်ရ၏။ ဘာပဲဖြစ်ဖြစ် မိမိဘ၀တွင် လူနာများနှင့်သာအချိန်ကုန်သွားတတ် သည်။ လူနာများကိုပြုစုနေရလျှင် စိတ်ချမ်းသာ၏။ အပါးနှင့်အစ်မတ၀ါးမကိုပြုစုနေရသကဲ့သို့ စိတ်ထဲတွင် ထင်မှတ်ထားလိုက်သည်။   

ဆက်လက်ဖော်ပြပါမည်။

မြသန္တာ

Read 31 times
Rate this item
(0 votes)
Last modified on Saturday, 18 January 2020 12:31