SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး ............

Friday, 27 March 2020 13:52 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မိမိအချိန်မီသွားပြော၍ မြို့နယ်တစ်ခုခုကို တောင်းပြောင်းပြီး အစ်ကိုစိုးနှင့်ဝေးရာသို့ သွားရန်ဆုံးဖြတ်ချက် ချလိုက်သည်။

ကလေးကိုမူ  မိထွေးလက်ထဲမထားခဲ့နိုင်။  အစ်ကိုစိုးသည် မည်သည့်အချိန်ကာလကတည်းက  အိမ်ထောင်ပြုထားသည်မသိ။ မည်သို့ပင်ဖြစ်စေ မချစ် မနှစ်သက်သူတစ်ဦးအတွက် မိမိဂုဏ်ငယ်မခံတော့။  အနစ်မွန်းလည်းမခံတော့ပေ။ ကလေးအိပ်သွားသောအခါ အကြီးနှင့်ရင်ဆိုင် လိုက်၏။ အကြီးက မိမိကိုမကြည့်ရဲပေ။

““အကြီး၊ ဒီကိစ်္စကို ကြီးကြီးသိတယ်မဟုတ်လား”” အကြီးက သက်ပြင်းတိုးတိုးချလိုက်သည်။

““သိတယ်။ ဒါပေမဲ့ အဲဒီမိန်းမက မကောင်းဘူး။ ငစိုးကို အရက်မူးနေတုန်း ထောင်ဖမ်းထားတာ။ ဘာ လက်ထပ်စာချုပ်မှ မရှိပါဘူးသမီးရယ်။ ကလေးကလည်း ငစိုးကလေးမဟုတ်ပါဘူး။ သူကတရားဝင်မဟုတ်ပါဘူး””

ရင်ထဲစူးဝင်သွားသည်။ ထွက်ပေါ်လာသော ဒေါသ စိတ်ကို အတင်းမျိုသိပ်ရင်းက အကြီးကို စူးစူးကြည့်မိ၏။ ““အကြီး  မိန်းကလေးမဟုတ်ဘူးလား။ အကြီးဟာ ဟိုမိန်းမဘက်ကရော  ရင်မွှေးဘက်ကပါ မစာမနာ တွေးတတ်တယ်””

““ဟိုမိန်းမဘက်က တွေးကြည့်ပါဦး။ သူနှင့်ပတ်သက် လို့ ဒီလာရဲတာပေါ့။ သူ့မှာ ပြောပိုင်ခွင့်ရှိလို့ ပြောတာပဲ။ အစ်ကိုစိုးရဲ့ တစ်ဖက်သတ်အပြောနဲ့ အကြီးယုံလား။  ရင်မွှေးတော့မယုံဘူး။ ပြီးတောင် ရင်မွှေးအနေနဲ့စဉ်းစား ကြည့်ပါဦး။ ရင်မွှေးလက်ထပ်တော့မယ်ဆဲဆဲ အစ်ကို စိုးကြောင့် ပျက်ရတယ်။ သူက ကလေးကိုငါးစာလုပ်ခဲ့ တာပဲ။ ဘာပဲဖြစ်ဖြစ် ရင်မွှေးရဲ့ဂုဏ်ပုဒ်လေးကို အကြီး တွက်ကြည့်စမ်းပါ။ အစ်မဆုံးတော့ ခယ်မ။ ခယ်မကနေ ဒုတိယမယားဖြစ်ရပြီး အခု   ဒုတိယမယားတောင်  မဟုတ်တော့ဘူး။ တတိယအငယ်တဲ့လေ။ မယားကြီး ရှိလျက်နဲ့ မယားငယ်ဖြစ်ရတဲ့ဘ၀”” အံကိုတင်းတင်းကြိတ်လိုက်သည်။ အကြီးကတွေဝေ နေ၏။

““ရင်မွှေး ဒီမှာ မနေတော့ဘူး။ ကလေးကိုလည်း မိထွေးလက်ထဲ မထားတော့ဘူး။ သူ့ကို ကွာပေးမယ်”” ““အို...ဒီလိုမလုပ်နဲ့လေ။ စိတ်လိုက်မာန်ပါ မဆုံး ဖြတ်ပါနဲ့ သမီးရယ်။ ဟိုမိန်းမကို လျော်ကြေးပေး ကွာလိုက်မှာပဲ””

““အစစကတည်းက လျော်ကြေးပေး ကွာထားတာပဲ မဟုတ်လား။ ဒါပေမဲ့ ဟိုကမပြတ်လို့ လာပြောတာပေါ့။ တော်ပြီ ကြီးကြီးရယ်။ ရင်မွှေးနှစ်ခါအနာမခံတော့ဘူး။ အစ်ကိုစိုး အကျင့်စာရိတ်္တ  ဒီလောက်ယိုယွင်းနေတာ ရှေ့လျှောက် လက်တွဲဖို့လည်း ကြောက်ပါပြီ။ မနက်ဖြန် ညနေဆိုတာကို ရင်မွှေးရင်မဆိုင်ရဲဘူး။ ဒီနေ့ညပဲ သွားတော့မယ်””

ပြောပြောဆိုဆိုနှင့်ပစ်္စည်းများကို ကောက်သိမ်းလိုက် သည်။ အကြီးက တရှုံ့ရှုံ့ငိုရင်းက... ““ငစိုးကို စောင့်ပါဦး သမီးရယ်၊ သူဘာပြောမလဲလို့”” ““အကြီး သူ့အကြောင်းမပြောနဲ့ ရင်မွှေးမကြားချင် ဘူး။ အကြီးကို လေးစားလို့ ရင်မွှေးစကားပြောနေတာ နော်။ သူ့ကို တွေ့လည်းမတွေ့ချင်ဘူး။ ပြောလည်း မပြောချင်ဘူး။ ဒီတစ်ခါတွေ့ရင် လူသတ်မှုဖြစ်လိမ့် မယ်”” ကလေးနှင့်မိမိ၏အသုံးအဆောင်ပစ်္စည်းများအကုန်လုံး သိမ်းလိုက်သည်။ ထို့ပြင် မိမိနန်္ဒမိတ်မှပါလာသော အိမ်ထောင်ပစ်္စည်းများကိုပါ တစ်ခုချင်းလိုက်သိမ်း လိုက်သည်။ ညမမှောင်မီ   ထွက်ခွာရန်ပြုလုပ်ထား သည်။ ““ကလေးကိုတော့ ထားခဲ့ပါသမီးရယ်။ အကြီး စောင့်ရှောက်ပါမယ်”” ““အို...ဒီကလေး ကြောင့်   ရင်မွှေးအားလုံးကို စွန့်လွှတ်ခဲ့တာပဲ။ ဒီကလေးကို မတွယ်တာရင် အစ ကတည်းက လိုက်မလာဘူး ကြီးကြီး။ ရင်မွှေးသင်တန်း တက်တုန်း စောင့်ရှောက်ထားလို့ ကလေးအပေါ်မှာ တွယ်တာတဲ့ကြီးကြီး ရဲ့သံယောဇဉ်ကို နားလည်ပါ တယ်။ ဒါပေမဲ့ ကလေးကို မိထွေးနဲ့မထားခဲ့နိုင်ဘူး ကြီးကြီး။ ဒီအဖေကလည်း ဒီသမီးကို တွယ်တာ လို့လား။ ဒီသမီးကိုချစ်ရင် သူနောက်မိန်းမယူစရာအကြောင်း မရှိပါဘူး””

““ဒါတော့ ပုထုဇဉ်ပဲ””

အကြီးက သူ့တူဘက်က ရှေ့နေလိုက်၍ အသည်း ဆတ်ဆတ်ခါ နာသွားသည်။ ထို့ကြောင့် အကြီးကို စေ့စေ့ကြည့် ကာ-

““ဒါဆို ရင်မွှေးလည်း ပုထုဇဉ်ပဲလေ။ ကလေးကို မငဲ့ဘဲ ဆရာ့ကိုယူရင်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ရင်မွှေးက သံယောဇဉ်ပိုပါတယ်။ သူ့မှာ   သားသမီးအစားရပြီ ပဲ””                       

ဆက်လက်ဖော်ပြပါမည်။

 

Read 80 times
Rate this item
(0 votes)
Last modified on Friday, 27 March 2020 13:54

Latest from စကားဝါ