SJ WorldNews - шаблон joomla Авто

နော်ရင်မွှေး

Sunday, 29 March 2020 10:40 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

ထိုပုံများကိုမပြရဲပေ။

''သြော်...ကလေးရယ်။ ကလေးဖေဖေကလေ ဓာတ်ပုံရိုက်ရမှာ သိပ်ရှက်တာ။ မိုးလည်းရှက်တယ်။ ဒါကြောင့်မရိုက်ဖြစ်တာ။ သူသေသွားမယ်မှန်းသိရင် ဓာတ်ပုံရိုက်ထားတာပေါ့''

ကလေးက အဝေးသို့ငေးရင်း စဉ်းစားလိုက်သည်။ သူငါးနှစ်ခန့်က သူ့ရင်ထဲမှာ စွဲမှတ်နေသောမြင်ကွင်း လေးကို သူဝိုးတဝါးမှတ်မိနေသည်။

''အမိုးနဲ့အဖေနဲ့ရန်ဖြစ်ပြီး အမိုးထွက်လာတယ်နော်။ နောက်တော့ ဖေဖေနဲ့မတွေ့ရတော့ဘူး။ ဖေဖေ့ခေါင်း မှာသွေးတွေနဲ့''

ကလေးကကြောက်လန့်ဖွယ်ရာမြင်ကွင်းကို ရင်ထဲ စွဲနေသဖြင့် မိမိစိတ်လိုက်မာန်ပါလုပ်မိခြင်းအတွက် နောင်တရမိသည်။

''မိုးတို့ပြန်လာတော့ အသုဘတစ်ခုကို ကလေးနဲ့မိုး လိုက်ပို့သေးတယ်လေ။ မိုးတောင်ငိုနေတာပဲ။ အဲဒါ ကလေး ဖေဖေ အသုဘပေါ့''

ဆရာဝန်မတစ်ဦးသေဆုံးခဲ့သည်ကို ကလေးအား ညာပြောခဲ့သည်။ ထိုစဉ်က မိမိငိုနေ၍ကလေးကပါ ဘုမသိဘမသိလိုက်ငိုခဲ့သည်။

''အင်း...ဟုတ်တယ်နော်။ အန်တီလေးလည်း ငိုတယ်''

''ဟယ် ကြည့်စမ်း။ ကလေးရယ် ဟိုးမှာဗျိုင်းလေး တွေ အိပ်တန်းတက်နေကြတာမလှဘူးလားဟင်''

စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ သရက်ပင်အုပ်ကြီး ပေါ်တွင် ဗျိုင်းဖြူဖြူများအုပ်လိုက်နားနေသည်ကို အဝေးမှလှမ်းမြင်ရသည်မှာ အလွန်လှ၏။

''ဟာ...ဟုတ်ပါရဲ့ လှလိုက်တာမိုးရယ်။ အများ ကြီးပဲနော်၊ ခါတိုင်းမရှိဘူး''

''ဟုတ်တယ်။ သူတို့ကအသိုက်ခဏခဏပြောင်းရ တာ။ ကြာကြာအသိုက်လုပ်ထားရင် အန္တရာယ်များ လို့လေ''

သြော်...မတည်ငြိမ်သောမိမိတို့ဘဝမှာလည်း ငွေဗျိုင်းဖြူများနှင့် ဘာများထူးပါသနည်း။

''ပျော်စရာကြီးမိုးရယ်။ ဟော... ဟိုမှာလည်း လာပြန်ပြီ အများကြီးပဲ''

ကလေးစိတ်က ဗျိုင်းလေးများထံရောက်သွားပြီး ပျော်ရွှင်စွာအော်ဟစ်ရေရွတ်လိုက်၏။ ရင်ထဲမှာသက် ပြင်းတိုးတိုးလေးချမိသည်။ ကလေး အစ်ကိုစိုးကို မမှတ်မိပါစေနှင့်ဟုဆုတောင်း လိုက်သည်။

x x x x x x x x x x

အခန်း(၁၄)

''မိုးရေမိုး၊ ထမင်းဆာပြီလားဟင်'' ခြင်းလေးဆွဲကာ စက်ဘီးပေါ်မှ ဆင်းဆင်းချင်းကလေးက လှမ်းမေး လိုက်သည်။ တစ်နေ့လုံးပင်ပန်းထားသမျှ အမောပြေ သွား၏။

''ကလေးရယ်...ဘာတွေချက်လာသလဲ။ ကျောင်း တစ်ဖက်နဲ့ကွယ်''

ကလေးလက်ထဲမှခြင်းကိုဆွဲယူလိုက်ပြီး ကြင်နာစွာ မေးလိုက်သည်။ ကလေးက မိမိခါးကိုဖက်လိုက်၏။ ကလေးအရပ်သည် မိမိနှင့်တန်းတူဖြစ်နေသည်။ ကလေး သည် အစ်မတဝါးမကဲ့သို့ သေးသေးသွယ်သွယ်နှင့် အသားဖြူဖြူမို့ မိမိထက်ပိုလှကြောင်း လူတိုင်းပြော သည်။ မိမိကဲ့သို့ မျက်လုံးဝိုင်းစက်စက်သာမရှိလျှင် ကလေးကို မိမိသမီးဟု မည်သူမျှထင်မည်မဟုတ်ပေ။

''မိုးက ပင်ပန်းတာပေါ့။ ကလေးက ကျောင်းမှန်မှန် တက်နေတာပဲ စာလိုက်နိုင်ပါတယ်မိုးရဲ့။ ကလေး တစ်ယောက်တည်းအိမ်မှာမစားချင်လို့ မိုးနဲ့စားမယ် နော်။ ကလေးအတွက်ပါထည့်လာတယ်''

''အမယ်....လေးတဲ့။ ဒီသားအမိနှစ်ယောက် ကလေ သည်းကိုသည်းတယ်''

မိမိတို့နှစ်ယောက်၏ ကြင်နာမှုကို ဆေးရုံဝန်ထမ်း များက ပြောနေကြသည်။ ကလေးကရယ်မောနေ၏။ ကလေးသည် ဆေးတက္ကသိုလ်ကျောင်းသူဖြစ်သော် လည်း မိမိအပေါ်တွင် တွယ်တာမှုလျော့မသွားပေ။ အထူးသဖြင့် သူ့အတွက်ပင်ပန်းခံကာ ငွေရှာနေသည် ကို သူနားလည်သည်။

ကလေး ၁ဝ တန်းအောင်၍ ဆေးတက္ကသိုလ်ဝင်ခွင့် ရသောအခါ မန္တလေးသို့ ပြောင်းရွှေ့ခွင့်လျှောက်လိုက် သည်။ ကလေးက ရန်ကုန်ကိုသွားချင်သည်။ သို့သော် မိမိအလိုအတိုင်း လိုက်ရှာ၏။ မိမိအနေနှင့် အစ်ကိုစိုးရှိသောအရပ်တွင် လုံးဝ မနေချင်။ ကလေးက အစ်ကိုစိုးကိုမှတ်မိသွားမှာစိုး သည်။ ထို့ကြောင့် မန္တလေးသို့ပြောင်းလာခဲ့၏။ မန္တလေးသို့ရောက်သောအခါ ညဘက်ဂျူတီမရှိ သည့် လူမှုဖူလုံရေး ဆေးခန်းတွင် တာဝန်ထမ်းဆောင် သည်။                        

ဆက်လက်ဖော်ပြပါမည်။

မြသန္တာ

Read 48 times
Rate this item
(0 votes)