SJ WorldNews - шаблон joomla Авто

မြစ်တို့၏သဘော

Tuesday, 23 June 2020 10:01 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

''လာလည်း မလာဘူး။ သူ့ဆီက တယ်လီဖုန်းလည်း မလာတော့ ဘယ်မှာ သူရောက်နေတယ်ဆိုတာ ငါမသိဘူးကွာ။ ဒါပေမဲ့ ခေါက်ဆွဲစားသွားပါဦး''

အလုပ်သမားတစ်ယောက် လာပို့သော ခေါက်ဆွဲကို ကျော်ကျော်သွားရည်ကျချင်၏။ ဒါစားနေလျှင် ဖခင်နှင့် လွဲမှာစိုးသည်။

''ကျေးဇူးတင်ပါတယ် အန်ကယ်''

ကျော်ကျော်သည် ဝင်းဝင်းဂါးရိတ်ချ်မှ ထွက်ခွာလာခဲ့၏။

ဆူးလေဘုရားလမ်း ဘောင်ဒရီမှ ဦးဘသော်လည်း ကျော်ကျော်နှင့် မျက်မှန်းတန်းမိသူ တစ်ယောက်ဖြစ်သည်။ သူက ကိုသန်းနိုင် အိမ်မှာမနေသလိုလို သန့်သန့် သိထားသူဖြစ်သဖြင့် ''ကျော်ကျော် မင်းဒယ်ဒီကို လိုက်စုံစမ်းနေတာလား။ လာလာ''စသည်ဖြင့် အရေးတယူ ကြိုဆိုပြီး ''အန်ကယ်နဲ့လည်း မတွေ့ကြတာ တစ်လလောက် ရှိပြီ လူကလေးရဲ့''ဟု ပြောသည်။

''ကျေးဇူးတင်ပါတယ် အန်ကယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး''

''အေးကွာ။ ဟေ့ နေဦးလေ။ မင်း အခုဘယ်သွားချင်လဲ။ နေကလည်းပူတယ်။ ဒီက ကားနဲ့ လိုက်ပို့ပေးလိုက်မယ်''

ကျော်ကျော် ရပ်လျက် စဉ်းစားရ၏။ ငါ ဘယ်ကိုသွားမည်နည်း။

''ကျေးဇူးတင်ပါတယ် အန်ကယ်။ ဝန်မလေးဘူးဆိုရင် ဘလူးစတား ဖလင်ကို သွားပါရစေ''

''အေး ဟုတ်တယ်ဟေ့ ကောင်းတယ်။ တင့်ဦးလွင်က မင်းဒယ်ဒီနဲ့ ခင်တယ်။ ဟေ့ တင်မောင်ဝင်းရေ လူကလေးကို သူသွားချင်တဲ့နေရာ ကားနဲ့လိုက်ပို့လိုက်စမ်းပါကွယ်''

အာကျယ်ပါကျယ် အော်ဟစ်ရယ်မောရင်း ဒရိုက်ဘာအား လှမ်းအမိန့်ပေးသည်။

ဘလူးစတားဖလင်မှာ ရွှေတောင်တန်း၌ရှိသည်။

ဒရိုက်တာတင်မောင်ဝင်းက မိမိစောင့်နေမည်ဟု ပြောလိုက်၏။

''အန်ကယ်လွင်။ ကျွန်တော့်ဒယ်ဒီ မလာဘူးလား ခင်ဗျာ''

သံဆွဲတံခါးကို စေ့ထား၍ စောင်းစွေကြည့်နိုင်မှ မြင်ရသော ဘေးတိုက်ခန်းတွင် တံခါးဘက်ကျောပေးထိုင်ကာ ပိုကာဒေါင်းနေသော ဆံရှည်မဟုတ် ဆံတိုမဟုတ် အသားဖြူဖြူ၊ ပါးစုန့်ကားကား ရယ်လိုက်လျှင် ယောက်ျားကဲ့သို့ ခံ့ညားခြင်းမရှိ။ ဘာကောင်နှင့်တူမှန်းမသိသော ကုမ္ပဏီပိုင်ရှင် ဒါရိုက်တာ မင်းသားတင့်ဦးလွင်သည် ယောက်ျားဖင်နှင့် မတူသော ဖင်အိအိကြီးကို ပြားပြားချလျက် ကြားသည်ကို မကြားယောင်ပြုပြီး တက်လာသော ပိုကာကို နမ်းရွှင်နေ၏။

''ကျွန်တော် ကျော်ကျော်ပါ အန်ကယ်''

''ဟေ''

ရုပ်ရှင်မင်းသား တင့်ဦးလွင် လှည့်ကြည့်ပြီး ဘယ်သူရေ ဘယ်ဝါ တံခါးဖွင့်စမ်းပါဟ မြန်မြန် စသည်ဖြင့် အော်ကာ-

''ကျော်ကျော်ပါလား၊ ဘာလဲ ဒယ်ဒီပျောက်ကို လိုက်ရှာနေတယ်ဆိုပါတော့ လာဟေ့ ထိုင်'' ဆိုရင်းတပည့်တစ်ယောက်ကို ဖဲပေးထားခဲ့ပြီး ထလာ၍ ဖော်ရွေစွာ ကင်မရာရှေ့မှာ သရုပ်ဆောင်ခြင်း ဆန်စွာဧည့်ခံသည်။

''ဒယ်ဒီ မလာဘူးလား အန်ကယ်''

''လာတယ်ကွ။ ပြန်သွားတာ တစ်နာရီ။ အေး အဲဒါလောက်ရှိသွားပြီ''

တော်သေးရဲ့။ သုံးနေရာတွင် စုံစမ်းရာ တစ်နေရာတွင် သတင်းရသဖြင့် ကျော်ကျော်အမောပြေသမျှ ရင်ပူပူကို လေချိုဖျန်းသလို ချမ်းသာသွားပေ၏။

''ဘယ်မှာနေသတဲ့လဲ အန်ကယ်''

''အမောဖြေပြီး အအေးလေးများ သောက်သွားစမ်းပါဦးကွာ။ မင့်ဒယ်ဒီက သူတည်းတဲ့ဟိုတယ်ကို ၅ နာရီမထိုးဘဲ ရောက်မှာမဟုတ်ဘူး''

''ကားပါလာလို့ပါ အန်ကယ်''

''ဘယ်သူ့ကားလဲ''

''အန်ကယ် ဦးဘသော်ဆီကပါ''

''သြော် အေး ကိစ္စမရှိဘူး။ ပြန်လွှတ်လိုက် ငါလိုက်ပို့မယ်''

ကျော်ကျော်က    ဒရိုင်ဘာ တင်မောင်ဝင်းအား ကျေးဇူးတင်စကားပြောပြီး ပြန်လွှတ်လိုက်လေသည်။

 

ဆက်လက်ဖော်ပြပါမည်။        

 

Read 12 times
Rate this item
(0 votes)
Last modified on Tuesday, 23 June 2020 10:03

Latest from ေကတု