SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန်  စက်တင်ဘာ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကျင်းပရာ  အင်ဒိုနီးရှားအသင်းနှင့် ဘရူနိုင်းအသင်းတို့ အနိုင်ရခဲ့ပြီး အိမ်ရှင်မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

ရေတာရှည်   စက်တင်ဘာ  

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် စက်တင်ဘာ ၄ ရက် ညနေပိုင်းအထိ စပါးစိုက်ဧက ၂၃ဝဝ ကျော် နစ်မြုပ်လျက်ရှိပြီး ကျွဲရိုင်းပြင်ကျေးရွာတွင် အိမ်ထောင်စုရှစ်စုတို့အား ရေလွတ်သည့်နေရာသို့  အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ကျွဲရိုင်းပြင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

စစ်တွေ    စက်တင်ဘာ  

မောင်တောဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အချိန်နှင့်တစ်ပြေးညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အုတ်တွင်း စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး  အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့်  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်  မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများကို ယမန်နေ့က သွားရောက် ထုတ်ချေးပေးကြောင်း သိရသည်။

စစ်တွေ  စက်တင်ဘာ  

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းရယူနိုင်ရန် ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည်  ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

နေပြည်တော်   စက်တင်ဘာ 

ရခိုင်ပြည်နယ်အတွင်း   လတ်တလော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်   ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်သည့် ဖြည့်ဆည်းမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏    ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်   စက်တင်ဘာ  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် တူရကီနိုင်ငံသမ္မတ  မစ္စတာ  တေယစ်ပ်  အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံ ပြောကြားခဲ့ပြီး   ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးကြသည်။

စစ်တွေ  စက်တင်ဘာ 

သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် ဒေသခံ တိုင်းရင်းသားများအတွက်

နေပြည်တော်          စက်တင်ဘာ        

ရခိုင်ပြည်နယ်မြောက်ခြမ်း၌  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့်  ဒေသခံတိုင်းရင်းသား ပြည်သူများသည်

Page 2042 of 2113