SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန်  အောက်တိုဘာ  ၁ဝ                     

မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ရန်ကုန်မြို့ပတ် အရှေ့ဘက်ခြမ်း အဆင့်မြှင့်တင်ခြင်းကို အောက်တိုဘာ တတိယပတ်တွင်   စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း  မြန်မာ့မီးရထား တိုင်းအမှတ် (၇) ပို့ဆောင်ရေးမန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။

 ရန်ကုန် အောက်တိုဘာ ၁ဝ 

မြန်မာ့ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ပထမဆုံး  Myanmar  International  Tourism ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ၂ဝ၁၈ ခုနစ် ဇူလိုင်၂ဝ ရက်မှ ၂၂  ရက်အထိ

 ရန်ကုန်  အောက်တိုဘာ   ၁ဝ

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပြေးဆွဲလျက်ရှိသော Yangon Water Bus ခရီးစဉ်များ ထပ်မံတိုးချဲ့ပါက စီးနင်းခကို ငွေကျပ် ၃ဝဝ အစား ငွေကျပ် ၂ဝဝ ဖြင့် ပြေးဆွဲနိုင်ရန် ကုမ္ပဏီနှင့်ညှိနှိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

 ရန်ကုန်  အောက်တိုဘာ   ၁ဝ

ယာဉ်အိုယာဉ်ဟောင်း အဖြစ် အပ်နှံခွင့်ပြုထားသော ခရီးသည်တင် ယာဉ်ဟောင်းများအတွက် သဘာဝဓာတ်ငွေ့လိုင်စင် သက်တမ်းကို ယခင်က တစ်နှစ်သတ်မှတ်ထားသော်လည်း ယမန်နေ့မှစ၍ နှစ်လသက်တမ်းသို့    ပြောင်းလဲလိုက်‌‌ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်ကုန်  အောက်တိုဘာ  ၁ဝ      

ရန်ကုန်တိုင်းဒေသကြီး   ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း အိမ်ရာ တည်ဆောက်နေသည့် ဧရာဝဏ်နှင့်  ရတနာနှင်းဆီအိမ်ရာ စီမံကိန်းတွင် ကျန်ရှိအဆောက်အအုံများ ဆောက်လုပ်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆဲအဆင့်သာ ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြု၍ နေ့စဉ်သွားလာနေကြသော မော်တော်ယာဉ် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိရာ ယာဉ်မတော်တဆမှု လျော့နည်းစေရန် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြသည့်တိုင်အောင် ယခုနှစ် စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၃၄ ကြိမ်ဖြစ်ပွား သဖြင့် လူကိုးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရကြောင်း သိရသည်။

နေပြည်တော်  အောက်တိုဘာ ၁ဝ

ဒုတိယအကြိမ်လွှတ်တော် အသီးသီး၏ ဆဋ္ဌမပုံမှန် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Page 2043 of 2172