SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106
အခန်းဆက်ဝတ္ထုရှည်

အခန်းဆက်ဝတ္ထုရှည် (853)

အခန်းဆက်ဝတ္ထုရှည်

Sunday, 15 October 2017 06:36

ကဒူးမမှ မော်ဖသို့

Written by

တပ်မ(၇၇) တပ်မမှူး ဒိုင်းပြိုင်ပွဲကျင်းပ၍ ပဏာမ လူရွေးရသည်။ ကျွန်တော့်တပ်ရင်းမှူး ဘဝအတွေ့အကြုံအရ နည်းပြဆရာသည် ပဓာန အကျဆုံးဟု ခံယူထားသည်။ တပ်မတော် နည်းပြဆရာ နာမည်ကြီးများမှာ ပံ့ပိုးမှု၊ အားပေးမှုများစွာ တတ်နိုင်သော ရေ၊ လေ၊ စစ်တိုင်း အသင်းကြီးများတွင် ရောက်ရှိ တာဝန်ယူနေကြသည်။

 

မူလ ပင်ကိုစရိုက်ကလည်း    အေးချမ်းသူဖြစ်၍တပ်မမှာ ခိုင်းစရာရှိလျှင် အေးအေးဆေးဆေးနှင့် ဖြည်းဖြည်း ပြော တတ်သည်။ ဗိုလ်မှူးကြီးစိန်အောင် ဒုတိယတပ်မမှူး တာဝန်ယူချိန်နှင့် ကျွန်တော်ဒုတိယတပ်မမှူး တာဝန်ယူရ ချိန်မှာ ကျွန်တော်တို့က ဆူဆူပူပူ ဟောဟောဒိုင်းဒိုင်း ပြောတတ်သူများဖြစ်၍ တပ်မမှာ ကျွန်တော်တို့နှစ်ယောက် က အသံကျယ်သူများ ဖြစ်နေကြသည်။

တပ်မမှူးကြီး နောက်တန်းပြန်၍ စည်းဝေးပွဲတက်ချိန်မှာ ကျွန်တော်က ရှေ့တန်းတာဝန်ယူရသည်။ ကကကြည်းတွင် စည်းဝေးပွဲ အလုပ်ကိစ္စများပြီးလျှင် တပ်ရင်းနှစ်ရင်း လောက်ကို တပ်မမှူး သွားရောက် စစ်ဆေး တတ်သည်။

 

ရောက်သည့်တပ်မှာ လျှောက်ကြည့်သွားပြီး စိတ်ထဲမှ မှတ်လာသည်။ နှုတ်မှဖွင့်ဟ ညွှန်ကြားခဲ့သည်။ ဆူပူခဲ့သည် ဟူ၍ မရှိ။ ရှေ့တန်းသို့ လာသည့်အခါ ရဟတ်ယာဉ်နှင့် လာသည်။ ရဟတ်ယာဉ်ကို ခေတ္တစောင့်စေပြီး နောက်ဆုံး စစ်ဆင်ရေး အခြေအနေတွေ ရေးထောက်ဆိုင်ရာတွေကို အရာရှိများက တင်ပြရသည်။

 

ပြီးမှ နောက်တန်းတပ်မနှင့် နောက်တန်း တပ်ရင်းတွေအတွက် လုပ်စရာများ ကျွန်တော့်ကို မှာကြားသည်။ကိုညွန့်ဆွေရေ ကျွန်တော် ဘယ်တပ်ရောက်ခဲ့တယ်ဗျာ။ နောက်တန်းက လူတွေ အကဲခတ်ရတာ နည်းနည်း လိုသလားမသိဘူးနော်။

 

ဘယ်တပ်ကြည့်ရတာတော့ စည်းကမ်းပိုင်းကအစ နောက်တန်းမှာရှိတဲ့ လူတွေလည်း သိပ်အားရစရာမရှိဘူး။ စာရင်းစစ်လည်း မကြာခင်လာမယ် ပြောတယ်ဟု ပြောတာမျိုးရှိသလို ဘယ်တပ်တော့ဖြင့် အိမ်ထောင်သည် လိုင်းပျက်တာတွေ ပြင်ရရင် ကောင်းမလား မသိဘူးနော်။ စိုက်ပျိုးရေး၊ မွေးမြူရေးလေး ပိုလုပ်ခိုင်းရင် ကောင်းမလား မသိဘူးနော်။ တပ်ရင်းလုံခြုံရေးလည်း ဂရုစိုက်ဖို့ လိုမလားနော် ဟူ၍လည်း ပြောတတ်သည်။

 

သည်အပြောလေးတွေက ဒုတိယတပ်မမှူး ဒီတပ်ဒီတပ်ကိုသွားပြီး ဒါတွေဒါတွေလုပ်ခိုင်းပါဟု ပြောခြင်း သာဖြစ်ပါ၏။ မှတ်မှတ်ရရတစ်ခါပဲ စိတ်ဆိုးမာန်ဆိုးနှင့် တပ်မနောက်တန်းမှူးကို အပြစ်တင်ဖူးသည်။ ''နောက်တန်းမှူးကို ကျွန်တော်ပြော ထားတာ လေးငါးလရှိပြီဗျာ။ တပ်မမျက်နှာ စာခြံစည်းရိုးကို အခြားတပ်တွေ လိုဖြစ်အောင် ဝါးပင်တွေစိုက်ပါဆိုတာ ခုထိမစိုက်ဘူး။

 

နောက်တန်းမှူးက အသက်ကြီးလို့ အလုပ်မလုပ်တော့ဘူး ထင်တယ်။ တပ်မမှူးက  ခိုင်းတာပဲဗျ လုပ်ရမှာပေါ့''ဟု လေသံလေး နည်းနည်းမာမာ ပြောသည်။

 

''ဟုတ်ကဲ့ တပ်မမှူး ကျွန်တော်ကြားဖူးတာတော့ ငှက်ပျောကဆုန်၊ ဝါးနယုန်လို့ကြားဖူးတယ်။ အခု မတ်လဆိုတော့ ဒီနှစ်နယုန်လမှာ အချိန်မီ စိုက်ခိုင်းလိုက်ပါ့မယ်''ဟု ဖြေပြောပြောမှ စိတ်ပြေသွားပုံ ရပါတော့သည်။

 

တစ်ခါလည်း ကျွန်တော်ရှေ့တန်းအရောက်မှာ အလွှဲအပြောင်းလုပ်ပြီး တပ်မမှူးကြီး ပြန်မဆင်းခင် နံနက်စာစားရင်း ''ဒီမှာတော့ မတတ်နိုင်ဘူးဗျာ။ ခေါင်းလည်းရှုပ်လှပြီ။ အရာရှိတွေကပြောမှ လုပ်ကြသလို ဖြစ်နေလို့ တစ်နေ့ကတော့ ကျွန်တော်ပွဲကြမ်း ပစ်လိုက်ရတယ်''ဟုပြောသည်။ တပ်မမှူးကြီး ဘာတွေစိတ်ဆိုးစရာတွေ့ပြီး ဘယ်သူတွေကို ဘယ်လိုဒေါသဖြစ်သွားမှန်း မသိ။ သူကလည်း ဆက်မပြော။ ကျွန်တော်ကလည်း မမေးခဲ့။ ရဟတ်ယာဉ် ထွက်သွားမှ ''ဟေ့ လူတွေဘာဖြစ်ကြတာလဲ''ဟု မေးကြည့်ရသည်။ ''စစ်ကြောင်းက သတင်းပို့တာ

 

နောက်ကျလို့ ကျွန်တော်တို့က စောင့်မတောင်းရကောင်းလားဆိုပြီး ဆူတာပါ။ တပ်မမှူးကြီးပွဲကြမ်းတာ၊ ဒုတိယ တပ်မမှူးကြီး ချော့ပြောသလောက်ရှိပါတယ်''ဟု ညီငယ်လိုဖြစ်နေသော စစ်ဆင်ရေးဂျီသရီးက သူ့ပုံစံအတိုင်း ခပ်ပြုံးပြုံး ခပ်မှန်မှန်လေး ပြောရှာသည်။ အလားအလာကောင်းသော အရာရှိလေးဖြစ်ကြောင်း ထိုစဉ်က တည်းက သတိပြုမိခဲ့သည်။ သည်လို အထက်လူကြီးနှင့် သည်လိုလူငယ်တွေကြားမှာ   စိတ်ညစ်စရာဆို ဝေလာဝေးဟု ဆိုရ မည်သာဖြစ်ပါ၏။ ကျွန်တော့်ကံကကောင်းလေစွ။တပ်မမှူး ခိုင်းသမျှအားနာတတ်သော တပ်မမှူး ဗိုလ်မှူးကြီး ချစ်ဆွေ တည့်တည့်ပြော၍ ရှင်းရှင်းခိုင်းသောအလုပ်ရှိပါသေးသည်။

 

''ကျွန်တော်တို့ တပ်မက ကောင်းတာဆို ပထမရချင်တယ်။ စစ်ဆင်ရေးက တပ်တွေလည်း အားကိုးရမယ်။ အားကစားမှာလည်း အောင်မြင်ချင်တယ်ဗျာ။ အစဉ်အလာရှိတဲ့ သေနတ်ပစ် အသင်းအပြင် ဘောလုံးအသင်း လည်း နိုင်ချင်တယ်။ ဂေါက်သီးအသင်းလည်း ဝင်ပြိုင်ချင်တယ်။ ကိုညွန့်ဆွေလုပ်ပေးပါ''ဟု တိတိကျကျ တာဝန် ပေးလာ ပါတော့သည်။

 

သေနတ်ပစ် အသင်းတပ်မ(၇၇) သေနတ်ပစ်အသင်းသည် အစဉ်အလာရှိသည်။ ကာကွယ်ရေးဦးစီးချုပ်ဒိုင်းမှာ နေရာတစ်ခုခိုင်ခိုင်မာမာ ရရှိခဲ့ပြီးဖြစ်သည်။ အနီးကပ် ကြီးကြပ်ရေးတာဝန်ပေးဖို့ လူရှာရသည်။ တပ်မ လက်အောက်ခံတပ်တွေ ထဲမှ ဗိုလ်ကြီးမောင်တိုးကို ခေါ်ရသည်။ တပ်မမှူးဒိုင်းပြိုင်ပွဲကျင်းပပြီး လူရွေးလိုက်သည်။ တပ်မလက်ရွေးစင် သေနတ်သမားများ စုဖွဲ့ပြီး လေ့ကျင့်ရတော့သည်။

 

မှော်ဘီတပ်မ ဌာနချုပ်အနားမှာ စက်ပစ်ကွင်းရှိသည်။တပ်မမှာ စခန်းသွင်း၍ လေ့ကျင့်စဉ်များ စနစ်တကျ ပြုလုပ် စေရသည်။ကိုယ်ခန္ဓာကြံ့ခိုင်မှုကို လေ့ကျင့်ရသလို စိတ်တည်ငြိမ်မှု ရှိရေးလည်း ဦးစားပေး လေ့ကျင့်ရပြန်သည်။ သေနတ်ပစ် စစ်သည်များ နေ့စဉ်၊ အပတ်စဉ် ပစ်ခတ်မှု ထိမှန်ချက်ကို graph ဆွဲ၍ မှတ်တမ်းတင်ကြည့်ရာ ထိမှန်ချက် တိုးတက်မှုသည် တောက်လျှောက်တက်လာသည်၊ ကျလာသည်ကို မတွေ့ရ။ စတုတ္ထ၊ ပဉ္စမရက်မှာ ထိချက်ကောင်းပြီး ဆဋ္ဌမနေ့မှာ ထိချက်ကျလာသည် မျိုးလည်း တွေ့ရသည်။

 

သုံးရက်ကောင်းကာ   နှစ်ရက်ပြန်ကျသည် မျိုးလည်းရှိသည်။ ထိုအခါ တစ်ဦးချင်းမှတ်တမ်းအရ ထိမှန်ချက် အတက်ဆုံးနေ့နှင့် ပြိုင်ပွဲဝင်ပစ်ခတ်ရမည့်ရက်ကို ချိန်ဆလေ့ကျင့်ရင်း တကယ့်ပြိုင်ပွဲမှာ ထိုဇယားအတက်အကျ အလိုက် ပြိုင်ပွဲဝင် တစ်ဦးချင်းကို ချိန်ဆ၍ ယှဉ်ပြိုင်စေရာ တကယ်ထိရောက်မှု ရှိကြောင်း တွေ့ရသည်။ လက်ရည်တက်သည့်နေ့နှင့် အမှတ်ယူရမည့် နေ့ကို ချိန်ကိုက်ယှဉ်ပြိုင်မှုသည် လက်တွေ့မှာအောင်မြင်သည်။ တပ်မအသင်းအမှတ်တွေ သဲ့ယူသလိုရခဲ့သည်။ စိတ်တက်ကြွမှု၊ စိတ်ပင်ပန်းမှု ကြောင့်လား၊ ကိုယ်ခန္ဓာဖွဲ့စည်းမှု ကြောင့်လား၊

 

အာရုံကြောနှင့်ကြွက်သားတို့ တုံ့ပြန်မှုကြောင့်လားမသိ။အနိုင်ရှိခဲ့သည်ကတော့ အမှန်ဖြစ်ပါ၏။

ဘောလုံးအသင်း ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ဘောလုံးပြိုင်ပွဲတွင် တပ်မဘောလုံးအသင်းများသည် ထိပ်ပိုင်းသို့ မရောက်ဘူးခဲ့။အစဉ်အလာကြီးမားသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အသင်း (မန္တလေး)စသည့် အသင်းကြီးများသာ အလှည့်ကျ ဗိုလ်စွဲနေကြသည်။ စစ်ဆင်ရေးပြီး စစ်ဆင်ရေး ဆက်နေကြရသော တပ်မတပ်ရင်းများမှာ ဘောလုံးသမားကောင်းများ ပေါ်ထွက်မှုနည်းခဲ့သလို တပ်မ အသင်းများ တိုးမပေါက်နိုင်ဖြစ်ခဲ့ရသည်၊          

 

Friday, 13 October 2017 08:52

ကဒူးမမှ မော်ဖသို့

Written by

သည်နောက်တော့ အပြစ်မဲ့ ပြည်သူအထင်နှင့် အသက်သေမည်ကို စိုးရိမ်မိသော တပ်စိတ်မှူး၏ စိတ်ဓာတ်ကို အသိအမှတ်ပြုပါကြောင်း ဆက်လက်၍ ကြိုးစားကြစေလိုကြောင်း ဗျူဟာမှူးက ခေတ္တတပ်ရင်းမှူးထံ ကြေးနန်းပို့ခြင်းဖြင့် တကယ်အလုပ်လုပ်သူကို စိတ်ဓာတ်မကျအောင် အားပေးလိုက်ရ ပါတော့သည်။

Thursday, 12 October 2017 12:15

ကဒူးမမှ မော်ဖသို့

Written by

လွဲချက်ကနာ

ဗကပတပ်မဟာ ၆၈၃ သည် အင်နှင့်အားနှင့်တပ်ရင်းတွေနှင့် စုဖွဲ့လှုပ်ရှားခြင်းကြောင့် အထိနာခဲ့ရပြီဖြစ်၍ တပ်ဖြန့် လှုပ်ရှားသောနည်းဗျူဟာ သုံးစွဲနေပေတော့သည်။

Wednesday, 11 October 2017 08:59

ကဒူးမမှ မော်ဖသို့

Written by

မြင့်မားသော တောင်တန်းများ၊ ကျောက်ဆောင်များအကြား ပြန့်လွင်ပြင်မှာလည်း ကျွန်းပင်၊ အင်ပင်ကြီးများဖြင့် ပိန်းပိတ်နေသော မြေအနေအထားကြောင့် တပ်များကို လိုသလိုလျင်မြန်စွာ လှုပ်ရှားဝိုင်းပတ် ပိတ်ဆို့ခြင်းမပြုနိုင်သည့် မိမိတပ်များ အားနည်းချက်ကို ဗကပ ၆၈၃ မှ အခွင့်ကောင်းယူ ထွ က်ပြေးသွားခြင်း ဖြစ်သည်။

Tuesday, 10 October 2017 09:41

ကဒူးမမှ မော်ဖသို့

Written by

ဦးအောင်ဘက စကားဝိုင်း ဦးဆောင်၍ မြို့ကလူတွေအကြောင်း ဖောက်သည်ချနေသည်။ မိုင်းကိုင်မှ ဦးxxxx သည် မိန်းမနှစ်ယောက်ယူ၍ တစ်အိမ်စီထားသည်။

Monday, 09 October 2017 09:58

ကဒူးမမှ မော်ဖသို့

Written by

သည်အခါမှာ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးအေးစံဖြစ်၍ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး စိန်အောင်နှင့် နည်းဗျူဟာမှူး အဖြစ် ဗိုလ်မှူးကြီး ခင်မောင်အေး၊ ဗိုလ်မှူးကြီး အောင်မြင့်နှင့် ကျွန်တော်တို့ တာဝန်ယူကြရသည်။

Sunday, 08 October 2017 11:09

ကဒူးမမှ မော်ဖသို့

Written by

ဆက်မပြောစေလိုသော ဆရာ့သဘောသိမှ ပြောနေသောစကားကို နောက်ကျစွာ ရပ်ထား လိုက်ရပါတော့သည်။

နောက်တစ်ဦးက ဗိုလ်မှူးကြီး ပီကျော်ဟန် စာရေးဆရာကြီး ဆရာပီကျော်ဟန် (ဗိုလ်သင်တန်း ၇) ဖြစ်၍ ကျွန်တော် လပခမှာ တလက တွဲဖက် အတွင်းရေးမှူး တာဝန် ထမ်းဆောင်ချိန်က ခလရ(၅၅) တပ်ရင်းမှူး သံတွဲခလက ဥက္ကဋ္ဌကြီး ဖြစ်သည်။ နိုင်ငံကျော် အဆိုတော် မြကေသီ၏ ခင်ပွန်းဖြစ်သည်။

Page 57 of 61