SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပင်လုံမြို့၌ မော်တော်ဆိုင်ကယ် စီးလာသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိ

Friday, 04 August 2017 11:38 font size decrease font size decrease font size increase font size increase font size

ပင်လုံ  သြဂုတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့အမှတ်(၃)ရပ်ကွက် အောင်ဇေယျလမ်းနှင့် စဝ်စံထွန်းလမ်းထောင့်၌ ယမန်နေ့ နံနက် ၃ နာရီက မော်တော်ဆိုင်ကယ် စီးလာသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်မှာ ပင်လုံနယ်မြေ ရဲစခန်းမှ ဒုတိယရဲအုပ် ကျော်သူရိန်ထွန်း ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်စဉ် ပင်လုံမြို့ ရပ်ကွက်(၃)အောင်ဇေယျလမ်းနှင့် စဝ်စံထွန်းလမ်းထောင့်၌ စဝ်စံ ထွန်းလမ်းအတိုင်း ယာဉ်မောင်းမောင်ငယ် ၃၉ နှစ် လွိုင်တပ်ကျေးရွာ ပင်လုံမြို့နေသူ စီးနင်းလာသော နံပါတ်မပါ JLM-125 အနက်ရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆေးလိပ်ဘူးခွံအတွင်း အပြာရောင် ပလတ် စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၄၅ ပြားပါတစ်ထုပ်၊ PAGODA  စာတန်းပါသံဘူးဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၅၅ ပြားပါတစ်ထုပ်၊ အစိမ်းရောင် ပလတ်စတစ်ဘူးဖြင့် ထည့် လျက် WY စာတန်းပါ အညိုရောင် စိတ်ကြွဆေးပြား ၉၅ ပြားပါ တစ်ထုပ် စုစုပေါင်းဆေးပြား ၃၉၅ ပြား ဆေးပြား တစ်ပြားလျှင် ငွေကျပ် ၁ဝဝဝ ဖြင့် ကာလတန်ဖိုးငွေကျပ် ၃၉၅ဝဝဝ အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူ မောင်ငယ်ကို ပင်လုံနယ်မြေ ရဲစခန်းက မယ(ပ) ၁၂/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 865 times Last modified on Friday, 04 August 2017 11:39