SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုင်းဖြတ်မြို့၌ မော်တော်ယာဉ် တစ်စီး လမ်းဘေးချောက်အတွင်းသို့ ထိုးကျ ယာဉ်မောင်း သေဆုံး

Friday, 04 August 2017 11:42 font size decrease font size decrease font size increase font size increase font size

မိုင်းဖြတ်  သြဂုတ် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် တာကျောက် ကျေးရွာအနီး၌ ယမန်နေ့ နံနက် ၉ နာရီခွဲက မော်တော် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ ထိုးကျပြီး ယာဉ်မောင်းသေဆုံးမှု ဖြစ် ပွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်ကျေးရွာအုပ်စု တာကျောက်ကျေးရွာအနီး ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ မိုင်းဖြတ်မြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူးအောင်လင်းခိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ် နေရာသို့ သွားရောက်စစ်ဆေးရာ ဖြစ်စဉ်မှာ ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်းအိုက်ခမ်း ၄၆ နှစ် မက်မန်းမြို့နေသူ မောင်းနှင်သည့် Vigo အဖြူရောင်ယာဉ်သည် တာကျောက်ကျေးရွာအနီး အရှိန် မထိန်းနိုင်ဘဲ လမ်းဘေး ပေ ၁ဝဝ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျသွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အိုက်ခမ်း ၄၆ နှစ် မက်မန်းမြို့နေသူသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး  ယာဉ်ပေါ်လိုက်ပါလာသူ ကျော်အောင် ၄၈ နှစ် ပါဆပ်ကျေးရွာ တာချီလိတ်မြို့နေသူတွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ အိုက်ခမ်း ၄၆ နှစ် မက်မန်းမြို့နေသူအား မိုင်းဖြတ်မြို့မ ရဲစ ခန်းက ယာဉ်(ပ)၂၁/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၂၇၉/၃၃၇/၃ဝ၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 439 times Last modified on Friday, 04 August 2017 11:43