SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာ၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

Saturday, 05 August 2017 15:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၎

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ လွယ်ခန်ကျေးရွာနေ လောဆန်း၏နေအိမ်သို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ

ပါဝင်သော ပူးပေါင်းအဖွဲ့က သြဂုတ် ၃ ရက် မွန်းလွဲ၁ နာရီ ၁၀ မိနစ်တွင် သတင်းအရ ၀င်ရောက်ရှာဖွေရာ လောဆန်းကို မတွေ့ရှိရဘဲ အလုပ်သမားများဖြစ်သည့် အားချီ(ဘ)ဦးလီယုံဖူနှင့် အားလူ(ဘ)ဦးတွမ်ချင်ဖူးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် နေအိမ်နှင့်ခြံဝင်းအတွင်း ဆက်လက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၆၀ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၈ သိန်းကျော်)နှင့်မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များ ထည့်ထားသော ၅ ဂါလန်ဆံ့ ပလတ်စတစ်ပုံး ၄၂ ပုံးနှင့် ဂါလန် ၅၀ ဆံ့ ပီပါနှစ်လုံး၊ ဆက်စပ်ပစ္စည်းများဖြစ်သော စတီးဇလုံ၊ ဒန်ဇလုံ၊ ကြွေဇလုံနှင့် ကော်ဇလုံ ၁၈ လုံး၊ လေမှုတ်စက်တစ်လုံး၊ မွှေစက်သုံးလုံး၊ အဖုံးပါ ကြွေဇလားနှစ်လုံး၊ ဂက်စ်အိုးငါးလုံး၊ ပလတ်စတစ်ပုံးအကြီး ၂၀ လုံး၊ ခရောင်းအမျိုးအစားနှင့် တုန်ဖုန်းအမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 1635 times Last modified on Saturday, 05 August 2017 15:05