SJ WorldNews - шаблон joomla Авто

တောင်ငူမြို့ ကျက်သရေဆောင် ရွှေဆံတော်ဘုရား စောင်းတန်း၌ မီးလောင်မှုဖြစ်ပွား

Saturday, 05 August 2017 18:15 font size decrease font size decrease font size increase font size increase font size

တောင်ငူ  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့၏ ကျက်သရေဆောင် ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်၌ ယနေ့ နံနက် ၂ နာရီတွင်  မီးလောင်မှုဖြစ်ပွားကြောင်း  သိရသည်။          

ဖြစ်စဉ်မှာ ရွှေဆံတော်ဘုရား၏ အရှေ့ ဘက်မုခ်စောင်းတန်းရှိ (၂)ရပ်ကွက် တောင်ငူမြို့နေသူ   ဦးပြည့်ဖြိုးအောင် ၃၆ နှစ်၏ ဆိုင်ခန်းအမှတ်(၁)သွပ်မိုး၊ ကွန်ကရစ်ခင်း၊ အုတ်ကာ ၈ ပေပတ်လည် နိဗ္ဗာန်ကုန်စုံဆိုင် သစ်သားဘုရားစင်၌ ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး အနီးဘောက်ချာစာအုပ်များမှ တစ်ဆင့် ဆိုင်ခန်းအတွင်း   မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်သည်။

 မီးလောင်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင် များနှင့်   သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ခြောက်စီး၊    ရေသယ်ယာဉ် ခြောက်စီးနှင့် အခြားပရဟိတ ယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ကြရာ ၂ နာရီခွဲတွင် မီးငြိမ်းသွားသည်။

 မီးကူးစက်လောင်ကျွမ်းခြင်းကြောင့် ၈ လက်မခန့်ရှိ သစ်သားဆင်းတုတော် ငါးဆူ၊ ၈ လက်မခန့်ရှိ ကျောက်ဆင်းတုတော် ၁၈ ဆူ နှင့် ၁ ပေပတ်လည် မှန်ကျောင်းဆောင် ၁၈ ခုပျက်စီးဆုံးရှုံးကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ  ပြည့်ဖြိုးအောင်ကို တောင်ငူမြို့ အမှတ်(၂)နယ်မြေရဲစခန်းက   (ပ)၆ဝ၃/ ၂ဝ၁၇၊    ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း  သိရသည်။     

Read 448 times Last modified on Saturday, 05 August 2017 18:18