SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်း ၇ဝဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တွေ့ရှိ

Saturday, 05 August 2017 18:18 font size decrease font size decrease font size increase font size increase font size

ဖားကန့်  သြဂုတ် 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု ဘွန်နန်ကျေးရွာ၌ ယမန်နေ့ ညနေ ၆ နာရီခွဲက နေအိမ်အတွင်းမှ ငွေကျပ် သိန်း ၇ဝဝ တန်ဖိုးရှိ   စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃) မှ ရဲအုပ်နိုင်စိုး ဦးစီးအဖွဲ့၊ ဆိပ်မူရဲကင်းစခန်းမှ ရဲအုပ်ထွန်းအောင် ဦးစီးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘွန်နန်ကျေးရွာနေ ဒေါ်စန်းရီ ၅ဝ နှစ်၏နေအိမ်ကို မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ်(၇၄/၂ဝ၁၇) ဖြင့် ဝင်ရောက်ရှာဖွေရာ   ဒေါ်စန်းရီကို နေအိမ်တွင် အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ   ဖိနပ်စင်ပေါ်ရှိ   ပလတ်စတစ်ကော်ဘူးအတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၇ဝ အိတ် ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ကာလတန်ဖိုးငွေကျပ် ၇ဝဝဝဝဝဝဝ ကို ရှာဖွေတွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဒေါ်စန်းရီကို ဖားကန့် မြို့မရဲစခန်းက မယ(ပ)၁၄ဝ/၂ဝ၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉ (က)ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။          

Read 477 times Last modified on Saturday, 05 August 2017 18:19