SJ WorldNews - шаблон joomla Авто

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား

Saturday, 05 August 2017 18:49 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်း ကျွန်းကုန်းကျေးရွာအနီး၌ ယနေ့ နံနက် ၂ နာရီတွင် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စောဖောကဒေါ်ကီး ၃ဝ နှစ် မောင်းနှင်ပြီး ယာဉ်နောက်တွင် သူရထွန်းလင်း ၃ဝ နှစ် လိုက်ပါလာသော ယာဉ်အမှတ YGN 7F/----  အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ထွန်းထွန်းဝင်း ၃ဝ နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 5B/----နစ်ဆန်းဒီဇယ် အမျိုးအစား ဖြူစိမ်းရောင် ၂၂ ဘီးတွဲယာဉ်တို့သည် လမ်းလယ်၌ အရှိန်မထိန်းနိုင်ဘဲ     မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း စောဖောကဒေါ်ကီးနှင့် ယာဉ်နောက်တွင် လိုက်ပါ လာသော သူရထွန်းလင်းတို့မှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး အဖြူရောင်ယာဉ်မှာ ဝဲဘက် ဦးခေါင်းရှေ့ပိုင်း ကြေမွပျက်စီးကာ ၂၂ ဘီး တွဲယာဉ်မှာ ဆီတိုင်ကီပြုတ်ထွက် ပျက်စီးခဲ့ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စောဖောကဒေါ်ကီးနှင့် ထွန်းထွန်းဝင်းတို့ နှစ်ဦးကို ကျောက် တံခါးမြို့မ ရဲစခန်းက ယာဉ်(ပ)၃၂/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။

Read 541 times Last modified on Saturday, 05 August 2017 18:50