SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မီးခြစ်ဖြင့် ဆော့ကစားရာမှ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်း

Tuesday, 04 September 2018 10:13 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား စက်တင်ဘာ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၌ ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က ကလေးငယ်များ မီးခြစ်ဖြင့် ဆော့ကစားရာမှ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါကောင်း(B) နယ်မြေရှိ နေအိမ်အမှတ်(၄/၄၃)နေ ဦးဒိန်ခန်ရမ်ဆိုင်းမှာ နေအိမ်မှ မိုးကောင်းမြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်မည်ဖြစ်၍ ဇနီးဖြစ်သူ ဒေါ်ရွယ်နန် ၂၈ နှစ်က ဘူတာသို့လိုက်ပို့စဉ် အိမ်၌သား သမီးများသာ ကျန်ရှိနေခဲ့ရာ ၎င်း၏သားသမီးများမှာ မိဘများမရှိခိုက် မီးခြစ်ဖြင့် နေအိမ်အိပ်ခန်းအတွင်း ဆော့ကစားရာမှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဒေါ်ရွယ်နန်၏ သားဖြစ်သူအသက် ၅ နှစ်အရွယ် မောင်ဒီဝမ်ရှယ်မှာ ယာဘက်ပေါင်တွင် မီးလောင်ကျွမ်း ဒဏ်ရာရရှိသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ မြစ်ကြီးနား ခရိုင်မီးသတ် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက မီးသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီ မိနစ် ၄ဝ တွင်မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် အလျား ၂၇ ပေ၊ အနံ၁၈ ပေ၊ အမြင့်ပေ ၂ဝ ရှိ သွပ်မိုး၊ ပျဉ်ခင်းနံကပ် နှစ်ထပ်နေအိမ် အပေါ်ထပ် အတွင်းပိုင်း မီးလောင်ဆုံးရှုံးသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ရွယ်နန်ကို မြစ်ကြီးနားမြို့မ ရဲစခန်းက (ပ)၂၂၆/၂ဝ၁၈၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Read 761 times Last modified on Tuesday, 04 September 2018 10:19