SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မော်လမြိုင်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွား

Tuesday, 04 September 2018 10:14 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ကော့လှာဘုန်းကြီးကျောင်းရှေ့၌ ယမန်နေ့က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့နေ ကျော်စွာဟိန်း ၃၉ နှစ်သည် ၂၁ယ/---- New Anbo Wave 125 အမျိုးအစား အဖြူရောင် ဆိုင်ကယ်ကို ဒိုင်းဝန်းကွင်း မီးပွိုင့်ဘက်မှ ဘူတာကြီးဘက်သို့ မောင်းနှင်လာစဉ် နောက်မှ ယာဉ်မောင်း (အမည်မသိ) မောင်းနှင်လာသော အဖြူရောင် မော်တော်ယာဉ်က ကျော်တက် မောင်းနှင်ရာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မှာ တိမ်းမှောက်သွားသည်။ ယာဉ်တိုက်မှုကြောင့် ကျော်စွာဟိန်းမှာ ဦးခေါင်းပေါက်ပြဲ နာကျင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိသောကြောင့် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ယာဉ်မောင်းမှာ ယာဉ်နှင့်အတူ ထွက်ပြေး တိမ်းရှောင်သွားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒိုင်းဝန်းကွင်းနယ်မြေ ရဲစခန်းက အမည်မသိ ယာဉ်မောင်းကို ယာဉ်(ပ)၉/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၂ဝ၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 175 times Last modified on Tuesday, 04 September 2018 10:19