SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မီးစက်ကို အိမ်သုံးလျှပ်စစ် ဝါယာကြိုးနှင့် ဆက်သွယ်ထားရာမှ လျှပ်စစ်စီးဝင် မီးလောင်မှုဖြစ်

Tuesday, 04 September 2018 10:15 font size decrease font size decrease font size increase font size increase font size

ဟားခါး စက်တင်ဘာ ၃

ချင်းပြည်နယ် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက် မတူပီလမ်းရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ ည ၈ နာရီခွဲက မီးစက်ကို အိမ်သုံးလျှပ်စစ် ဝါယာကြိုးနှင့် ဆက်သွယ်ထားရာမှ လျှပ်စစ်စီးဝင်၍ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ချင်းပြည်နယ် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက် မတူပီလမ်းနေ ဦးဌေးဝင်း ၄၄ နှစ်၏ နေအိမ်ဝင်းအတွင်း ဆောက်လုပ်ထားသည့် အလျား ၉ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်ကားဂိုဒေါင်၌ ထားရှိသော တရုတ်နိုင်ငံထုတ် ဓာတ်ဆီသုံး မီးစက်ကို အိမ်သုံးလျှပ်စစ် ဝါယာကြိုးနှင့် ဆက်သွယ်ထားရာမှ လျှပ်စစ်စီးဝင်ပြီး မီးစက်မှတစ်ဆင့် မီးလောင်ကျွမ်းရာ အဆိုပါ ကားဂိုဒေါင် အပါအဝင် ၎င်းနှင့်ကပ်လျက်ရှိသော အလျား ၉ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ဂိုဒေါင်သို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ဟားခါးခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွေး ဦးစီးသည့် မီးသတ်ယာဉ်သုံးစီး၊ အုပ်ချုပ်မှု ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီတွင် မီးငြိမ်းသွားသည်။ အဆိုပါ မီးလောင်မှုကြောင့် ဂိုဒေါင်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးပြီး ပျက်စီးမှု တန်ဖိုးမှာ ငွေကျပ် ၅ဝဝဝဝ ခန့်ဖြစ်ကာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဟားခါးမြို့မ ရဲစခန်းက လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသူ ဦးဌေးဝင်းကို (ပ)အမှတ် ၄၇၆၃/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 465 times Last modified on Tuesday, 04 September 2018 10:18