SJ WorldNews - шаблон joomla Авто

မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ငွေလဲကောင်တာ၌ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

Sunday, 06 August 2017 14:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အမှတ်(၅)ရပ်ကွက် ငွေလဲကောင်တာတစ်ခု၌ ငွေ လာရောက်လဲလှယ်သူ အမျိုးသားတစ်ဦးကအသင့်ပါလာသောသေနတ်ဖြင့် ဆိုင်အတွင်း ပစ် ခတ်၍ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီခွဲခန့်တွင်မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့် (အိုးရှင်းစင်တာရှေ့)ရှိFarmer Money Changer သို့ အသက် ၂၆ နှစ်ခန့်ရှိ ဘောင်းဘီရှည်(အနက်ရောင်)၊ အင်္ကျီလက်တို(အနက်ရောင်)၊ လျှာထိုးဦးထုပ် (အနက်ရောင်)၊ နှာခေါင်းစည်း(အစိမ်းရောင်)၀တ်ဆင်ထားသော အမျိုးသားတစ်ဦးရောက်ရှိ လာပြီး အမေရိကန်ဒေါ်လာ ၃၀ကို မြန်မာငွေဖြင့် လဲလှယ်ရန်ပြောဆိုရာ တာဝန် ကျဆိုင်ဝန်ထမ်းက ကျသင့်ငွေကျပ်၄၀၈၀၀ ကိုပေးနိုင်ရန်အတွက် ငွေကျပ်၄၁၀၀၀ ကိုပေးအပ်လိုက်ကြောင်းသိရသည်။

ထို့နောက် တာဝန်ကျဆိုင်ဝန်ထမ်းကပိုငွေကျပ် ၂၀၀ ကို ပြန်လည်တောင်းခံစဉ် အဆိုပါအမျိုးသားက ဆိုင်အတွင်းတံခါးကိုဖွင့်ခိုင်းရာ တာဝန်ကျဆိုင်ဝန်ထမ်းကမဖွင့်ပေးသဖြင့် ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အသင့်ပါလာသည့် သေနတ်ကိုထုတ်၍အသံတိတ်တပ်ဆင်ကာ ဆိုင်အတွင်းသေနတ်တစ်ချက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ဆိုင်ကောင်တာပေါ်၌တင်ထားသည့် ရွှေရောင်မှန်ပေါင်ကွပ်ကာ အတွင်း၌ကျောက်စိမ်းဖြင့်ထည့်သွင်းပြုလုပ်ထားသော ဘုရားဆင်းတုတော်(ပုံတော်)အား ထိမှန်ခဲ့ပြီးနောက် ကျည်ဆန်မှာ ဆိုင်အနောက်ဘက်နံရံသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသားသည် ဆိုင်အပြင်သို့ထွက်ပြေးသွားပြီး ဆိုင်ရှေ့တွင် ၎င်းကို ဆိုင်ကယ်(အနက်ရောင်)ဖြင့် အသင့်စောင့်ဆိုင်းနေသော အသက် ၂၀ ကျော်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ ပြည်လမ်းအတိုင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ဘက်သို့ ဦးတည်မောင်းနှင် ထွက်ပြေးသွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသည့်အပြင် ငွေကြေးတစ်စုံတစ်ရာဆုံးရှုံး သွားခြင်းမရှိကြောင်းသိရပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိ လာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ၎င်းတို့ကိုအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Read 1230 times Last modified on Sunday, 06 August 2017 14:22