SJ WorldNews - шаблон joomla Авто

မောင်တော မြို့နယ်၌ ရာအိမ်မှူးဟောင်း တစ်ဦး အသတ်ခံရ

Monday, 07 August 2017 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၆

မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု ရွှေဇား ကပ္ပကောင်းကျေးရွာ ရာအိမ်မှူးဟောင်း တစ်ဦး ယနေ့ နံနက်ပိုင်းတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။

ရွှေဇား ကျေးရွာအုပ်စု ရွှေဇားကပ္ပကောင်း ကျေးရွာလမ်းဆုံ အနီး၌ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် လူသေ အလောင်းတစ်လောင်း တွေ့ရှိကြောင်း လာရောက် သတင်းပို့ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ရွှေဇားကပ္ပကောင်း ကျေးရွာနေ ရာအိမ်မှူးဟောင်း ဟူဆောင်း ဖြစ်ပြီး လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ဦးခေါင်းထိပ် တည့်တည့် ပြတ်ရှဒဏ်ရာ၊ ဦးချိုစောင်း ဝဲ/ယာ ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူသည် ယနေ့ နံနက်ပိုင်းတွင် တစ်ဦးတည်း ဈေးဝယ်ထွက်လာစဉ် သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 570 times Last modified on Monday, 07 August 2017 08:23