SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Monday, 07 August 2017 08:20 font size decrease font size decrease font size increase font size increase font size

ဖားကန့် သြဂုတ် ၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်-ဝှေခါသွား လမ်းမပေါ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆိုင်ကယ်အဲယား ကလင်ဒါ အတွင်းမှ ငွေကျပ် သိန်း ၁ဝဝ တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ မူးယစ် တပ်ဖွဲ့စု(၃)မှ ရဲအုပ်နိုင်ဝင်း ဦးစီးအဖွဲ့နှင့် ဆိပ်မူရဲကင်း စခန်းမှ ရဲအုပ်ထွန်းအောင် တို့သည် သက်သေများနှင့် အတူ မူးယစ်ဆေးဝါး သတင်းအရ ဖားကန့် မြို့နယ် ဆိုင်းတောင်-ဝှေခါသွား လမ်းပေါ်၌ စောင့်ဆိုင်းနေစဉ် ဝှေခါကျေးရွာ ဘက်မှ ဆိုင်းတောင် ကျေးရွာဘက်သို့ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄)နေသူ မြင့်နိုင်ဝင်း(ခ) နိုင်ဝင်းမောင်းနှင်ပြီး ဖားကန့်မြို့နယ် ရှရော်ခ ကျေးရွာနေသူ ကျော်သီဟ လိုက်ပါလာသော KENBO-125 အစိမ်းရောင် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် အဲယားကလင်ဒါ အတွင်းမှ အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်လျက် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂ဝဝ ပြားပါ ၁ဝ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၂ဝဝဝဝ ပြား တစ်ပြားလျှင် ၅ဝဝဝ ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ငွေကျပ် ၁ဝဝဝဝဝဝဝ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရာ အဆိုပါ မူးယစ်ဆေးဝါး များကို ဖားကန့်မြို့နယ် ဝှေခါ-ဝှေလုံ ကျေးရွာသွား လမ်းပေါ်တွင် တွေ့ရှိသူ အမည်၊ နေရပ်(မသိ) အသက် ၄ဝ နှစ်ခန့်ရှိ ကချင် အမျိုးသား တစ်ဦးထံမှ စိတ်ကြွဆေးပြား ၂ဝဝ ပြားပါ တစ်ထုပ်လျှင်ငွေကျပ်  ၈ဝဝဝဝဝ နှုန်းဖြင့် ၁ဝ ထုပ်ကို သုံးစွဲရန်နှင့် ရောင်းချရန် ဝယ်ယူ ထားရှိရာမှ ကျန်ရှိပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍  မြင့်နိုင်ဝင်း(ခ) နိုင်ဝင်းနှင့် ကျော်သီဟတို့ကို ဖားကန့်မြို့မ ရဲစခန်းက မယ(ပ)၁၄၆/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး ကွင်းဆက် တရားခံကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 550 times Last modified on Monday, 07 August 2017 08:22