SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို တိုက်မိ

Monday, 07 August 2017 08:21 font size decrease font size decrease font size increase font size increase font size

ကလိန်အောင် သြဂုတ် ၆

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာ အနီး ထားဝယ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၇ဝ/ဝ)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မော်တော်ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ ဆိုင်ကယ်ကို ဝင်တိုက်မိပြီး တစ်ဦးဒဏ်ရာ ရရှိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထားဝယ်ဘက်မှ ရေးမြို့ဘက်သို့ မြိတ်မြို့ မြို့မ(၁) ရပ်ကွက်နေသူ ဦးမြတ်မောင် မောင်းနှင်လာသော  HONDA FIT GE 6 ခဲရောင် ယာဉ်အမှတ် 2L /----သည် ကလိန်အောင်မြို့ လော့သိုင်း ကျေးရွာအနီး ထားဝယ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၇ဝ/ဝ) အရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ပြီး တစ်ဖက်ယာဉ်ကြောမှ လော့သိုင်းကျေးရွာ နေသူ ဦးကိုနိုင် မောင်းနှင်လာသော Wave 110 ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိရာ ဦးကိုနိုင်မှာ ဝဲဘက်လက်ဖျံ ကွဲရှ၊ ဝဲဘက်ခြေမ ပေါက်ပြဲ၊ ဝဲဘက်ပါးကွဲရှ ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြတ်မောင်ကို ကလိန်အောင် မြို့နယ်မြေ ရဲစခန်းက ယာဉ်(ပ) ၆/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

Read 443 times Last modified on Monday, 07 August 2017 08:22