SJ WorldNews - шаблон joomla Авто

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်မတော်တဆ မှုများဖြစ်ပွား

Monday, 07 August 2017 08:32 font size decrease font size decrease font size increase font size increase font size

ဖြူး သြဂုတ် ၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အမြန်လမ်းမကြီး ရဲစခန်း အပိုင်၌ ယနေ့ နံနက်ပိုင်းတွင် ယာဉ်မတော်တဆမှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၁ နာရီ ၁၅ မိနစ်က ဖြူးအမြန် လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၁၁၅/ဝ)ရှိ ဖြူးအမြန်လမ်း တိုးဂိတ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ်နေသူ ဝင်းတင် မောင်းနှင်လာသော ယာဉ်အမှတ် 3M/---ခရီးသည်တင်ယာဉ်မှာ တိုးဂိတ်သို့ ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေး တူးဘောက် တံခါးပွင့်ကာ လမ်းအသုံးပြုခ ကောက်ခံသော မှန်လုံဂိတ် အခန်းကို ဝင်တိုက်မိရာ လူထိခိုက်မှု မရှိသော်လည်း ယာဉ်မှာ တန်ဖိုးငွေကျပ် သုံးသောင်းခန့်နှင့် မှန်လုံခန်းမှာ ငွေကျပ် သိန်းသုံးဆယ်ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ ယနေ့ နံနက် ၅ နာရီတွင် မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင် အမှတ်(၉၃/၅)အနီးတွင် နေပြည်တော်ဘက်သို့ တောင်ကြီးမြို့နေသူ ဝင်းမြင့် မောင်းနှင်သော 1D/---- HILUX SURF မော်တော်ယာဉ်မှာ ဝဲဘက် ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးကို ဝင်တိုက်မိပြီး လမ်းလယ်ကျွန်းကို ကျော်တက်၍ တစ်ဖက်ယာဉ်ကြော မြေသားလမ်းဘေးရှိ ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ရာ လူထိခိုက်မှု မရှိဘဲ ယာဉ်မှာ တန်ဖိုးငွေကျပ် နှစ်သိန်းခန့် ပျက်စီးခဲ့သည်။

ထို့ပြင် မိုင်တိုင်အမှတ် (၈၆/ဝ)အနီးတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း မရမ်းကုန်း မြို့နယ်နေသူ ခင်မောင်သန်း မောင်းနှင်လာသော ယာဉ်အမှတ် 5I/---- TOYOTA COROLIA ယာဉ်မှာ ဝဲဘက် ရှေ့ဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ရာ လူထိခိုက်မှု မရှိဘဲ ယာဉ်မှာ တန်ဖိုးငွေကျပ် ၁၅ သိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း သုံးဦးကို အမြန်လမ်းမကြီး ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 484 times Last modified on Monday, 07 August 2017 08:33