Print this page

စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းများ သိမ်းဆည်းရမိ

Thursday, 16 May 2019 12:19 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာ အုပ်စု ဟွေရဲကျေးရွာတွင် မေ ၁၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ က စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၃ဝ)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တာချီလိတ်မှ တပ်ဖွဲ့ ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ လွယ်တော်ခမ်းကျေးရွာ အုပ်စုဟွေရဲကျေးရွာ မြို့ရှောင်လမ်းဘေးရှိ လောဖာ၏ နေအိမ်အား  ဝင်ရောက်ရှာဖွေရာ လောဖာအား စိတ်ကြွဆေးပြား ၁၄၃၁ ပြား၊ ဘိန်းစိမ်း ၁ဝဝ ဂရမ်နှင့် စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ  ဖမ်းဆီးရမိသူ လောဖာအား တာချီလိတ်မြို့မ ရဲစခန်းက မယ(ပ)၆၆/၂ဝ၁၉၊ မူး/စိတ် ဥပဒေပုဒ်မ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 73 times Last modified on Thursday, 16 May 2019 12:20