SJ WorldNews - шаблон joomla Авто

ကုန်းကြမ်းမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Monday, 27 May 2019 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၃ နာရီ မိနစ်၂ဝ ခန့်တွင် ကုန်းကြမ်းမြို့၏ အနောက်မြောက်ဘက်  မီတာ  ၅ဝဝ  ခန့်အကွာရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်အား ဝင်ရောက်ရှာဖွေရာ သံသေတ္တာအတွင်းမှ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်နှစ်ခု၊၎င်းကျည် ၁၈ တောင့်၊ ယမ်းပျော့ ၁၁ ထုပ်၊ဒီတိုနေတာ ၁၂ ခုနှင့် ၈၈ စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝ ပြား(မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ခန့်) တို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါလက်နက်၊ ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကုန်းကြမ်းမြို့မ ရဲစခန်းသို့   စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                          

(၁ဝဝ)

Read 56 times Last modified on Monday, 27 May 2019 08:07