SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မောင်တောမြို့ ၌ ARSA အကြမ်းဖက် အဖွဲ့ဝင် တစ်ဦး ဖမ်းဆီးရမိ

Tuesday, 28 May 2019 10:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၄) လိပ်ရ(မြောက်)ကျေးရွာ၌ မေ ၂၃ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် အူခီးယားမြို့နယ် ပါလောင်ခါလီကျေးရွာ ဆာမားကူဒုက္ခသည် စခန်းမှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ARSA အကြမ်းဖက်အဖွဲ့ဝင် မာမွတ်ဟာရှင်း(ခ)ဟာရှင်းမူလ္လာ ၂၂ နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ ၎င်းသည် မောင်တောမြို့နယ် ကျီးကန်းပြင်(တောင်)ရွာ၌ နေထိုင်ပြီး၂ဝ၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီး နောက်ရက်များတွင် မိဘများနှင့်အတူ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေး၍ ဆာမားကူဒုက္ခသည် စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် နေထိုင်စဉ် ARSA အဖွဲ့မှ ''မြန်မာနိုင်ငံသို့ပြန်လျှင်သတ်ပစ်မည်''ဟု ခြိမ်းခြောက်၍လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံသို့ ပြန်ရန်ဖြည့်စွက်ရမည့် ပုံစံများအား ချပြရှင်းလင်းခဲ့ခြင်း မရှိ၍လည်းကောင်း၊ မြန်မာနိုင်ငံသို့ပြန်မလာဘဲ ကော့ဘဇားမြို့၌ သုံးဘီးဆိုင်ကယ် မောင်းသည့်အလုပ် ခေတ္တသွားလုပ်ခဲ့ကြောင်း၊ အဆိုပါ ဒုက္ခသည်စခန်းတွင် ရှိနေသည့် ARSA တာဝန်ခံ မာဂျူဟာရ်၃၅ နှစ်နှင့် ယခင်က မောင်တောမြို့နယ်ဆောင်ပိုင်ညှာကျေးရွာတွင် နေထိုင်ခဲ့သည့် အက္ကရာ ၃ဝ နှစ်တို့မှ ဒုက္ခသည်စခန်းအား ထိန်းချုပ်အုပ်ချုပ်ထားပြီး ARSAအတွက် စည်းရုံးလူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၎င်းမှလည်း ၂ဝ၁၈ ခု နှစ်ဆန်းပိုင်းတွင် ARSA အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဆာမားကူဒုက္ခသည်စခန်းမှ ၎င်းပါ လူငယ် ၂ဝ ဦး၊ အခြားဒုက္ခသည်စခန်း အသီးသီးမှ ၃ဝ ဦး စုစုပေါင်း ၅ဝ ဦးတို့သည် အကြမ်းဖက် သင်တန်းအား ဆာမားကူဒုက္ခသည်စခန်း၌ပင် တစ်လသင်တန်းတက်ရောက်ခဲ့ကြောင်း၊ ၎င်း၏ သင်တန်းသားအမှတ်မှာ ARSA-34 ဖြစ်ပြီး သင်တန်းတွင် လက်နက်ငယ်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းနှင့် ကိုယ်ခံပညာများအား သင်ကြားခဲ့ရကြောင်း၊ သင်တန်းအတွက် လိုအပ်သောရိက္ခာပစ္စည်းများအား ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ရှိ ARSA အဖွဲ့အား ထောက်ခံသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရန်ပုံငွေကောက်ခံရယူ၍ ထောက်ပံ့ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် ၎င်းသည် ဆာမားကူဒုက္ခသည်စခန်းနှင့် အကြမ်းဖက် သင်တန်းများ၌ ကင်းစောင့်ရခြင်း၊ ရိက္ခာသယ်ဆောင်သည့် လုပ်ငန်းများ ဆောင်ရွက်ရကြောင်း၊ ကူတူပါလောင်ဒုက္ခသည်စခန်းနေ ဟာဆောင်း(စိစစ်ဆဲ)ဦးဆောင်သည့် ARSA အဖွဲ့မှ ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာနယ်ခြားစောင့်တပ်များအား နှစ်ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ကြားသိခဲ့ကြောင်း၊ ဆာမားကူဒုက္ခသည်စခန်းတွင် ၎င်းအပါအဝင် ARSA သင်တန်းဆင်းပြီးသူ ၄ဝ ခန့်ရှိပြီး တစ်ဆောင်လျှင် ရှစ်ဦးခန့်စီဖြင့် အခြားဒုက္ခသည်များနှင့်အတူ ရောနှော နေထိုင်ကြောင်း၊ စခန်းခေါင်းဆောင် အက္ကရာမှာ အိမ်ထောင်ရှိသော်လည်း ဒုက္ခသည်စခန်းတွင် ၎င်းကြိုက်သည့် မည်သည့်အပျို/အအိုမဆို အတူညခေါ်အိပ်လေ့ရှိပြီး ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၎င်း၏ညီမအရင်းဖြစ်သူ အန်ဆန်မူရာအား အက္ကရာက ညအိပ်ခေါ်သည့်ကိစ္စအား တားမြစ်သည်ကို မကျေနပ်၍ မေ ၂၂ ရက်တွင် အက္ကရာမှ ၎င်းအားမြေပြင်တွင် မှောက်ခိုင်းပြီး ဝါးရင်းတုတ်နှင့်ရိုက်သဖြင့် ၎င်းမှ အက္ကရာအား ခါးကြားတွင် ဝှက်ယူလာသည့် ဓားမြှောင်နှင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ငါးဖမ်းလှေတစ်စင်းအား တာကာငွေ ၂ဝဝဝ ပေး၍ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ခိုင်းပြီး နယ်စပ်ခြံစည်းရိုးအား ကျော်ဖြတ်၍ ကျီးကန်းပြင်(တောင်)ရွာရှိ ဦးလေးဖြစ်သူ ဇာဖောအာမတ်ထံ သွားရောက်ရန် ထွက်ခွာလာစဉ် လုံခြုံရေးအဖွဲ့များနှင့် တွေ့ရှိ ဖမ်းဆီးခံခဲ့ရကြောင်း ထွက်ဆိုသိရှိရသဖြင့် ၎င်းအား ကြိမ်ချောင်းနယ်မြေရဲစခန်း (ပ)၆/၂ဝ၁၉၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား

Read 47 times Last modified on Tuesday, 28 May 2019 10:03