SJ WorldNews - шаблон joomla Авто

The SUMMITER တောင်တက်အဖွဲ့မှ မစိမ့်ထက်၏ အလောင်းအား ရှာဖွေတွေရှိ

Tuesday, 28 May 2019 10:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၇

မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်ဇင်နိုင် ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါဝင်သည့် The SUMMITER တောင်တက်အဖွဲ့သည် အမြင့်ပေ ၁၄ဝ၂၂ ရှိ ဖန်ဂရမ်ရာဇီ ရေခဲတောင်သို့ တက်ရန်အတွက် ဧပြီ ၄ ရက်တွင် ရန်ကုန်မှပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်။ ၎င်းမှတစ်ဆင့် ဧပြီ ၆ ရက်မှစ၍ ဆက်လက် ထွက်ခွာခဲ့ရာ ဧပြီ ၁၂ ရက်တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတော်အလံလွှင့်ထူခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းများ ဆောင်ရွက်၍ တောင်အောက်သို့ ပြန်လည်ဆင်းသက်စဉ် အဖွဲ့ဝင် မစိမ့်ထက်မှာ ခြေချော်၍ တောင်အောက်သို့ ပြုတ်ကျပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ပြုတ်ကျ ပျောက်ဆုံးခဲ့သော မစိမ့်ထက်အား ပြန်လည်ရှာဖွေရန်အတွက် မြန်မာနိုင်ငံ တောင်တက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ဒေသခံပြည်သူရှစ်ဦးဖြင့် မေ ၁၈ ရက်မှစ၍ ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက် နံနက်ပိုင်းတွင် ဖန်ဂရမ်ရာဇီရေခဲတောင်အောက် ပေ ၁၁၈ဝဝ ခန့်တွင် မစိမ့်ထက်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့တွင် ပူတာအိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 103 times Last modified on Tuesday, 28 May 2019 12:25