SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

Tuesday, 28 May 2019 10:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် နမ့်ခိုင်-နမ့်ကွတ်ကြားရှိ ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် မော်တော်ယာဉ် ခြောက်စီးမှာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၂ဝဝ ခန့် အကွာရှိ မုန်းယုလေးလမ်းခွဲသို့ အရောက်၌ ဦးဇော်ဖုန်းဟိန်း(ခ) ဦးစောဖုန်းဟိန်း(ဘ)ဦးမောင် မောင်းနှင်ပြီး မနော်မျိုးမျိုး(ဘ)ဦးကျော်ကျော် လိုက်ပါလာသော လင်ကွန်းအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 4I/----ပေါ်မှ ပစ္စတိုတစ်လက်၊ ၉ မမကျည်ကိုးတောင့်၊ ၈၈ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားခြောက်ပြား၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြားတို့နှင့်လည်းကောင်း၊ ပရာဒိုအမျိုးအစား မော်တော်ယာဉ်သုံးစီး၊ လင်ခရူဇာ အမျိုးအစားမော်တော်ယာဉ်နှစ်စီး တို့ပေါ်တွင် တရားမဝင် တင်ဆောင်လာသော တမလန်းသစ် ၄ ဒသမ ၇ တန်ခန့်နှင့်အတူ ယာဉ်မောင်းငါးဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးအား ကွတ်ခိုင်မြို့မရဲစခန်းသို့ လည်းကောင်း၊ တရားမဝင်သစ် များနှင့်အတူ ဖမ်းဆီးရမိသူများအား ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လည်းကောင်း တရားဥပဒေအရ အရေးယူနိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Tuesday, 28 May 2019 10:07