SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဗန်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Wednesday, 05 June 2019 10:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၎

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံသာကျေးရွာနှင့် သံတံတားကျေးရွာအကြား သံတံတားကျေးရွာ၏မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာနေရာ၌ ဇွန် ၃ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် သံတံတားဘက်မှ မံသာဘက်သို့ ချစ်စန်းမောင်(ဘ)ဦးထွန်းဝင်း မောင်းနှင်လာသည့်  TANDA-125 အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်းဝှက်၍ သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၉ဝဝ ပြား(မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် ၅၈သိန်းခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား ဗန်းမော်မြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 41 times Last modified on Wednesday, 05 June 2019 10:26