SJ WorldNews - шаблон joomla Авто

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်၍ သုံးဦးသေဆုံး ၁ ဦးဒဏ်ရာရ

Sunday, 09 June 2019 16:53 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ်(၃၃/၁)နှင့်(၃၃/၂)ကြား ယင်းမာပင်ကျေးရွာအနီး၌ ဇွန် ၇ ရက် ညနေ ၇ နာရီက ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ယာဉ်တိမ်း မှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုတိယ ရဲအုပ်ရန်သိန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် ကြည့်ရှု စစ်ဆေးရာ မိတ္ထီလာ-တောင်ကြီး ကားလမ်း အတိုင်း   အရှေ့မှ အနောက်သို့ မောင်မောင်တင်(ခ) မြလှမောင်းနှင်သော 8K/-----Light Truck အဖြူရောင်ယာဉ်မှာ ဘရိတ် ပေါက်ကာ လမ်းဝဲ ဘက်ခြမ်းရှိ ကျောက်နံရံကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပါ အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၁ ဦးအနက် ဦးလှဖေ၊ဦးတင်အောင်နှင့် မမာဝင်းတို့မှာ သေဆုံးခဲ့ပြီး ခုနစ်ဦးမှာ  စိုးရိမ်ရဒဏ်ရာများရရှိသဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန် ၁၁ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ  ရရှိခဲ့၍    သာစည်ပြည်သူ့ဆေးရုံ၌  ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်မောင်တင်အား ယင်းမာပင်နယ်မြေရဲစခန်းက ယာဉ်(ပ)၁၂/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃ဝ၄(က)/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

(၄ဝ၂)

Read 91 times