SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ခရီးသည် တင်မှန်လုံယာဉ် တစ်စီး တိမ်းမှောက်

Thursday, 21 September 2017 11:01 font size decrease font size decrease font size increase font size increase font size

မိုးကောင်း စက်တင်ဘာ ၂ဝ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်းယမန်နေ့ ညနေ ၄ နာရီက ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာတိမ်းရှောင်ထွက် ပြေးလျက်ရှိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီက ယာဉ်မောင်း မြင့်အေး(ခ)ဖိုးလုံး ၄၂ နှစ်မောင်းနှင်သော YGN-9K/---ခရီးသည်တင်ယာဉ်သည် မြစ်ကြီးနားမှ မန္တလေးသို့ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီး မိုင်တိုင်အမှတ်(၄၂၅)နှင့်(၄၂၆)သို့ အရောက်တွင် အရှိန်လွန်ပြီး လမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်နှင့် အနီးတွင်ရပ်တန့်ထားသည့် ဆိုင် ကယ် တို့ကို ဝင်ရောက် တိုက်မိတိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်း ရှောင်သွားသည်။

ယာဉ်တိုက်မှုကြောင့် ဝင်ရောက် တိုက်ခံရသည့် ဆိုင်ကယ်ပြင် ဆိုင်အတွင်းရှိ ဆိုင်ကယ်နှင့် သုံးဘီးဆိုင် ကယ်တို့မှာ ငွေကျပ် ၁၄သိန်းကျော် ပျက်စီးဆုံးရှုံးကာ ဆိုင်ကယ်ပြင်ဆိုင်နှင့် လမ်း ဘေး တွင် ရပ်နေသည့် လူသုံးဦးမှာလည်း အနည်းငယ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဝင်များနှင့်စေတနာ လုပ်အားရှင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးနှင့် အမှုဖွင့် အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

Read 434 times Last modified on Thursday, 21 September 2017 11:51