SJ WorldNews - шаблон joomla Авто

ယာကွက်အတွင်း ဘဝဟောင်းမှ ရွှေငွေရမည်ဟု နတ်ပူးပြောဆိုကာ ရွှေအတုများဖြင့် လိမ်လည်သူအား အမှုဖွင်

Monday, 17 June 2019 10:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကံလှကျေးရွာ၌ ရွှေအတုများဖြင့် လိမ်လည်သူအား ဇွန် ၁၄ ရက်က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကံလှကျေးရွာနေ ဒေါ်အေးအေးဝင်း ၄၈ နှစ်နှင့် ခင်မင်ရင်းနှီးသူ တပ်ကုန်းမြို့အနော်ရထာရပ်ကွက်နေ မခင်သက်နွယ် (ခ)မနွယ် ၄၃ နှစ်သည် ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် င်း၏နေအိမ်သို့ ရောက်ရှိလာပြီး ဒေါ်အေးအေးဝင်းပိုင် ယာကွက်အတွင်း ဘဝဟောင်းမှ ရွှေ၊ ငွေရမည်ဟု နတ်ပူးပြောဆိုသဖြင့် တူးဖော်ကြည့်ရာ ရွှေလက်ကောက်များနှင့် ရွှေဆွဲကြိုးများ တူးဖော် ရရှိခဲ့သောကြောင့် ပွဲတော်ခငွေကျပ် တစ်သိန်းခွဲတောင်းခံခဲ့သည်။ င်းနောက် မခင်သက်နွယ်(ခ)မနွယ်မှာ နေအိမ်သို့

အကြိမ်ကြိမ် လာရောက်ခဲ့ပြီး နတ်ပူး၍ နေအိမ်ရှိခြင်းများ၊ ဘုရားစင်ပေါ်နှင့် ယာကွက်အတွင်း တို့မှ ရွှေရောင်တဘက်တစ်ထည်နှင့် လက်ဝတ်ရတနာစုစုပေါင်း ၁၅ မျိုး၊ အရှင်သီဝလိပုံတော်တစ်ဆူ၊ ဗမာဆေးမှုန့် ထုပ်ရှစ်

ထုပ်တို့အားရရှိခဲ့ပြီး အကြိမ် ၄ဝ ခန့်တူးဖော်ခအဖြစ် ငွေကျပ်သိန်း ၃ဝဝ ပေးခဲ့ရကြောင်း၊ ၂ဝ၁၉ ခုနှစ် ဇွန် ၁၂ ရက်တွင် အဆိုပါ ရွှေထည်ပစ္စည်းများအား ရွှေဆိုင်၌သွားရောက် စစ်ဆေးရာ ရွှေအတုများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးအေးဝင်းက မခင်သက်နွယ်(ခ)မနွယ်အား တိုင်တန်းသဖြင့် ရွှေမြို့နယ်မြေ ရဲစခန်းက(ပ)၃၆၅/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ရဲဇာနည်

Read 45 times Last modified on Monday, 17 June 2019 10:35