SJ WorldNews - шаблон joomla Авто

ရွှေထည်ပစ္စည်းနှင့် ငွေအချို့ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

Tuesday, 18 June 2019 10:07 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပိတောက်ကုန်း(တောင်)ကျေးရွာ၌ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီက ရွှေထည်ပစ္စည်းနှင့်ငွေအချို့ ပျောက်ဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့ ပိတောက်ကုန်း(တောင်)ကျေးရွာနေ သောင်းဌေး ၅ဝ နှစ်၏ မိသားစုနှင့် တစ်ရွာတည်းနေ မပြုံးစန်း ၃ဝ နှစ် မိသားစုတို့သည် တောင်ပေါ်သို့ ဝါးခုတ်သွားပြီး ကျေးရွာသို့ပြန်ရောက်စဉ် သောင်းဌေး၏ ဆွဲကြိုးနှင့် ငွေအချို့ ပျောက်ဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်၍ သောင်းဌေး၏ နေအိမ်၌ စကားများရန်ဖြစ်ကြရာ သောင်းဌေးက မပြုံးစန်းနှင့်¤င်း၏မိခင် ဒေါ်မိစံ ၆၁ နှစ်တို့နှစ်ဦးအား ဓားဖြင့်ခုတ်၍ ထွက်ပြေးသွားခဲ့သည်။

ထိုသို့စကားများရန် ဖြစ်မှုကြောင့် မပြုံးစန်းမှာ ငယ်ထိပ်၊ လည်ကုပ်၊ ဝဲ/ယာလက်နှစ်ချောင်းများ ပြတ်ရှဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ဒေါ်မိစံမှာ ယာပခုံး၊ ယာလက်ကောက်ဝတ်နှင့် တံတောင်ဆစ်ပြတ်ရှ ဒဏ်ရာများ (စိုးရိမ်ရ) ရရှိသဖြင့် ပုလဲမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Read 38 times Last modified on Tuesday, 18 June 2019 10:08