Print this page

မျက်နှာဖုံးအုပ်ထားသည့် အမည်မသိ အမျိုးသားတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အား သတ်ဖြတ်

Wednesday, 19 June 2019 22:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဇွန် - ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အလယ်ပိုင်းရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေအား ဇွန် ၁၈ ရက် ညပိုင်းတွင် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ  အမျိုးသားတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ကမ်းထောင့်ကြီးမြို့၊ အလယ်ပိုင်းရပ်ကွက်နေ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေသည် ဇွန် ၁၈ ရက်ညပိုင်းတွင် ၎င်း၏ နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ တီဗွီကြည့်နေစဉ် ည ၈ နာရီခွဲခန့်တွင် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ အမျိုးသား တစ်ဦး ရုတ်တရက် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ တိုက်ခိုက် ခဲ့သောကြောင့် ဦးသန်းမောင်ချေတွင် သေနတ်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာ၌ပင်သေဆုံးသွားခဲ့ကြောင်း၊မိသားစုများ၏ ပြောကြားချက်အရ လွန်ခဲ့သော တစ်လခန့်တွင် AA သောင်းကျန်းသူအဖွဲ့က ချိန်းခြောက်စာပေးပို့ခြင်း ခံခဲ့ရကြောင်း၊ ယခုလိုလာရောက်ပ စ်ခတ်သတ်ဖြတ်ခြင်းသည် AA သောင်းကျန်းသူအဖွဲ့က ပြုလုပ်သည်ဟု ယူဆရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကမ်းထောင့်ကြီးမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

                  

 

Read 41 times Last modified on Wednesday, 19 June 2019 22:52