SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်း ၅ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Thursday, 22 August 2019 09:12 font size decrease font size decrease font size increase font size increase font size

ရွှေကူ  သြဂုတ်  ၂၁

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ဝဝဝ ကျော် နှင့်အတူ ပတ်သက်ဆက်နွှယ်သူ ငါးဦးကို ယနေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၄ နာရီတွင် ဗန်းမော်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ကျော်မျိုးနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အမျိုးသမီး ရဲအရာရှိ ဒုတိယ ရဲအုပ်ဝေဝေသိန်း ဦးဆောင်သော အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံ သက်သေ များနှင့် ပူးပေါင်းကာ ရွှေကူမြို့နယ် စီမော်ကျေးရွာ သင်္ချိုင်းအနီး မူးယစ်ဆေးဝါးရောင်း ဝယ်နေကြောင်း သတင်းအရ သွားရောက် ရှာဖွေစဉ် သင်္ချိုင်းဇရပ်အနီး ရွာလမ်းမဘေး၌ စိုးဝင်းဦး၊ ကိုမျိုး(ခ)မျိုးဝင်း၊ ညွန့်မြိုင်၊ ကျော်ဇင်ဦးနှင့်  မနွယ်နွယ်ဝင်းတို့ ငါးဦးကို အစိမ်းရောင်ပီနံအိတ်ခွံအတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် WYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်  ဆေးပြား ၁၉ဝ ပြားစီပါ အထုပ်ငယ် ၈၉၅  ထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ဝဝ၅ဝ ပြား၊  အနက်ရောင်ကြွပ်ကြွပ် အိတ်အတွင်း   အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက်   88/1စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝ ပြားစီပါ   အထုပ်ငယ်  ၃ဝ အတွင်းမှ   စိတ်ကြွရူးသွပ်ဆေးပြား ၅၇ဝဝ ပြား စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၅၂၇၂၅ဝဝဝဝ ရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၅၇၅ဝ ပြားနှင့်အတူ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်သုံးစီးအား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး များ လက်ဝယ်တွေ့ရှိသူ ငါးဦးတို့ကို ရွှေကူ မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 62 times Last modified on Thursday, 22 August 2019 09:12